ခင်ညွန့် (ဗိုလ်ချုပ်ကြီး): တည်းဖြတ်မှု မူကွဲများ

စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး)
စာကြောင်း ၄၅ -
[[၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး)|၁၉၈၈ အရေးအခင်း]]နောက် ၁၈-၀၉-၁၉၈၈ တွင် [[နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့]] (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၎င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်။ ၎င်းနောက် ၁၉၉၁ တွင် ဗိုလ်ချုပ် ၁၉၉၃ တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၎င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို တိုးချဲ့လာခဲ့သည်။ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် [[စိန်ရတု]] နှင့် မြို့မကျောင်း [[စိန်ရတု]]တွင် ဦးဆောင် ပါဝင်ခဲ့သည်။ ၁၉၉၇ တွင် [[နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]] တွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေး မှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
 
ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂၀၀၃) ရက်နေ့မှ (၁၈-၉-၂၀၀၄) ရက်နေ့အထိ နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် စစ်အစိုးရခေတ်တွင် ဩဇာအကြီးမားဆုံး ဖြစ်သော အတွင်းရေးမှူး(၁)၊ တပ်မတော်ထောက်လှမ်းရေး မှူးချုပ်(ကကလှမ်း)၊ စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှုးကွပ်ကဲရေးမှူး နှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
 
နိုင်ငံတော်အစိုးရအဆက်ဆက်အား လက်နက်ကိုင်တိုက်ခိုက်ခဲ့သော သောင်းကျန်းသူအဖွဲ့ (၂၀) ကျော်နှင့် ငြိမ်းချမ်းရေးရယူပေးခဲ့ကာ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။