လေဆာရောင်ခြည်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
စာကြောင်း ၄၃ -
 
ကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်သည့် ပတ်ဝန်းကျင်လေထု၊ ရေထုညစ်ညမ်းမှုများကိုပင်လေဆာရောင်ခြည် ဖြေရှင်းလျက်ရှိသည်။လေယာဉ်ပေါ်တွင် လေဆာရောင်ခြည်သုံး ထောက်လှမ်းရေးကိရိယာကို တပ်ဆင်ပြီး လေထုအညစ်အကြေးများကို လျင်မြန်စွာ စိစစ်နိုင်သည်။ ထို့ပြင် မြေအောက်ရှိ သဘာဝ သယံဇာတပစ္စည်း များ ရှာဖွေရာ၌လည်းသုံးသည်။ အာကာသတန်ဆာများ၏ အကွာအဝေးကိုပင် လေဆာရောင်ခြည်ဖြင့်
တိတိ ကျကျ တိုင်းတာနိုင်သည်။ အမေရိကန် အာကာသယာဉ်မှူးများ လကမ္ဘာပေါ်ရောက်ခဲ့စဉ်က ရောင်ပြန်ပြားလေးခုကို စိုက်ထူပစ်ခဲ့ပြီး ယင်းရောင်ပြန်ပြားလေးခုကိုကမ္ဘာမှလွှတ်လိုက်သော လေဆာရောင်ခြည်၏ပစ်မှတ်သဖွယ်ထား၍ လ၏လည်ပတ်မှု၊ ကမ္ဘာမြေကြီး၏ ပုံသဏ္ဍာန်ပုံသဏ္ဌာန်
နှင့် ပြောင်းလဲမှုများကို ကမ္ဘာမှနေ၍ စူးစမ်းယူ သည်။ နောင်အခါတွင် အင်္ဂါဂြိုဟ်နှင့် အခြားဂြိုဟ် များပေါ်သို့ ဆင်းသက်သော အာကာသယာဉ်များ၏ ပုံ များကို လေဆာရောင်ခြည်သုံးကိရိယာဖြင့် ကမ္ဘာသို့ပေးပို့ရာ၌ သာမန်ဓာတ်ပုံများ ထက်ပို၍အချက်အလက် ပြည့်စုံမည်ဟု ဆိုသည်။ အာကာသယာဉ်များကို သယ်ဆောင်သွားမည့် ဒုံးပျံများကိုလည်း အင်အားကြီးများသော လေဆာရောင်ခြည်ကိုသုံး၍ လွှတ်တင်လိမ့်မည်ဖြစ်သည်။