ရွေးကောက်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
စာကြောင်း ၄၉ -
တရား ဥပဒေစိုးမိုးမှု အားနည်းသည့်နိုင်ငံအများစုတွင် နိုင်ငံတကာစံနှုန်းများဖြစ်သည့် “လွတ်လပ်မျှတမှု” ကို လိုက်မမှီရခြင်း၏ အများဆုံးဖြစ်နေကျ အကြောင်းပြချက်မှာ လက်ရှိအစိုးရမှ ကြားဝင်နှောက်ယှက်မှု ဖြစ်သည်။ အာဏာရှင်များကို လူအများမှ ထုတ်ပယ်ပစ်ချင်သည့်စိတ်များ ရှိနေကြသော်လည်း သူတို့သည် အာဏာဆက်လက်တည်မြဲစေရန် အုပ်ချုပ်ရေး ( ရဲ၊ စစ်ဥပဒေ၊ သတင်းဖြတ်တောက်ခြင်း၊ ရွေးကောက်ပွဲယန္တရား၏ ရုပ်ပိုင်းဆိုင်ရာ အကောင်အထည်ဖေါ်မှု စသည်ဖြင့်) အာဏာများသုံးစွဲကြသည်။ ဥပဒေပြု အဖွဲ့တစ်ခုအတွင်းရှိ သီးသန့်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် အများစုအာဏာ သို့မဟုတ် အင်အားကြီးမားသောအများစုအာဏာကို အသုံးပြု၍ (ရာဇဝတ်မှုဥပဒေများ၊ တရားဝင်ခြင်း နှင့် ဒေသအုပ်ချုပ်ရေးအပါအဝင် ရွေးကောက်ပွဲယန္တရားများအား အဓိပ္ပယ်ဖေါ်ဆောင်ခြင်းများကို ခွင့်ပြုခြင်း) ရွေးကောက်ပွဲတစ်ခုကြောင့် ပြိုင်ဘက်အဖွဲ့ခွဲတစ်ခုသို့ အာဏာလွှဲပြောင်းပေးရမည်ကို ကာကွယ်ထားကြ သည်။
 
အစိုးရမဟုတ်သောအဖွဲ့များသည်လည်း ရုပ်ပိုင်းဆိုင်ရာ တွန်းအားပေးခြင်း၊ နှုတ်အားဖြင့်ကြောက်လန့်စေခြင်း သို့မဟုတ် လိမ်လည်ခြင်းတို့ဖြင် ရွေးကောက်ပွဲကိုဝင်ရောက်နှောက်ယှက်နိုင်ပြီး၊ ထိုသို့ပြုလုပ်ခြင်းသည် အကျင့်သိက္ခာမဲ့သော ပယ်မဲလုပ်ခြင်း နှင့် ရေတွက်ခြင်း ရလာဒ်ကို ဖြစ်စေနိုင်သည်။ ရွေးကောက်ပွဲလိမ်လည်မှုကို စောင့်ကြည့်ခြင်းနှင့်အနည်းဆုံးဖြစ်စေခြင်းသည် လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲများ အစဉ်အလာ ကောင်းခဲ့သည့် နိုင်ငံများတွင်လည်း ဆက်လက်လုပ်ဆောင်နေရသေးသည့် အလုပ်တစ်ခုဖြစ်သည်။ “လွတ်လပ်ပြီးမျှတ” သည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် ကာကွယ်ရမည့် ပြဿနာများမှာ ပုံစံအမျိုးမျိုးရှိသည် –နိုင်ငံရေးစကားစစ်ထိုးပွဲဖွင့်ပေးမှု သို့မဟုတ် မဲဆန္ဒရှင်များသို့အသိပေးအကြောင်းကြားမှု မရှိခြင်းမဲဆန္ဒရှင်များကို သတင်းလွတ်လပ်မှု မရှိခြင်း၊ အစိုးရ သို့မဟုတ် ကော်ပိုရိတ် ထိမ်းချုပ်ထား မှုကြောင့် သတင်းတွင် တကယ့်အဖြစ်မှန် မသိရခြင်း သို့မဟုတ် သတင်းစာနှင့်နိုင်ငံရေးစာစောင်များ အသုံးပြုခွင့် မရှိခြင်း တို့ကြောင့် ထုတ်ပြန်ချက်များ သို့မဟုတ် ကိုယ်စားလှယ် လောင်းများ အကြောင်းကို အားနည်းစွာအသိပေးမှုဖြစ်မည်။ စိတ်ချရသည့်မြင်ကွင်းများ သို့မဟုတ် အစိုးရ ဝါဒဖြန့်ချီရေးများကိုဝါဒဖြန့်ချိရေးများကို သာအသားပေးထားခြင်းဖြင့် လွတ်လပ်စွာဟောပြောခွင့် ကို အစိုးရမှ ကာဆီးထားလိုက်သည်။
 
==မမျှတသည့်အုပ်ချုပ်မှုများ==