နှမ်းဖိုရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:သီးနှံရောဂါများ using HotCat
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
စာကြောင်း ၁ -
တချို့[[နှမ်း]]ပင်များ၏ ထိပ်ဖျားပိုင်းတွင် ပုံမှန်ပန်းပွင့်အရောင်မှာ အဖြူရောင် ဖြစ်ပါလျက် အစိမ်းရောင် ပန်းပွင့်များ အဆုပ်လိုက် ပွင့်နေလျှင် ၎င်း[[နှမ်း]]ပင်သည် အဖိုဖြစ်ကာ နှမ်းဖိုရောဂါ စွဲကပ်နေခြင်း ဖြစ်သည်။ ထိုပုံသဏ္ဍာန်မမှန်သောထိုပုံသဏ္ဌာန်မမှန်သော နှမ်းဖိုပင်သည် အသီး မသီးချေ။ သီးခဲ့သော်လည်း အစေ့များ မအောင်ချေ။ ထိုနှမ်းပင်မျိုးကို နှစ်တိုင်းလိုလို အနည်းနှင့်အများ တွေ့ရှိရပြီး၊ ပိုးမွှားကျနေသည်ကို သာမန် မျက်စိဖြင့် မမြင်ရချေ။ တခါတရံ အသီးများသည် အစိမ်းလိုက် ကွဲထွက်နေတတ်သည်။
 
မိုက်ကိုပလာစမာ ခေါ်သော သာမန်မျက်စိဖြင့် မမြင်ရသည့် [[ပိုးမွှား]]များ ဝင်ရောက်ပြီး အပင်ကို ရောဂါ ရစေခြင်းသာ ဖြစ်သည်။ အပင်၏ [[သစ်ရည်]]ကို စုပ်ယူသော [[ဖြုတ်ညို]]မှ တဆင့် အခြား ကျန်းမာသော နှမ်းပင်များကိုလည်း ရောဂါ ကူးစက်စေသည်။ မိုးကြိုနှမ်းခင်းနှင့် စောစီးစွာ စိုက်ပျိုးသော နှမ်းခင်းများတွင် ပို အဖြစ်များသည်မှာ မိုးကြိုတွင် တောင်သူများသည် အကွက်တိုင်း မစိုက်နိုင်သဖြင့် သီးနှံပင် အရေအတွက် နည်းပါးပြီး ဖြုတ်ကောင် အရေအတွက် များပြားခြင်းကြောင့် ဖြစ်သည်။