ဗထူး၊ ဗိုလ်မှူးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၅ -
 
== တပ်မတော်တွင်း ဝင်ရောက်ခြင်း ==
[[ဗမာ့လွတ်လပ်ရေးတပ်မတော်|ဗမာ့ လွတ်လပ်ရေး တပ်မတော်]] (ဘီအိုင်အေ) သည် ဂျပန်တပ်များနှင့် အတူ မြန်မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက် လာကာ ဗိုလ်မှူးကြီးရဲဘော်သုံးကျိပ်ဝင် လက်ျာ[[လက်ျာ၊ ဗိုလ် (ရဲဘော် သုံးကျိပ်)|ဗိုလ်လက်ျာ]] ဦးစီးသော တပ်မကြီးလည်း ထားဝယ်မြို့ကို သိမ်းပိုက်လိုက်သော အချိန်တွင် ဗိုလ်ဗထူးသည် နှစ်ဖက်မိဘ၊ ဇနီး သားသမီးများကို သတိမမူနိုင်ဘဲ ကိန်းအောင်းလျက် ရှိသော မျိုးချစ်စိတ်ဓာတ်ကြောင့် လွတ်လပ်ရေး တပ်မတော်သို့ ဝင်လိုက်၏။ တပ်သား ၁၅ ယောက်ကို အုပ်ချုပ်ရသော သာမာန် တပ်ကြပ်ကလေး ရာထူးကို ရသည်။
 
== လွတ်လပ်ရေးကြိုးပမ်းမှု ==
မြန်မာနိုင်ငံတွင်းမှ ဗြိတိသျှတို့ ထွက်ခွာ သွားပြီးနောက် ၁၉၄၂ ခု၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဖျက်သိမ်းကာ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ် ဖွဲ့စည်းသော [[ဗမာ့ကာကွယ်ရေးတပ်မတော်|ဗမာ့ ကာကွယ်ရေး တပ်မတော်]] တွင် [[အောင်ဆန်း|ဗိုလ်ချုပ် အောင်ဆန်း]] အား ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်သေနာပတိ ခန့်အပ်၍၊ ဗိုလ်မှူးရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူး အောင် ၊ [[ရန်နိုင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)|ဗိုလ်မှူး ရန်နိုင်]] ၊ ဗိုလ်မှူး ဇေယျ တို့အား တပ်ရင်များကို ဦးစီး စေပြီးလျှင်၊ တပ်ရင်း ၃ ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူး ရန်နိုင် ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင် တပ်ရင်း အမှတ် (၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီး ရာထူးဖြင့် တပ်ခွဲမှူး အဖြစ် တာဝန်ပေး ခန့်အပ်ခြင်း ခံရလေသည်။
[[File:BaHtoo23.jpg|thumb|]]
ဗမာ ကာကွယ်ရေး တပ်မတော် ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင် ဖွဲ့ခဲ့သည်။ ဗိုလ်ဗထူးအား ထိုတပ်တွင် ပြောင်းရွေ့ ထမ်းဆောင်စေ၍၊ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရပြီးလျှင် ဗိုလ်မှူး အဆင့်အတန်းသို့လည်း တိုးတက် ခန့်ထားခြင်း ခံရသည်။ ကသာနယ်၊ အင်းတော်နယ် တဝိုက် ဗြိတိသျှ လေထီး တပ်သားများ လှုပ်ရှားမှု ရှိသောအခါနှင့် အင်ဖား ချီတက်ရန် လမ်းပန်း အဆက်အသွယ်များ လိုအပ်သော အချိန်တွင် ဗိုလ်မှူး ဗထူး၏ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) သည် လမ်းပန်း ဖောက်လုပ်ရန်နှင့် လေထီးတပ်များနှင့် ရင်ဆိုင်ရန် မြောက်ပိုင်း စစ်မြေပြင်သို့ ထွက်လာရသည်။ အနေအထိုင် အစားအသောက် ဆင်းရဲခြင်း၊ ဆေးဝါး ရိက္ခာ ညံ့ဖျင်းခြင်း တို့ကြောင့် ရဲဘော်များ အဖျားအနာ ဖြစ်ပွား၍ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် ကြရလေသည်။ ဗိုလ်မှူး ဗထူး ကိုယ်တိုင်လည်း ငှက်ဖျားရောဂါ စွဲကပ်ခဲ့လေသည်။ ဆက်သွယ်ရေး မရရှိမှုတို့ကြောင့် ၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးလိုက်သည် ကိုပင် ဗိုလ်မှူး ဗထူးတို့ မသိလိုက်ဟု ဆိုသည်။