ဝါရီရူးမင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး) |
|||
စာကြောင်း ၃ -
= ဘဝအစ =
သက္ကရာဇ် ၆၁၄ တန်ခူးလဆုတ် ၄ ရက်တွင်ဖွားမြင်ပြီး ငယ်အမည်မှာ မဂဒူးဖြစ်ဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟု တွေ့ရသည်။ မဂဒူးက ယခု သထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် သို့မဟုတ် ဝန်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးကျိပ်နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မိဘများမှာ သာမန်လယ်လုပ်သူ နှင့် ကုန်သည်များဖြစ်ကြသည်။ ငယ်စဉ်ကလေးဘဝက မိဘများ လယ်လုပ်သွားချိန်တွင် ခေါ်ဆောင်သွားပြီး ကန်သင်းပေါ်၌ ခမောက်ရှည် (မွန်ဘာသာဖြင့် ဂဒူး) တစ်ခုကို ပက်လက်လှန်ထားပြီး အိပ်စက်စေကာ အခြားခမောက်ရှည်တစ်ခုကို အပေါ်မှ ဖုံးအုပ်ထား ခဲ့သည်။ ကျီးငှက်တစ်ကောင်က ထိုခမောက်ရှည်အတွင်းမှ ကလေးငယ်ကို အစာအမှတ်နှင့် လာရောက်ကိုက်ချီရန်ကြိုးစားရာ အဖုံးဖြစ်သည့် ခမောက်ရှည်က ထိုကျီးငှက်ကို လိုက်လံ ထိုးဆိတ်တိုက်ခိုက်လေသည်။ ထိုကဲ့သို့ထူးဆန်းသည့် အခြင်းအရာကို မြင်သည့် မိဘနှစ်ပါးကလည်း သားဖြစ်သူအား မဂဒူး(မောင်ခမောက်ရှည်)ဟု အမည်ပေး လိုက်ကြသည်။ သားဦးဖြစ်သည့် မဂဒူး တွင် မဂဒါ အမည်ရှိ ညီတစ်ဦးနှင့် နှမဖြစ်သူ နှင်းဥရိုင် တို့ရှိကြသည်။ နောင်တွင် မိဘများ လယ်အလုပ်မှ တကော့ဝန်း (ဒုန်ဝန်းမြို့-ယနေ့ ဝန်မြို့) သို့ပြောင်းကာ ကုန်သည်အလုပ်ဖြင့် စီးပွားရှာကြသည်။ ထိုစဉ်က မဂဒူးတို့ နေထိုင်ရာမှ သောက္ကတဲမြို့သို့ အထမ်းသမား(၃၀)ဦးဖြင့် ကုန်များထမ်းကာ သွားရောက်ကြခြင်း ဖြစ်သည်။ နောင် မိဘများ အိုမင်းကြသော် မဂဒူး အသက် ၂ဝ အရွယ်ရောက်၍ အဖဖြစ်သူအစား ဝင်ရောက်ကာ ကုန်သည်အလုပ်တွင် ဦးစီးလေသည်။ ထိုသို့ ယိုးဒယား ဇင်းမယ်ဘက်ရှိ တကော့ဝန်းနှင့် သောက္ကတဲ နှစ်မြို့ကို ကူးသန်းကာ ကုန်သည်ဘဝဖြင့် ကျင်လည်နေစဉ် တစ်ခေါက်သော
|