စန်းယု (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး)
စာကြောင်း ၄၇ -
 
==တပ်မတော်သို့ ဝင်ရောက်ခြင်း==
ဦစန်းယုသည် ၁၉၄၂ ခုနှစ်တွင် [[ဗမာ့လွတ်လပ်ရေးတပ်မတော်]] (ဘီ-အိုင်-အေ)သို့ ပြည်မြို့မှ ဝင်ရောက်သည်။ ဂျပန်စစ်အရာရှိများ သင်ကြားပေးသည့် အခြေခံစစ်ပညာသင်တန်းများ တက်ရောက်ပြီးနောက် ဒုဗိုလ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဧရာဝတီမြစ်ကြောင်းမှ ဗန်းမော်အထိ စစ်ကြောင်းချီတက်ရာတွင် ပါဝင်ပြီး [[မန္တလေး]]တွင် တပ်များစုရုံးသည်။ တော်လှန်ရေး မတိုင်မီကပင် [[ဗမာ့ကာကွယ်ရေးတပ်မတော်]] (ဘီ-ဒီ-အေ) တပ်ရင်း ၂ တွင် တပ်ရင်းမှုးအဖြစ်တပ်ရင်းမှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဖက်ဆစ်တော်လှန်ရေးတွင် ချေမှုန်းတိုက်ခိုက်ရေးနှင့် အနောက်တိုင်းစစ်ဌာနချုပ်၏ လုံခြုံရေးတာဝန်များ ထမ်းဆောင်သည်။ ပဲခူးရိုးမဘက် တိုင်းစစ်ဌာနချုပ်စစ်ဆင်ရေးတွင် ရှေးဦးချီတပ်ရင်းကို ဦးဆောင်ပါဝင် တိုက်ခိုက်သည်။ ဖက်ဆစ်တော်လှန်ရေးပြီးဆုံး၍ မျိုးချစ်ဗမာ့ တပ်မတော် ဖျက်သိမ်းသည်အထိ တာဝန်ထမ်းဆောင်သည်။
 
ဦးစန်းယုသည် ၁၉၄၆ ခုနှစ်တွင် အမှတ် ၃ ဗမာ့သေနတ်ကိုင်တပ်ရင်း၌ ဒုတိယဗိုလ်အဆင့်ဖြင့် တပ်စုမှူးအဖြစ် တပ်မတော်တာဝန်ကို စတင်ထမ်းဆောင်သည်။ Junior Officer Course (J. O. C) နှင့် U E O S Course No. 4 တက်ရောက်ပြီးနောက် ဖျာပုံခရိုင်တွင်မငြိမ်မသက်ဖြစ်၍ နှိမ်နင်းရေး တာဝန်ယူရသည်။