အင်းဝမြို့: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး) |
||
စာကြောင်း ၆၈ -
== အင်းဝမြို့ သမိုင်း ==
===ပထမအင်းဝ===
အင်းဝမြို့ကို စတင်တည်ထောင်သူမှာ [[အင်းဝမင်းဆက်]]ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် [[သတိုးမင်းဖျား]] ဖြစ်သည်။ သတိုးမင်းဖျားသည် [[ပင်းယမြို့]]နှင့် [[စစ်ကိုင်းမြို့]]များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။ ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။ ဧရာဝတီ၊ ဒုဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟု၎င်း၊ နန်းတော်အား ရွှေဘုံသာ ဟု၎င်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ [[မဂဒူး မင်းဆက်]]နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ [[မင်းကြီးစွာစော်ကဲ]]မှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်[[ပထမမင်းခေါင်|မင်းခေါင်]] လက်ထက်များအထိ [[ဟံသာဝတီ]] မွန်ဘုရင် [[ရာဇာဓိရာဇ်]] နှင့် [[အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်]] ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် [[ရွှေနန်းကျော့ရှင်နရပတိ]] လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် [[မိုးညှင်းစလုံ]] နှင့် ၎င်း၏သား [[သိုဟန်ဘွား]]တို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် [[မင်းကြီးရန်နောင်]]က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား
===ဒုတိယအင်းဝ===
|