အိန္ဒိယသမုဒ္ဒရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး replace images from Commons
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
စာကြောင်း ၁၄ -
[[File:Indian Ocean bathymetry srtm.png|right|thumb|အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်အနက်ပြ မြေပုံ]]
 
အာဖရိက၊ အိန္ဒိယ နှင့် အန္တာတိတ် တို့၏ ဖြည်းညင်းစွာ မျောနေသော အပေါ်ယံ ကျောက်ထုလွှာများသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ တက်တိုးနစ်ကျောက်ထုလွှာ သုံးလွှာဆုံတွေ့ နေသော နေရာ၌ စုဆုံကြသည်။ ၎င်းတို့ ၏ ဆုံခြင်းများကို Y(ဝိုင်) ပုံသဏ္ဍာန်ပြောင်းပြန်ဖြစ်ပေါ်သောပုံသဏ္ဌာန်ပြောင်းပြန်ဖြစ်ပေါ်သော ရေအောက်တောင်စဉ်များ၏အခွဲများဖြင့် အမှတ် အသားပြုပြီး အိန္ဒိယနိုင်ငံ ၊ မွန်ဘိုင်းမြို့အနီးရှိ တိုက်၏ ကမ်းဦးရေတိမ် အစွန်းမှ အစပြု၍ တောင်ဘက်သို့ စီးဆင်းသည်။ သို့ဖြစ်၍ ဖြစ်ပေါ်လာသော အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ဘက်ပိုင်းချိုင့်ဝှမ်းများသည် တောင်ကြောများဖြင့် ပို၍သေးငယ်သော ချိုင့်ဝှမ်းများအဖြစ် ထပ်မံပိုင်းခြား ခြင်းခံရသည်။
 
သမုဒ္ဒရာ၏ ကမ်းဦးရေတိမ်များသည် ကျဉ်းမြောင်းပြီး ပျမ်းမျှ ၂၀၀ ကီလိုမီတာ (၁၂၅ မိုင်) အကျယ်ရှိသည်။ ခြွင်းချက်အနေဖြင့် ဩစတြေးလျ အနောက်ဘက်ကမ်းရိုးတန်းရှိကမ်းဦးရေတိမ်အကျယ်သည် ၁,၀၀၀ ကီလို မီတာ(၆၀၀ မိုင်) ထက်ပိုသည်။ သမုဒ္ဒရာ၏ ပျမ်းမျှအနက်သည် ၃,၈၉၀ မီတာ (၁၂,၇၆၀ ပေ) ရှိသည်။ ၎င်း ၏အနက်ဆုံးနေရာသည် ၇၂၅၈ မီတာရှိပြီး Java Trench[7] (ဂျာဗားမြောင်း) တွင်ရှိသည်။ ၅၀°တောင်လတ္တီ တွဒ် ၏ မြောက်ဘက်၊ အဓိကကျသောချိုင့်ဝှမ်း၏ ၈၆ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာ အနည်အနှစ်များဖြင့် ဖုံးလွှမ်းနေပြီး၊ ၎င်း၏ တစ်ဝက်ကျော်သည် globigerina ooze (အမီးဘားကဲ့သို့ အကောင်မျောလေးများ ၏ အခွံများ) ဖြစ်ကြသည်။ ကျန်ရှိသော ၁၄ ရာခိုင်နှုန်းကို ကုန်းတွင်းပိုင်း အနည်အနှစ်များဖြင့် အလွှာအထပ်ပြု ထားသည်။ ရေခဲမြစ်များ အရည်ပျော်ရာမှ အနည်ပို့ချခြင်းများသည် တောင်ဘက်ပိုင်းလတ္တီတွဒ် အစွန်အဖျား များကို စိုးမိုးထားသည်။
စာကြောင်း ၂၄ -
 
== ရေစီးဆင်းမှု၊ ဖြန့်ဝေခြင်းနှင့် အရည်အသွေး ==
အိန္ဒိယသမုဒ္ဒရာအတွင်းသို့စီးဆင်းသော မြစ်ကြီးများအနက်အချို့မှာ Zambezi (ဇမ်ဘီဇီ)၊ Shatt al-Arab (ရှပ် အယ် အာရပ်)၊ Indus (အင် ဒပ်(စ်))၊ Ganges (ဂင်းဂျစ်(စ်))၊ Brahmaputra (ဘရာမာပူထရာ)၊ Jubba (ဂျူ ဘာ) နှင့် ဧရာဝတီမြစ် တို့ဖြစ်သည်။ ရေစီးကြောင်းများကို အဓိကအားဖြင့် မုတ်သုန်လေ မှ ထိန်းချုပ်ထားသည်။ ရေစီးကြောင်းတစ်ခုသည် မြောက်ကမ္ဘာခြမ်းတွင် နာရီလက်တံကဲ့သို့ စီးဆင်းပြီး နောက် တစ်ခုမှာ အီကွေတာ တောင်ဘက်တွင် နာရီလက်တံ ပြောင်းပြန်ကဲ့သို့စီးသည့် ကြီးမားသော စက်ဝိုင်းပုံသဏ္ဍာန်စက်ဝိုင်းပုံသဏ္ဌာန် ရေစီးကြောင်းနှစ်ခု သည် အင်အားကြီးသော စီးဆင်းသည့်ပုံစံကို ဖွဲ ့စည်းဖြစ်ပေါ်သည်။ မည်သို့ပင်ြ ဖြစ်စေ၊ ဆောင်းဥတု မုတ်သုန် ရာသီအတွင်းတွင် မြောက်ဘက်ရှိ ရေစီးကြောင်းများသည် ပြောင်းပြန်စီးဆင်းကြသည်။
 
နက်ရှိုင်းသောရေ လှည့်ပတ်စီးဆင်းခြင်းသည် အဓိကအားဖြင့် အတ်လန္တိတ် သမုဒ္ဒရာ၊ ပင်လယ်နီ နှင့် အန္တာ တိတ် ရေစီးကြောင်းများမှ စီးဝင်မှုများ၏ ထိန်းချုပ်ခြင်းခံရသည်။ တောင်လတ္တီတွဒ် ၂၀° ၏မြောက်ဘက်တွင် အနိမ့်ဆုံးမျက်နှာပြင်အပူချိန်သည် ၂၂ °စင်တီဂရိတ် (၇၂° ဖာရင် ဟိုက်) ဖြစ်ပြီး အရှေ ့ဘက်တွင် ပိုကာ ၂၈° စင်တီဂရိတ် (၈၂° ဖာရင်ဟိုက်) ဖြစ်သည်။ တောင်လတ္တီတွဒ် ၄၀° ၏ တောင်ဘက်ဆီသို့သွားလျှင် အပူချိန် သည် လျင်မြန်စွာကျဆင်းသွားသည်။ မျက်နှာပြင်တွင် ဆားဓာတ်ပါဝင်မှုသည် ၁၀၀၀ လျှင် အပိုင်း ၃၂ မှ ၃၇ အထိရှိပြီး အမြင့်ဆုံးသည် အာရေဘီ ယန် ပင်လယ် နှင့် အာဖရိက တောင်ပိုင်းနှင့် ဩစတြေးလျ အနောက်တောင်ဘက် အကြားရှိရပ်ဝန်းတွင် ဖြစ်ပွားသည်။ ရေခဲတုံးနှင့် ရေခဲစိုင်ကြီးများသည် တောင်လတ္တီတွဒ် ၆၅° ခန့်၏ တောင်ဘက်တွင် တစ်နှစ်ပတ် လုံး တွေ့ရသည်။ ရေခဲစိုင်ကြီးများ၏ ပျမ်းမျှမြောက်ပိုင်း နယ်နိမိတ်မှာ တောင်လတ္တီတွဒ် ၄၅° ဖြစ်သည်။