"ဂျိုက်ဂွါး" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်))
ဂျိုက်ဂွါးတို့သည် ၎င်းတို့တွင် ရှိသော အစက်အပြောက်များကြောင့် [[ကျားသစ်]]နှင့် ပုံစံတူသည်။ သို့သော် ဂျိုက်ဂွါးများက ပို၍ သန်မာပြီး ခွန်အားလည်း ပိုကြီးကြကာ ၎င်းတို့၏ အမူအကျင့်မှာ ကျားနှင့် ပို၍ဆင်သည်။ ၎င်းတို့သည် ရေနှင့်နီးသော နေရာတွင် နေထိုင်ရန် နှစ်သက်တတ်ကြပြီး ကျားကဲ့သို့ပင် ရေကူးရန် ခုံမင်လေ့ရှိကြသည်။ သားကောင်ရှာဖွေရာတွင် တစ်ကောင်တည်း ရှာဖွေလေ့ ရှိကြသည်။ ဂျိုက်ဂွါး၏ ကိုက်အားမှာ အခြား ကြောင်မျိုးနွယ် သတ္တဝါကြီးများနှင့် ယှဉ်လျှင် ပို၍ သန်မာသည်။ သူတို့၏ သန်မာသော ကိုက်အားကြောင့် ဂျိုက်ဂွါးတို့သည် အခွံမာသော တွားသွားသတ္တဝါများကိုပင် ပြတ်အောင် ကိုက်နိုင်ပြီး ၎င်းတို့၏ သားကောင်များကို တစ်မူထူးခြားစွာ သတ်ဖြတ် လေ့ ရှိကြသည်။ ၎င်းတို့သည် သားကောင်များကို နားရွက် နှစ်ဖက်ကြား ဦးခေါင်းခွံမှ စ၍ ဦးနှောက်ကို ပေါက်ထွက်သည့်တိုင်အောင် ကိုက်လေ့ရှိသည်။
 
== ပုံပန်းသဏ္ဌာန် ==
== ပုံပန်းသဏ္ဍာန် ==
ဂျိုက်ဂွါးတို့တွင် အဝါရောင်နှင့် လိမ္မော်နှင့်အဝါ ရောယှက်နေသော အမွှေးအမျှင် များ ရှိကြပြီး အညိုနှင့် အနက်ရောင် အစက်အပြောက်များ ရှိကြသည်။ အနက်ရောင် တစ်ကိုယ်လုံးဖွေးတဲ့ ရှားရှားပါးပါး များကတော့ [[ကျားသစ်နက်]]ဟု အမည်ပေးရပါသည်။ ရွှေရောင်၊ လိမ္မော်ရောင်၊ အဝါရင့်ရောင်ပေါ်မှာ အနက်ရောင်၊ အညိုရောင် အကွက်ကွက်တွေ့ရှိရင် ဂျိုက်ဂွားဖြစ်ပြီး အမြီးထိပ်ကလည်း မဲနေမှာ ဖြစ်ပါသည်။