ထန်းတက်လုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:အလုပ်အကိုင်များ using HotCat
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၉ -
ထန်းတက်ခြင်းလုပ်ငန်းသည် တစ်ရက်မှ ပျက်၍မရသောလုပ်ငန်း ဖြစ်သည်။ နေ့စဉ်ထန်းလှီးပေးရသည်။ ရက်ကျော်ပါက ထန်းမထွက်တော့ပေ။ ပထမဦးစွာ ထန်းပြင်၊ ထန်းလှီးသည်နှင့် ထန်းရည်မိုး တင်ပေးရသည်။ ထန်းတစ်ပင်လျှင် ထန်းရည်အိုး လေးလုံးမှ ခြောက်လုံးအထိ ထန်းစပေါ် မူတည်၍ တင်ပေးရသည်။ ထန်းစတစ်ချောင်းလျှင် တစ်နေ့ [[ထန်းရည်]]တစ်မြူခန့် ထွက်သည်။ ထန်းကို နံနက်နှင့်ညနေ တစ်နေ့လျှင် နှစ်ကြိမ် တက်ပေးရသည်။ ထန်းသမား တစ်ဦးလျှင် တစ်နေ့ ထန်းပင် ၄၀မှ ၅၀ ခန့်အထိ တက်နိုင်သည်။
 
ထန်းရည်ရလာပါက ထန်းရည်များကို ဒယ်အိုးများအတွင်း ထည့်ကာကျိုပေးရသည်။ ထန်းလျက်ကျိုရာတွင် ထင်းကောင်းကောင်းဖြင့် မီးထိုးကာ ဒေသအခေါ် ဖိုက်လာသည်အထိ ဆင့်ကဲခတ်ယူ မီးထိုးပြီး ပြစ်သွားမှ မီးဖိုပေါ်မှ ချကာ မွှေပေးရသည်။ ပြစ်ခဲလာပါက [[ယောက်မ]]နှင့် ခပ်ကာ ထန်းလျက်လုံးလေးများ လုံးပေးကြရသည်။
 
ထန်းတက်ရာတွင် ထန်းရာသီ စတင်သည်မှ စကာ ထန်းတုန်းသည်အထိ ထန်းဖို၊ ထန်းမ၊ သီးယဉ်ဟူ၍ သုံးမျိုးခွဲ တက်ကြသည်။ ထန်းဖိုကို [[ပြာသိုလ]]၊ [[တပို့တွဲ]]လမှ စတက်ပြီး ထန်းမကို [[တန်ခူးလ]] တွင် တက်ကြသည်။ သီးယဉ်ကို [[ကဆုန်လ]] နောက်ပိုင်းမှ [[ဝါဆိုလ]]ကုန်အထိ တက်ကြသည်။
<ref>မန္တလေး နေ့စဉ်သတင်းစာ (၂၉.၁၂.၂၀၁၇) စာ-၁၇</ref>