မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ, -စျ +ဈ)
စာကြောင်း ၅ -
မဟာစည်ဆရာတော် အလောင်းအလျာဖြစ်သူသည် ၁၂၆၆-ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄-ခု သောကြာ နေ့နံနက် (၃)နာရီခန့်အချိန်၌ ရွှေဘိုမြို့ အနောက်ဘက် ခုနစ်မိုင်ကွာ ဆိပ်ခွန်ရွာ ခမည်းတော် ဦးကံတော်+ မယ်တော်ဒေါ်အုပ် တို့မှ ဖွားမြင်တော်မူပါသည်။
 
ခြောက်နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ် အထံ၌ တပည့်ခံလျက် မြန်မာစာရေး စာဖတ်ပညာကို ဆည်းပူးခဲ့ ပါသည်။ ၁၂-သားအရွယ်တွင် မိဘနှစ်ပါးတို့က ရပ်ရွာထုံးစံအရ ရှင်ပြုမင်္ဂလာအခမ်းအနားပြု၍ အရှင်အာဒိစ္စမထေရ်ထံ၌ပင် ရှင်သာမဏေ ပြုလျက် ချီးမြောက်ခဲ့ပါသည်။ ဥပဇ္စျာယ်ဆရာတော်ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စမထေရ်မြတ်က သာမဏေငယ်၏ ဉာဏ်ပညာ အရည်အချင်းကို ချင့်ချိန်၍ ရှင်သောဘန ဟု ဘွဲ့အမည် ပေးတော်မူခဲ့ပါသည်။
 
ဥပဇ္စျာယ်ဆရာတော်ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စမထေရ်သည် ပါဠိစာပေအခြေခံဖြစ်စေရန် ဇာတ်ကြီးဆယ်ဘွဲ့ကို သင်စေရာတွင် ဉာဏ်ပညာထက်မြက်ခြင်းကို အကြောင်းပြု၍ မဟော်သဓာဇာတ်ပါဌ်အနက်ကို အထူးမကျက် ရတော့ဘဲ ဆရာ့အထံ၌ သင်ယူယင်းပင် နှုတ်တက်အာဂုမ်ရလျက်ရှိခဲ့ပါသည်။ ထို့အပြင် ဝိနည်းပါဠိတော်ကို အနက်ဖော်သင်ယူရာ၌လည်း သင်ယူယင်းပင် ထိုပါဠိတော်ကို အာဂုမ်နှုတ်တက်ရခဲ့ပါသည်။
 
၁၆-နှစ်အရွယ်တွင် ရှင်သောဘနသည် ဆရာမရှိဘဲ ဂဏန်းသင်္ချာစာအုပ်များကိုသာ ကြည့်ရှု၍ ဂဏန်းသင်္ချာ ကို တတ်မြောက်အောင် လေ့လာခဲ့ပါသည်။ ယင်းဂဏန်းသင်္ချာကို တတ်မြောက်ခဲ့သောကြောင့် နောင်ကာလ ဆန်းကျမ်းကို သင်ယူစဉ် ပတ္ထရာဖြန့်နည်း (အတန့်ပျောက်ရှာနည်း) စသည်တို့ကို လွယ်ကူစွာဖြင့် သဘောပေါက်ခဲ့ပါသည်။
စာကြောင်း ၁၅ -
===ရဟန်းဘဝ===
 
၁၂၈၅-ခုနှစ် တန်ဆောင်းမုန်းလပြည့်ကျော် (၄)ရက် (၂၆-၁၁-၂၀၀၉ )ခုနှစ် ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော် ဒေါ်သစ် တို့၏ ပစ္စယာနုဂ္ဂဟနှင့် ဥပဇ္စျာယ်ဆရာတော်ဥပဇ္ဈာယ်ဆရာတော် ထန်းစဉ်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနုသာသကနှင့် ပထမကမ္မဝါဆရာတော် သူကြီးကျောင်း အရှင်ပရမ မထေရ်စသော ဥပသမ္ပဒကံဆောင် သံဃာတော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ် သို့ ရောက်တော်မူခဲ့ပါသည်။
 
ရဟန်းဖြစ်ပြီးနောက် အရှင်သောဘနသည် ပရိယတ်စာပေများကို သင်ယူပို့ချနေရင်းပင် ပဋိပတ်ကို လိုလားသဖြင့် ရုက္ခမူဓုတင် နိသဇ်ဓုတင် ပဏ္ဍိပါတ်ဓုတင် များကို လေးလပတ်လုံး ဆောက်တည်ကျင့်သုံးနေခဲ့ပါသည်။
စာကြောင်း ၄၉ -
၁၃၁၄-ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာကိစ္စများကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။ ဆဋ္ဌသင်္ဂါယနာကို ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ်အထိ ပါဠိတော် သင်္ဂါယနာအဖြစ်ဖြင့်လည်းကောင်း၊ ၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ, ဋီကာသင်္ဂါယနာ အဖြစ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြပါသည်။ မဟာစည်ဆရာတော်သည် ထိုသင်္ဂါယနာလုပ်ငန်းကြီးတွင် ၁၃၁၄-ခုနှစ်စ၍ ပဓာနကျသော နေရာများ၌ ပါဝင်ဆောင်ရွက် တော်မူ ခဲ့ပါသည်။ သင်္ဂါယနာတင်မည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ရိုက်နှိပ်ရာတွင် နောက်ဆုံးကြည့်ရှု သုတ်သင်ပြင်ဆင်ရသောတာဝန်ကို အခြားဆရာတော်များနှင့်အတူ ဆောင်ရွက်တော်မူခဲ့ပါသည်။ သင်္ဂါယနာ တင်ရာ၌ ထိုထိုသုတ်စသည်တို့ ဘုရားဟောအစစ်အမှန် ဟုတ်မဟုတ် မေးစိစစ်ရ၊ ဖြေရသည့်လုပ်ငန်းလည်း အရေးတကြီးပါဝင်ခဲ့ရာ ပထမသင်္ဂါယနာ တင်စဉ်က အရှင်မဟာကဿမထေရ်မြတ်ကြီးသည် မေးစိစစ်သော တာဝန်ကို တာဝန်ယူခဲ့ရပါသည်။ ထိုမထေရ်မြတ်ကြီးနည်းတူ မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ သဘင်ပွဲကြီး၌ မေးစိစစ်ရသောတာဝန်ကို ထမ်းဆောင်တော်မူခဲ့ရပါသည်။ ထို့နောက် အဋ္ဌကထာ၊ ဋီကာတို့ကို သင်္ဂါယနာတင်ရာ၌ စီစစ်လျှောက်ထားရသောတာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ အဋ္ဌကထာသင်္ဂါယနာ၌ မဟာစည်ဆရာတော်၏ စီစစ်လျှောက်ထားချက်တို့ကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က “သင်္ဂါယနာစိစစ် ခဏ်း" အမည်ဖြင့် စာအုပ်ရိုက်နှိပ်ဝေပြီး ဖြစ်ပါသည်။
 
မဟာစည်ဆရာတော်ဘုရားသည် ၁၃၁၁-ခုနှစ်၌ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ဖြင့် ဝေဝေဆာဆာရှိလှသော မဟာသတိပဋ္ဌာနသုတ်နဿိယကို ရေးသားတော်မူခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာတင်နေစဉ်အတွင်း ဝန်ဆောင် သံဃာအဖွဲ့၏ တာဝန်ပေးချက်အရ (ဆရာတော်သည် ဝန်ဆောင်သံဃာ့အဖွဲ့ဝင်လည်း ဖြစ်ပါသည်) ဝိသုဒ္ဓိမဂ် ကျမ်း၏ နိဒါန်းကျယ်ကြီးကို ပါဠိဘာသာဖြင့်ရေး၍ ဆဋ္ဌသင်္ဂါယနာဝန်ဆောင်သံဃာ့အဖွဲ့အား တင်ပြရာ ယင်းအဖွဲ့ကြီးက နှုတ်ပယ်ဖြည့်စွက်ခြင်းမရှိဘဲ လက်ခံအတည်ပြု၍ ထုတ်ဝေဖြန့်ချီစေခဲ့ပါသည်။ထုတ်ဝေဖြန့်ချိစေခဲ့ပါသည်။ ဝိသုဒ္ဓိမဂ္ဂ နိဒါနကထာဟုခေါ်သော ထိုပါဠိနိဒါန်းကြီးကား မဟာစည်ဆရာတော်၏ ပါဠိအရေးအသား စွမ်းရည်နှင့် အထွေထွေဗဟုသုတကြွယ်ဝပုံကို ထင်ရှားစေသောကျမ်းဖြစ်ပြီး တိုင်းတစ်ပါးသား ပါဠိစာပေပညာရှင်တို့ကပင် ချီးကျူးအပ်သော ကျမ်းကြီးဖြစ်သည်ဟု သိရပါသည်။
 
၁၃၂၂-ခုနှစ်မှစ၍ မဟာစည်ဆရာတော်သည် ဝိသုဒ္ဓိမဂ်ကျမ်းကို ပို့ချယင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ နဿိယကျမ်းကြီးကို ရေးသားပြုစုတော်မူခဲ့ပါသည်။ ဝိသုဒ္ဓိမဟာဋီကာကျမ်းကြီးကာ သမယ္တရဟုခေါ်သော ဟိန္ဒူဒဿနရေးရာများကို ထည့်သွင်းရည်ညွှန်းဝေဖန်ရေးသားထားသော ကျမ်းဖြစ်၍ အချို့နေရာတို့၌ အနက်သိရန်ပင် ခက်ခဲလှသော ဋီကာဖြစ်ပါသည်။ မဟာစည်ဆရာတော်သည် သက္ကတဘာသာ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားထားသော သက်ဆိုင်ရာဖီလိုဆိုဖီခေါ် ဒဿနကျမ်းများကို ပိုင်နိုင်အောင် ကြည့်ရှုလေ့ လာပြီးမှ ဝိသုဒ္ဓိမဂ်မဟာဋီကာနဿိယကျမ်းကြီးကို ရေးသားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုနဿိယကျမ်း ကြီးသည် စာမျက်နှာငါးရာခန့်ရှိ စာအုပ်ကြီး (၄)အုပ်ရှိသည်အထိ ကျယ်ဝန်းပါသည်။ ဝိသုဒ္ဓိမဂ်မြန်မာပြန် ကျမ်းကိုလည်း ဆရာတော်သည် ၁၃၂၃-ခုနှစ်မှစ၍ ရေးသားခဲ့ပါသည်။ ထိုကျမ်းလည်း စာမျက်နှာ ငါးရာကျော်ရှိ စာအုပ်ကြီး(၄)အုပ်အထိ ကျယ်ဝန်းပါသည်။