ဂျိုးဇတ် စတာလင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စတာလင်၊ ဂျိုးဇတ် စာမျက်နှာကို ဂျိုးဇတ် စတာလင် သို့ NayiMuuက ရွှေ့ခဲ့သည်: name sort
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး)
စာကြောင်း ၃၉ -
== အာဏာရယူခြင်း ==
 
၁၉၁၇ ခုနှစ်တွင် ဇာဘုရင် အရေးနိမ့်၍ ရုရှတော်လှန်ရေးသမားများဖြစ်သော ဗော်လရှီဗစ်တို့ အာဏာရလာသောအခါ စတာလင်သည် လီနင်ဦးစီးသော ဆိုဗီယက် အစိုးရအဖွဲ့သစ်တွင် လူမျိုးစုရေးရာဝန်ကြီး ဖြစ်လာသည်။ ရှေ့ဆုံးမှဦးဆောင်သူ မဟုတ်သော်လည်း နောက်ပိုင်းကာလများတွင် အလွန်တက်ကြွစွာ လှုပ်ရှားလာသည်။ ဘုရင်စနစ်ကို ဆက်လက်ထားရှိလိုသော ရုရှဖြူများသည် ဗော်လရှီဗစ်တို့၏ ဆိုဗီယက်အစိုးရကို ပုန်ကန်လေရာ စတာလင်သည် ဆိုဗီယက် အစိုးရဘက်မှ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သဖြင့် ထင်ရှားလာကာ တော်လှန်ရေး စစ်ဦးစီးအဖွဲ့ဝင်တစ်ဦး ဖြစ်လာလေ၏။ သို့ဖြင့် ၁၉၂၂တွင် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှုးချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသည်။ ထို့ကြောင့် ဩဇာကြီးသူဖြစ်လာသည်နှင့်အညီ နောင်တွင် ပြိုင်ဘက်ကင်းအာဏာရှင်ဘဝကို တက်နိုင်ရန် ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။
 
'''လီနင်'''မကွယ်လွန်မှီကပင် စတာလင်ကို မနှစ်မြို့ကြောင်း အထင်အရှားပြခဲ့ပြီး ရာထူးမှထုတ်ပယ်ရန်လည်း စိတ်ကူးရှိခဲ့သည်။ မိမိအားဆက်ခံရန်အတွက် '''လီယွန်ထရော့စကီ''' ကိုလိုလားသည်။ သို့သော် ၁၉၂၄တွင် လီနင်ကွယ်လွန်သည်နှင့် ထိုအချက်များမှာ စတာလင်၏ မထီမဲ့မြင်ပြုခြင်းခံရတော့သည်။ ပါတီအာဏာကိုလည်း အတွင်းပိုင်းမှ အရာရောက်သည့် '''လက်ဖ်ကာ မိနက်ဖ်'''၊ '''ဂရီဂိုရီ ဇိနောဖစ်ဗ်''' တို့နှင့် ပူးပေါင်းပြီး သုံးဦးကော်မတီဖွဲ့ကာ ချုပ်ကိုင်ထားသည်။ နောက်အချိန်တိုအတွင်း ထရော်စကီနှင့် သူ၏နောက်လိုက်များကို ဖယ်ရှားပြီးနောက် မိနက်ဖ်နှင့် ဇိနော်ဖစ်ဗ် တို့ကိုပါ နှိပ်ကွက်သည်။ စတာလင်သည် ထိုရာထူးကို မိမိဆက်ခံနိုင်ရေးအတွက် လီနင်မကွယ်လွန်မီက ရရှိလိုက်သော ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို လက်ဝယ်ထားလျက် လီယွန်ထရော့စကီအား လီနင်ဝါဒသွေဖည်ရေးသမား ဟု ကျေညာကာ ကွန်မြူနစ်ပါတီမှ၎င်း၊အစိုးရအဖွဲ့မှ၎င်း ထုတ်နုတ်၍ နိုင်ငံခြားသို့ နှင်လိုက်လေသည်။ ထိုသို့ ပါတီတွင်း လူကြိုက်များသူများနှင့် နောက်လိုက်များကို ရှင်းလင်းပြီးနောက်တွင် စတာလင်သည် မိမိစိတ်တိုင်းကျ လမ်းစဉ်များကို ချမှတ်အုပ်ချုပ်သည်။ ထိုမှမကြာမှီပင် ပါတီတွင်းမှမိမိကိုထောက်ခံသူ လက်ယာယိမ်းများအား ခြေမှုန်းပြန်သည်။ ဤသို့ဆိုလျှင် ၁၉၃၄ မှ စကာ စတာလင်တစ်ယောက် ဆိုဗီယက်ပြည်ထောင်စု၏ တစ်ဦးတည်းသော အာဏာရှင်ဖြစ်လာတော့သည်။