ဆင်ဆာပြုလုပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
စာကြောင်း ၄၁ -
ဝီဆောဝရိုကလောဝိယ (Wieczόr Wroclawia) - ပိုလန်ပြည်သူ့သမ္မတနိုင်ငံမှ ၁၉၈၁ ခုနှစ်၊ မတ်လ ၂၀-၂၁ ရက်နေ့များတွင် ထုတ်ဝေသည့် ၀ရိုကလော နေ့စဉ် သတင်းစာသည် ပထမနှင့် နောက်ဆုံး စာမျက်နှာများတွင် ဆင်ဆာစွက်ဖက်မှုများဖြင့် ရှိပါသည်။ ခေါင်းကြီးပိုင်းအောက်မှ “Co zdarzylo sie w Bydgoszzczy?” (ဘိုင်ဂျိုဆီးတွင် ဘာတွေဖြစ်ပျက်နေသလဲ) နှင့် “Pogotowie strajkowe w calym kruju” (နိုင်ငံ အဝှမ်း ဆန္ဒပြမှုများ လှုံ့ဆော်ခြင်း)တွင် ဆင်ဆာသည် ဆန္ဒပြမှုများ လှုံ့ဆော်ခြင်းနှင့် သက်ဆိုင်သည့် အပိုင်းတစ်ပိုင်းကို ဖယ်ရှားပစ်ခဲ့ပါသည်။ ထို့ကြောင့် ပုံနှိပ်တိုက်ရှိ အလုပ်သမားများသည် တရားဝင်ဝါဒ ဖြန့်ချိခြင်းအပိုင်း တစ်ခုကိုဗလာဖြစ်အောင်ပြုလိုက်ကြပါသည်။စာမျက်နှာ၏ညာဘက်တွင်ပြည်တွင်း“ဆိုလီဒါနော့(စ်)”ကုန်သွယ်မှုသမဂ္ဂမှအဆိုပါဆုံးဖြတ်ချက်အား ပြုလုပ်သည်ကို အတည်ပြုသည့်အနေဖြင့် လက်ရေးဖြင့် ပါဝင်ဖော်ပြထားပါသည်။
 
စစ်အတွင်းက အတိအလင်းဖြစ်သော ဆင်ဆာပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်မှာ ရန်သူများအတွက် အသုံးဝင်မည့် သတင်းအချက်အလက်များကို ထုတ်ပြန်မိခြင်းမှ ကာကွယ်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဖြစ်ပါသည်။ စံနမူနာပြုရမည်မှာ ယင်းသည် အချိန်များ သို့မဟုတ် နေရာများကို လျှို့ဝှက်ထိန်းသိမ်းထားခြင်း၊ သို့မဟုတ် ရန်သူတပ်ဖွဲ့များအနေဖြင့် အသုံးပြုရန်ဖြစ်နိုင်ခြင်း မရှိသည့်အချိန်ထိ သတင်းအချက်အလက်များကို ထုတ်ပြန်ရာတွင် နှောင့်နှေးစေခြင်း (ဥပမာ - စစ်ဆင်ရေးဆိုင်ရာ ရည်ရွယ်ချက်တစ်ခု) တို့ ပါဝင်ပါသည်။ ဤနေရာတွင် ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ အကြောင်းအချက်များကို တနည်းတဖုံအားဖြင့် ခြားနားစွာ မြင်ကြပါသည်။ ယင်းအသွင်သဏ္ဍာန်ယင်းအသွင်သဏ္ဌာန် ဆင်ဆာပြုမှုကို ထောက်ခံသူများက နည်းဗျူဟာနှင့် ဆိုင်သော သတင်း အချက်အလက်များ ထုတ်ပြန်ခြင်းသည် မိမိ၏ စစ်တပ်အတွင်း ဒါဏ်ရာရရှိသူ၊ ကျဆုံးသူများအတွက် ပိုမိုသည့် ဆုံးရှုံးနိုင်ခြေကို ဖေါ်ပြနေပြီး တိုက်ပွဲတစ်ခုလုံး၏ ဆုံးရှုံးနိုင်မှုဖြစ်နိုင်ချေသို့လည်း ဦးတည်နေသည် ဟု ပြင်းထန်စွာ ငြင်းခုံခဲ့ကြပါသည်။
 
ပထမကမ္ဘာစစ်အတွင်းက ဗြိတိသျှစစ်သားများ ရေးသားခဲ့သည့် စာများကို ဆင်ဆာပြုလုပ် ခဲ့ပါသည်။ စာများကို မပေးပို့မီ အရာရှိများက ဖတ်ရှုပြီး စစ်ဆင်ရေး လျှို့ဝှက်ချက်များအပေါ် အကျိုးယုတ်စေသည့် အချက်အလက် တစ်စုံတစ်ရာပါရှိပါက အနက်ရောင်မင်ဖြင့် ကန့်လန့်ဖြတ်ဖျက်ခြင်းတို့လည်း ပါဝင်ပါသည်။ ဒုတိယကမ္ဘာစစ် ၏ အများပြည်သူနားလည်သည့် စကားစု “လွယ်ကူသောနှုတ်ခမ်းများသည် သင်္ဘောများကို နှစ်နိုင်သည်” ကို အများနှင့်ဆိုင်သည့် ဖြောင့်မှန်မှု အနေဖြင့် တရားဝင်စစ်ပွဲအချိန်များအတွင်း ဆင်ဆာပြုမှုကို အလေ့အကျင့်ပြုရန်နှင့် ထိခိုက်လွယ်သည့် သတင်းအချက်အလက်များ ဝေမျှရာတွင် တစ်ဦးချင်းအနေဖြင့် ချုပ်တည်းနိုင်ဖို့ ို အားပေးကူညီရန် အသုံးပြုခဲ့ပါသည်။