နျူကလီးယားစွမ်းအား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
စာကြောင်း ၆၅ -
နျူကလီးယားစွမ်းအားငြင်းခုံမှုသည် ကြာရှည်အငြင်းပွားမှု အကြောင်းဖြစ်ပြီး၊ ယင်းအငြင်းပွားမှုသည် အရပ်ဘက် အသုံးပြုရန် ရည်ရွယ်ချက်များအတွက် နျူကလီးယားလောင်စာမှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မည့် နျူကလီးယား ဓာတ်ပေါင်းဖိုများ သုံးစွဲမှုနှင့် နေရာချထားမှုတို့ကို လွှမ်းခြုံထားသည်။ နျူကလီးယားစွမ်းအားအကြောင်း ငြင်းခုံမှုသည် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၊ ထိုအချိန်တွင်ပင် ငြင်းခုံမှုသည် နိုင်ငံအချို့တွင် “နည်းပညာအငြင်းပွားမှုများ သမိုင်းတွင် မကြုံဖူး၊ မကြားဖူးလောက်အောင် ပြင်းထန်သောမှတ်တမ်းဝင် သွားသည်။”
 
နျူကလီးယားစွမ်းအားသည် ရေရှည်တည်တန့်သော စွမ်းအားအရင်းအနှီးတစ်ခုဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချ၍၊ နိုင်ငံခြားရေနံအပေါ် မှီခိုအားထားမှုကို လျော့ကျစေခြင်းဖြင့် စွမ်းအင်စိတ်ချလုံခြုံမှုကို တိုးပွားစေသည်။ဝါဒဖြန့်ချီသူများတိုးပွားစေသည်။ဝါဒဖြန့်ချိသူများ ပြောထားသည်မှာ နျူကလီးယားစွမ်းအားသည် ပြောနေကျလေထုညစ်ညမ်းမှု ဖြစ်စေသည့် မှန်လုံအိမ် ဓာတ်ငွေ့များနှင့် မီးခိုးမှိုင်းတို့ကို ဖြစ်ပေါ်စေခြင်းမရှိဘဲ၊ ရုပ်ကြွင်းလောင်စာများ၏ အဆင်အပြေ ဆုံးအစားထိုးလောင်စာအဖြစ် ခြားနားလျက်ရှိသည်။ ဝါဒဖြန့်ချီပြောဆိုနေသူများသည်ဝါဒဖြန့်ချိပြောဆိုနေသူများသည် အနောက်နိုင်ငံများအတွက် စွမ်းအင်အမှီအခိုကင်းရေးအောင်မြင်မှုရရန်၊ နျူကလီးယားစွမ်းအားသည် တစ်ခုတည်းသော ပြေလည်စေမည့် လမ်းကြောင်း ဖြစ်သည်ဟု ယုံကြည်ထားကြသည်။
 
နျူကလီးယားစွန့်ပစ်ပစ္စည်းများထားသိုရသည့် အန္တရာယ်သည် သေးငယ်ပြီး၊ ဓာတ်ပေါင်းဖိုအသစ်များတွင် နောက်ဆုံးပေါ်နည်းပညာသုံးစွဲခြင်းဖြင့် စွန့်ပစ်ပစ္စည်းလျော့ချနိုင်သည့် အနောက်နိုင်ငံများတွင် လုပ်ငန်းပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးမှတ်တမ်းသည် အခြားအဓိကအမျိုးအစားဖြစ်သော စွမ်းအားစက်ရုံများနှင့် နှိုင်းယှဉ်လျှင် ကောင်းမွန်လှသည်။