စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၇ -
== လွတ်လပ်ရေး ရပြီးခေတ် ကြိုးပမ်းမှု(၁၉၄၈-၁၉၈၅) ==
 
=== ၁၉၄၈-၁၉၈၅၁၉၆၂ အတွင်းကြိုးပမ်းမှု ===
ဦးစိန်ဝင်းသည် ၁၉၄၈ခုနှစ်၊ လွတ်လပ်ရေးရပြီး ခြေလျင်တပ်များ ဖွဲ့စည်းသောအခါ [[မင်္ဂလာဒုံ]]ရှိ ခြေလျင်တပ်ရင်း(၁)တွင် ဗိုလ်မှူးအဆင့်ဖြင့် ဒုတပ်ရင်းမှူး တာဝန် ပေးအပ်ခြင်းခံရသည်။ ကရင် သောင်းကျန်းသူ များ ထကြွ ပုန်ကန်ချိန်တွင် [[အင်းစိန်တိုက်ပွဲ]]၊ [[စာဗူးတောင်းတိုက်ပွဲ]] များ၌ ပါဝင် တိုက်ခိုက်ခဲ့သည်။ ၁၉၄၈ခုနှစ်တွင်ပင် ဒုဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရပြီး ခြေလျင်တပ်ရင်း(၁) တပ်ရင်းမှူးတာဝန် ဆက်လက် ထမ်းဆောင်သည်။ ၁၉၅၀ပြည့်နှစ်၊ ဇန်နဝါရိလ ၂၀ ရရက်နေ့တွင် [[ပထမအကြိမ် တပ်မှူးများညီလာခံ]] ၌ တပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ် တက်ရောက်ခဲ့သည်။<ref>မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(စတုတ္ထတွဲ)၊ ၁၉၄၈ − ၁၉၆၂ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၆) စာ ၁၃၃။ </ref> ၁၉၅၁ခုနှစ် တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ၌ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် လည်းကောင်း၊ ၁၉၅၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ခြေမြန် တပ်မဟာ(၃)မှူးအဖြစ်လည်းကောင်း တပ်မှူးညီလာခံသို့ တက်ရောက် ခဲ့သည်။၁၉၅၂တွင် တန်းမြင့် အရာရှိ သင်တန်းတက်ရန် [[အင်္ဂလန်]] နိုင်ငံသို့ သွားရောက်ခဲ့ သည်။ ၁၉၅၃ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့်ခံရပြီး တပ်မဟာ(၂)တပ်မဟာမှူး တာဝန် ထမ်းဆောင်သည်။ ၁၉၅၆ ခုနှစ် တွင် ပိုင်းလော့ သင်တန်းတက်ရန် [[ထိုင်းနိုင်ငံ]] သို့ သွားရောက်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် တပ်မဟာ(၄) တပ်မဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၅၈ခုနှစ်တွင် စစ်ရုံးချုပ်၌ တွဲဖက် စစ်ထောက်ချုပ် အဖြစ်လည်းကောင်း ထမ်းဆောင်သည်။ ဦးစိန်ဝင်းသည် ၁၉၅၈ခုနှစ်၊ [[အိမ်စောင့်အစိုးရ]] လက်ထက်တွင် အိုးအိမ်ဌာန၊ လမ်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာနများ၌ ဒုတိယ ဉက္ကဌ တာဝန် ထမ်းဆောင် ခဲ့သည့်အပြင် စစ်ပစ္စည်းကြီးကြပ် ရေးအဖွဲ့ဉက္ကဌ နှင့် တွဲဖက် စစ်ထောက်ချုပ် တာဝန်များ ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရသည်။ ၁၉၆၁ ခုနှစ် တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင် နေရာမှ ဗိုလ်မှူးချုပ် အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ စစ်တိုင်းများ ပြန်လည်ဖွဲ့စည်းသောခါ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။
 
=== ၁၉၆၂-၁၉၈၅၁၉၇၁ အတွင်းကြိုးပမ်းမှု ===
၁၉၆၂ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်း တာဝန်ယူသောအခါ [[တော်လှန်ရေး ကောင်စီ]]အဖွဲ့ဝင် ဖြစ်လာသည်။<ref>မြဝင်း၊ တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း (၁၉၄၁ မှ ၁၉၉၀ ပြည့်နှစ်အထိ)။ ၃ကြိမ် ရန်ကုန်၊ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း ၊ ၁၉၉၂။ စာ ၃၁။ </ref> ၁၉၆၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း တိုင်းမှူးအနေဖြင့် တပ်မှူး ညီလာခံတက်ရောက်ခဲ့သည်။<ref>မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(ပဉ္စမတွဲ)၊ ၁၉၆၂ − ၁၉၇၄ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၉) စာ ၁၂၃။</ref> ၁၉၆၃ ခုနှစ် တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ပါတီစည်းကမ်း ထိန်းသိမ်းရေး ကော်မတီဝင် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်သည်။ ၁၉၆၄ခုနှစ်တွင် တော်လှန်ရေး အစိုးရအဖွဲ့ ပြည်သူ့လုပ်ငန်း နှင့်အိမ်ရာ ဆောက်လုပ်ရေး ဌာန တာဝန်ခံ(ဝန်ကြီး)အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၇၁ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံ တွင် ပါတီ လုပ်ငန်း စိစစ်ရေး ကော်မတီ ဉက္ကဌ အဖြစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်းခံရသည်။