သခင်မြ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၂၆ -
မန္တလေးမြို့တွင် ကြေးနန်းကြိုးခွေများ ပျောက်ဆုံးမှုတစ်ခုဖြစ်လေသည်။ ထိုကြေးနန်း ခွေများကို ဂျပန်[[ကင်ပေတိုင်]]အဖွဲ့က မရမနေစုံစမ်းချက်ကြောင့်၊ နောက်ဆုံးတွင် ကြေးနန်းကြိုး ခွေများခိုးသော တရားခံကိုမိလေသည်။ ဤတွင် တရားခံက ဗမာ့တပ်မတော် စစ်လက်နက်ဌာန စစ်ဝတ်စစ်စား ဌာနမှူး [[ဗတင်၊ သခင် (လက်သီးပုန်း)|ဗိုလ်ဗတင်]](ယခုလက်ရှိဗိုလ်လက်ျာနှင့်တွဲဖက်၍ ပင်လယ်ငါးဖမ်း ကုမ္ပဏီတွင် လုပ်နေသူ)က ခိုးခိုင်းတယ် ဟူ၍ ဂျပန်အားထွက်ဆိုလေသည်။ ထို့ကြောင့်လည်း [[ဗမာ့ကာကွယ်ရေးတပ်မတော်]]ရုံး(ရန်ကုန်မြို့)သို့ ဂျပန်ကင်ပေတိုင် အဖွဲ့က ဗိုလ်ဗတင်အားသာ ဖမ်းဆီးပြီး မန္တလေးသို့ ခေါ်ဆောင်သွားလေသည်။ [[မန္တလေးမြို့]]သို့ရောက်သောအခါ ဂျပန်က ဗိုလ်ဗတင်အား ဖက်ဆစ်နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်းအမှုကို ပြုလေသည်။ နှစ်ရက်တစ်ခါထုတ်ပြီး ရိုက်နှက် စစ်ဆေးလေ၏။ ပြီးနောက် စစ်ဆေးသောဂျပန်က ခုကြေးနန်းကြိုးခွေတွေကို ဘယ်သူကခိုး ခိုင်းသလဲ.. ဗိုလ်အောင်ဆန်းကလား၊ ဗိုလ်နေဝင်းကလား၊ ဗိုလ်လက်ျာကလား ဟူ၍ အမျိုးမျိုး ရိုက်နှက်ပြီးမေးပါသည်။
ဂျပန်များရလိုသောအဖြေက ဗမာ့တပ်မတော်ထဲတွင် ဦးဆောင်နေသော ဗိုလ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လက်ျာ ဤအထဲမှ တစ်ယောက်ယောက်က ခိုးခိုင်းပါသည်ဟူသော အဖြေပင်ဖြစ်၏။ သို့မှသာလျှင် ဤခေါင်းဆောင်နေသူများကို ဆက်လက်၍ ဂျပန်ကဒုက္ခပေးနိုင်တော့မည်။ အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရသော ဗိုလ်ဗတင်ကလည်း အံကြိတ်၍ ခံပြီး ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လက်ျာတို့နဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်ကိုယ်တိုင်ကမခိုးခိုင်းပါဘူး။ ဒီကြေးနန်းကြိုးခွေပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး၊ ကျုပ်ကိုသတ်ရင်လဲ ခံပါ့မယ် ဟူ၍ ရဲရဲဝံ့ဝံ့ပင်ဆိုလေ၏။
ဤသို့ဗိုလ်ဗတင်ကို ဂျပန်များကမတရားနှိပ်စက်နေသည့်သတင်းများကို အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သော သခင်မြကသိရှိသွားလေသည်။ ထိုနောက်ပိုင်းတွင် ညှင်းပန်းနှိပ်စက်ခြင်းဒဏ်ကို မရှုမလှ ခံနေရသော [[ဗိုလ်ဗတင်]]ကို ဂျပန်က သတ်တော့မည်ဟူသော သတင်းဆိုးကြီးက ထွက်ပေါ်လာ တော့သည်။ ဖြတ်ထိုးဉာဏ် လွန်စွာကောင်းသော သခင်မြသည် ဗိုလ်ဗတင်ကို ဂျပန်ဖမ်းဆီးထားသည့် ပြဿနာနှင့်ပတ်သက်၍ အကြံတစ်ခုရရှိလေသည်။ ထိုစဉ်က ရန်ကုန်မြို့ဝယ် အလွန်ဩဇာတိက္ကမ ရှိသော ကင်ပေတိုင် အကြီးဆုံးဗိုလ်ချုပ်ကြီးမှာ မာဇူအိုကာဆိုသူဖြစ်၏။ သူသည်ရွှေပြားနှင့် ကြယ်ပွင့်တစ်ပွင့်ဖြစ်၏။ သူစီးလေသောကားမှာ ၇-ယောက်စီး ဒေါ့ကားဖြစ်ပြီး အလံရောင်မှာ အဝါဖြစ်၏။ သူ၏ဝါသနာမှာ ညနေတိုင်းလိုလို ဗဟန်း(ယခုအိုရိယင့်ကလပ်)ကန်တော်ကြီး နားတွင် ငါးမျှားချိတ်နှင့် လိပ်များကို မျှားလေ့ရှိသည်။ ဤဂျပန်ဗိုလ်ချုပ်ကြီး မာဇူအိုကာသည် ဂျပန်ပြည်၌ဇနီးတစ်ယောက်ရှိလေသည်။ ဇနီးအငယ်မှာ အလွန်ချော၍ သူအလွန်ချစ်မြတ်နိုးခြင်းကို ခံရသူဖြစ်သည်။ ထိုဇနီးငယ်ထံမှ ဂျပန်ပြည်တွင် သားယောက်ျားလေးတစ်ယောက် ဖွားမြင်ကြောင်း သူ့ထံသို့ စာတစ်စောင်လာ၏။ သည်သတင်းကောင်းကို သိပြီးဖြစ်နေသော ဂျပန်ကင်ပေတိုင် ဗိုလ်ချုပ်ကြီးသည် အလွန်ဝမ်းသာပြီး ပီတိသောမနဿ ဖြစ်နေချိန် ဖြစ်လေသည်။ ဤအကြောင်းကို သခင်မြကကောင်းစွာသိနှင့်ထားပြီး ဖြစ်လေသည်။ ထို့ကြောင့် တစ်နေ့သောအခါ သခင်မြသည် [[သခင်နု]] (ဝန်ကြီးချုပ်ဟောင်းဦးနုနောင်တွင် နိုင်ငံတော် ဝန်ကြီးချုပ်)၊ [[သခင်သန်းထွန်း]]([[ဗမာပြည်ကွန်မြူနစ်ပါတီ]]ခေါင်းဆောင် တောခိုနေသူ)တို့နှင့်အတူ ကင်ပေတိုင် ဗိုလ်ချုပ်ကြီး မာဇူအိုကာ၏အိမ်သို့ သွားရောက်ကြလေသည်။ ရောက်လျှင်ရောက်ချင်း သခင်မြက ဝမ်းသာကြည်နူးသောဟန်ဖြင့်-
 
ဗိုလ်ချုပ်ကြီး ခင်ဗျားသတင်းကို ကျုပ်တို့ကြားရတာဝမ်းသာပါတယ်။ ဒါကြောင့် ကျုပ်တို့ကို ထမင်းကျွေးရမယ်နော်။ အမှတ်မထင်ပြောလိုက်သော သခင်မြ၏စကားဆန်းကြောင့် မာဇူအိုကာသည် အံ့ဩသွား၏။ ပြီးနောက်မှ သတိရ၍ ဘာများဝမ်းသာစရာကြားထားလို့လဲ။