အနော်ရထာ: တည်းဖြတ်မှု မူကွဲများ

→‎သာသနာပြုခြင်း: သဒ္ဒါပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
စာကြောင်း ၃၃ -
 
== တိုင်းပြည်အတွက် ကြိုးပမ်းပုံ ==
အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် သြဇာဩဇာ ပြန့်နှံ့ရာအရပ်မှာ ယခု [[မန္တလေး]]၊ [[မိတ္ထီလာမြို့|မိတ္ထီလာ]]၊ [[မြင်းခြံ]]၊ [[ကျောက်ဆည်]]၊ [[ရမည်းသင်း]]၊ [[မကွေး]]၊ [[စစ်ကိုင်း]]၊ [[ကသာ]]၊ [[ပခုက္ကူ]]၊ [[မင်းဘူး]]တဝိုက်မျှသာ ကျယ်ဝန်းဟန် တူသည်။
 
အနော်ရထာမင်းကြီးသည် နန်းတက်သည်နှင့် တပြိုင်နက် နိုင်ငံစီးပွားရေးနှင့် စစ်အင်အားကို စည်းရုံးခဲ့သည်။ စီးပွားရေးအင်အား တောင့်တင်းရန်အတွက် ကျောက်ဆည်နယ်၌ တူးမြောင်းများကို စနစ်တကျ ဆည်ဖို့စေလျက် [[မြစ်ငယ်မြစ်]]၊ [[ပန်းလောင်မြစ်]]နှင့် [[စမုန်မြစ်]]တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါးကောက်ပဲသီးနှံ အများအပြား ထွက်အောင် စီမံခန့်ခွဲခဲ့သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာလေသည်။