ထွန်းကော်မာရှယ်ဘဏ်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး)
စာကြောင်း ၂၉ -
ထွန်းဖောင်ဒေးရှင်းဘဏ်မှာ ဦးစီး၍ ချီးမြှင့်သော ဆုတံဆိပ်များဖြစ်သည်။
=== Best Painting of the Year ===
မြန်မာပန်းချီပညာရှင်များစွာ ပေါ်ပေါက်လာစေရန် ရည်သန်၍ ၂၀၀၇ ခုနှစ်မှစ၍ ထွန်းဖောင်ဒေးရှင်းဘဏ်မှ ဦးစီးဦးရွတ်ပြု၍ '''Best Painting of the Year''' ဆု ချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။ နိုင်ငံတကာ စံချိန်စံနှုန်များနှင့်အညီ '''Myanmar Traditional Artists and Artisans Association''' မှ အကဲဖြတ်ဒိုင်များအဖြစ်ကြီးမှုးပြီးအကဲဖြတ်ဒိုင်များအဖြစ်ကြီးမှူးပြီး အာဆီယံနှင့် တရုတ်နိုင်ငံများမှာ လည်း ဒိုင်များအဖြစ်ပါဝင်ကာ အကဲဖြတ်ပေးကြသည်။ ၁၈ ဒီဇင်ဘာ ၂၀၀၈ ခုနှစ်တွင် ဆုပေးပွဲကို ဘဏ်လုပ်ငန်းရှင်များအသင်းရုံးချုပ် ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပထမဆုကို '''ဆီမီးခွက်အက'''ပန်းချီကားဖြင့် '''နီပိုဦး'''မှ ပထမဆုဆွတ်ခူးပြီး ငွေကျပ် ၃ သန်း ကိုချီးမြှင့်ခဲ့သည်။ '''Best Paintings of the Year 2010''' ပြပွဲနှင့် ပြိုင်ပွဲကို မြန်မာ့ဘဏ်လုပ်ငန်းရှင်များအသင်း အဆောက်အအုံတွင် ၁၁-၁၅ ဒီဇင်ဘာ ၂၀၁၀ ထိကျင်းပခဲ့ပြီး ပန်းချီပညာရှင် ၂၅၀ ၏ ပန်းချီကား ၃၀၀ ရွေးချယ်ခံခဲ့ရသည်။ အဆိုပါ ပန်းချီကားများကို ဝယ်ယူနိုင်ရန်အလိုငှာ '''Gallery 65''' တွင်လည်း ၁၈-၃၁ ဒီဇင်ဘာ ၂၀၁၀ ထိ ပြသထားခဲ့သည်။
=== ထွန်းဖောင်ဒေးရှင်းစာပေဆု ===
မြန်မာ့စာပေကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၆ ခုနှစ်မှ စတင်၍ ထွန်းဖောင်ဒေးရှင်းစာပေဆုကို ချီးမြှင့်ခဲ့သည်။ စာပေရွေးချယ်စိစစ်ရေးကော်မတီမှ စာအုပ်(၇)အုပ်၊ စာမူ(၇)နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာအုပ် (၂)အုပ်ကို ရွေးချယ်ခဲ့သည်။ ထိုနှစ် ၂၀၀၆ ခုနှစ်တွင် ဆုရရှိသူများမှာ [[ခင်ခင်ထူး]]၊ မိုးမိုးတာရောစန်၊ [[ဂျူနီယာဝင်း]]၊ [[ဝင်းမောင်]]၊ [[ဒေါက်တာစိုးလွင်]]၊ [[ဒေါက်တာတိုးလှ]]၊ [[မောင်ဝံသ]]တို့ ဖြစ်ကြသည်။