မိုက်ကယ်လ် ဘလွန်းဘက်ဂ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၆၃ -
မြို့တော်ဝန်ရာထူးကို ထမ်းဆောင်နေခဲ့စဉ် ပညာရေးပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်ခဲ့သည်။ မြို့တော် ပညာရေးကို ပြည်နယ်အုပ်ချုပ်ရေးက ဖွဲ့စည်းပေးထားသောဘုတ်အဖွဲ့၏ လက်အောက်တွင် ထားမည့်အစား မြို့ တော်ဝန်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ဆရာများ၏လစာကို ၁၅%ခန့် တိုးမြှင့်ပေးခဲ့ကာ မြို့ တော်အတွင်းရှိ ကျောင်းသားများ၏ ပညာရေးရမှတ်များနှင့် ပညာရေး အောင်မြင်စွာပြီးဆုံးမှုနှုန်းများလည်း တိုးတက် လာခဲ့သည်။ ကျောင်းသားများကို အရည်အသွေးမပြည့်မီပဲ အတန်းတက်ပေးခြင်းကို ဘလွန်းဘတ်က မလျော်ကန် သောလူမှုရေးလုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် တားမြစ်ပြီး ကျောင်းသားများမှာ နောင်တက်မည့်အတန်းအတွက် တကယ်အဆင်သင့်ဖြစ်မှသာလျှင် အတန်းတက်ပေးသင့်သည်ဟု ၎င်းကဆိုသည်။
 
ထို့အပြင်ပညာရေးတွင် အများ နှင့်တန်းတူမလိုက်နိုင် သူများအတွက် ကျောင်းပြင်ပသင်တန်းများဖွင်လှစ်ပေးရန်လည်း စိတ်ထက်သန်သူဖြစ်သည်။ မြို့တော်ဝန် အာဏာဖြင့် ကျောင်းတွင်ကလေးများ လက်ကိုင်ဖုန်းသုံးစွဲခြင်းကို တင်းကြပ်စွာ တားမြစ်ခဲ့သည်။ကမ္ဘာကြီးပူနွေးလာမှုကို တုံပြန်ရာတွင် နယူးယောက်အနေဖြင့် တက်ကြွစွာပါဝင်ရန် ၎င်းက “PlanNYC : A Greener, Greater New York ” ဟု ခေါ်သော ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချရေးအစီအစဉ်တရပ်ဆောင်ရွက် ပေးခဲ့သည်။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို ဆောင်ရွက်နေသည်နှင့်တပြိုင်နက် ၂၀၃ဝ အမီ နေရာပေးနိုင် သော အစီအစဉ်များရေးဆွဲခဲ့သည်။ အခြားမြို့တော်ကြီးများကိုလည်း နယူးယောက်ကဲ့သို့ဆောင်ရွက်ကြရန် ဘလွန်းဘတ်က C – 40 မြို့တော်ကြီးများ ရာသီဥတု ထိပ်သီးညီလာခံတွင် တိုက်တွန်းခဲ့သည်။ အဆိုပါညီလာခံတွင် ၎င်းက “ကမ္ဘာကြီးပူနွေးလာသည့် ကိစ္စဟာတကယ်ဖြစ်တယ်ဆိုတာ သံသယရှင်း⁠ရှင်းနဲ့ကျွန်တော်တို့သိခဲ့ကြပြီးပြီ အခုအချိန်မှာ ပြသာနာကဒါကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာပဲ။ ကျွန်တော်တို့ဘာလုပ်ကြမလဲ” ဆက်လက် ရာသီဥတုပြောင်းလဲလာခြင်းကို ဖြေရှင်းရန်အတွက်ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှုကိုဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်၊ ပို၍ သန့်ရှင်းသော၊ ထိရောက်သော လောင်စာများကို သုံးစွဲရန်နှင့် အများသုံးသယ်ယူပို့ဆောင်ရေး ယာဉ်များကို ပို၍ သုံးစွဲကြရန် တိုက်တွန်းထားသည်။ သို့သော် ၎င်း၏ စိတ်ကူးအကြံဉာဏ်များမှာလည်း ထင်တိုင်း မပေါက်ပဲ အကောင်အထည်ပေါ်ရန် အခက်ကြုံရသည့်အခါလည်း ရှိသည်။ ဥပမာ မက်ဟန်တန်လမ်း ၆ဝ အောက် ပိုင်းတွင်ယာဉ်ကြောပိတ်ဆို့ခြင်းကို အခွန်ကောက်မည့် ကိစ်စအား နယူးယောက်ပြည်နယ်ရှိ လွှတ်တော်က ပယ်ချ လိုက်သည်။
 
ပြည်ထဲရေးနှင့် ပြည်တွင်းလုံခြုံရေး ကိစ္စရပ်များတွင်မှု တင်းကြပ်သော လူဝင်မှုကြီးကြပ်ရေးပေါ်လစီကိုလိုလားသည့် ဆိုရှယ်ကွန်ဆာဗေးတစ်များကို ဘလွန်းဘတ်က လက်တွေ့မကျသူများဟု ဝေဖန်လေ့ရှိသည်။ “ ဒီလူ ၁၂ သန်း လောက်ကို ကျွန်တော်တို့ပြန်ပို့ ဖို့လဲမရှိဘူး။ ဒီတော့ စိတ်ကူးယဉ်နေတာကို ရပ်လိုက်တော့။ သူတို့ကိုအမြဲတမ်း နေထိုင်ခွင့်ပေးဖို့သာစဉ်းစားတော့” ဟု ၎င်းကဆိုသည်။ ၎င်းက အမေရိကန်နိုင်ငံသားဟုတ်မဟုတ်ကို စစ်ဆေးနိုင် ရန် နိုင်ငံသားတိုင်း၏ DNA နှင့် လက်ဗွေကောက်ယူမည့် ဗဟိုအစိုးရ၏ အစီအစဉ်ကိုထောက်ခံပြီး ထိုအထောက် အထားများဖြင့် တိုက်၍ စစ်ဆေးခြင်းက ထိရောက်မည်ဟုယူဆသည်။ အမေရိကန်ပြည်ထောင်စုတွင် တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားသားများကို နိုင်ငံသားများအဖြစ် သတ်မှတ်ပေးသင့်သည်ဟု ဘလွန်းဘတ်ကယုံကြည် ထားပြီး ဂျွန်မက်ကိန်းနှင့် ကွယ်လွန်သူတက် ( ဒ် ) ကနေဒီတို့ ၂၀⁠၀ရ တွင် အဆိုပြုခဲ့သော လူဝင်မှုကြီးကြပ်ရေးမူ သစ်ကိုထောက်ခံသူဖြစ်သည်။ နယ်စပ်လုံခြုံရေးနှင့်ပက်သက်ပြီး နိုင်ငံခြားသားများ ဝင်ရောက်လာမှုအား တင်းကြပ် ခြင်းကို ဘလွန်းဘတ်က ဒီရေကိုတားဆီးကြသူများဟု တင်စားသည်။ “ ကွန်မြူနစ်တွေ ရာစုနှစ်တခုလုံး⁠လုံးမလုပ် နိုင်ခဲ့သည့်အရာတွေ ကျွန်တော်တို့အတွက်လုပ်ပေးဖို့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ တွေပေါ်မှာ ကျွန်တော်တို့ကမျှော် လင့်ပါတယ်။ ဒါဟာ ဈေးကွက်သဘောအရ ရောင်းလိုအားနဲ့ ဝယ်လိုအားစီးဆင်းနေတဲ့ သဘောကို ဆန့်ကျင်နေ တဲ့အပြင် လူတွေရဲ့သဘာဝလွတ်လပ်မှုနဲ့အခွင့်အလမ်းရှာလိုမှုတွေကို တားဆီးပိတ်ပင်ရာရောက်တယ်။ ဒီလို တားဆီးနေတာက ပင်လယ်ကမ်းခြေမှာ ကုလားထိုင်တလုံးပေါ်ထိုင်ပြီး တက်လာတဲ့ဒီရေကို မလာနဲ့လို့ပြောနေသ လိုပဲ” ဟု ဘလွန်းဘတ်က ဆိုသည်။ “အမေရိကန်ဟာလူသားတိုင်းကို တန်းတူညီမျှမှုပေးနိုင်တဲ့မြေ၊ အမေရိကားကို တည်ထောင်ခဲ့ကြသူတွေ အရယူပေးခဲ့တဲ့လူသားတိုင်းရသင့်ရထိုက်တဲ့ အခွင့်အရေး၊ ခံစားခွင့်တွေဖြစ်တဲ့ ဘဝကို တည်ဆောက်ခွင့် လွတ်လပ်မှု၊ ပျော်ရွင်မှုကို ရှာဖွေနိုင်ဖို့အတွက် အခွင့်အရေးတွေပေးနိုင်တဲ့နိုင်ငံဖြစ်နေသေးသရွေ့ အဝေးကရော အနီးကရောလူတွေဟာ ဒီနိုင်ငံထဲဝင်ဖို့ကြိုးစားနေကြဦးမှာပဲ။