ပလိပ်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
'''ပလိပ်မြို့'''သည် "'မြို့ ပုဂံ၊ ရွာ ပလိပ်"'ဟူသော စာဆိုနှင့်အညီ ပလိပ်ရွာသည် [[မန္တလေးမြို့]] အနီး၊ [[မြစ်ငယ်မြစ်]]ဘေးတွင် တည်ရှိသည်။ ရှေးယခင် ဘုရင်မင်းများ လက်ထက်တွင် စည်ပင်သာယာခဲ့သော မြစ်ဆိပ်ကမ်း ရွာလေးပင်ဖြစ်သည်။ ပလိပ်သည် အမရပူရခေတ်တွင် အစည်ကားဆုံး ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ ရှေးခေတ် ရေကြောင်းခရီး အားထားချိန်တွင် မြစ်ငယ်မြစ်ကို ဖြတ်သန်းကာ အင်းဝ၊ အမရပူရ၊ မန္တလေးနှင့် အခြားဒေသများအထိပါ ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့သည့် နေရာပင်ဖြစ်သည်ဟု ဆိုထားသည်။
 
ပလိပ်တွင် ရှမ်းကုန်းပြင်မြင့်မှ ရှမ်းကုန်သည်များ၊ မြေလတ်ပိုင်းမှ ကုန်သည်များ ကုနစည်ဖလှယ် ရောင်းဝယ်ရာ နေရာဖြစ်သည်နှင့်အညီ စေတီပုထိုးများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ စေတီများမှာ ဘုရားပရိဝုဏ်တစ်ခုအတွင်း စေတီတစ်ဆူတည်း တည်ထားခြင်းမျိုး မဟုတ်ဘဲ ဘုရားပရိဝုဏ်ထဲတွင် စေတီပုထိုးများစွာကို နေရာလပ်မရှိ တည်ထားခြင်း ဖြစ်သည်။ စေတီပုထိုး လက်ရာများစွာရှိပြီး အထူးသဖြင့် [[အင်းဝခေတ်]] လက်ရာများ နှင့် [[အမရပူရခေတ်]]လက်ရာများကို တွေ့မြင်နိုင်သည်။ <ref>မန္တလေးနေ့စဉ်သတင်းစာ၊ (၂၉.၁၂.၂၀၁၇) စာ-၁၈</ref>
 
 
ယခုအခါ ပလိပ်အား ရှေးဟောင်းဇုံ တစ်ခုအဖြစ် သတ်မှတ်ထားသည်။ လှပသော ကနုတ်လက်ရာများ၊ ရှေးဟောင်းအုတ်သိမ်များနှင့် ထူးခြားသော လက်ရာမျိုးစုံ၊ ဗုဒ္ဓရုပ်ပွားတော်မျိုးစုံကို လေ့လာဖူးမြော်နိုင်သော နေရာအဖြစ် ထင်ရှား၍ ကနုတ်ပန်း လက်ရာ အကောင်းဆုံး ဖြစ်သည့် အောင်ဇေယျာသိဒ္ဓိစေတီတော်ကို ဓာတ်ပုံပညာရှင်များ၊ ဓာတ်ပုံသင်တန်းဆင်းများမှ အစ အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းစေတီ ပုထိုးလက်ရာများကို မှတ်တမ်းရိုက်ယူမှု ပိုမိုများပြားလာသည်။ <ref>မန္တလေးနေ့စဉ်သတင်းစာ၊ (၂၉.၁၂.၂၀၁၇) စာ-၁၈</ref>
==ထင်ရှားသော စေတီပုထိုးများ==
#
#
#
==ကိုးကား==
 
== ကိုးကား ==