ဆတိုင်မွှတ် ဦးကူး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
'''ဆတိုင်မွှတ်
ဦးကူးသည် ရှေးဦးစွာ ရဟန်းခံနောက် လူထွက်ခဲ့သည်။ ထိုနောက် မိမိ လေ့လာရင်းစွဲဖြစ်သော စာပေဗဟုသုတကို အခြေပြု၍ အထုံဝါသနာအလျောက် ရုုပ်သေးဆရာ မင်းသားကြီး ရုပ်ကိုင်အဖြစ် အသက်မွေးမြူခဲ့သည်။ သူ၏ အရည်အချင်းကြောင့် ပညာသည်ကြီးတို့၏ အချီးအမွမ်းကို ခံရကာ ဆရာ "ဆတိုင်မွှတ်" ဦးကူး ဟူ၍လည်းကောင်း၊ "ဆတိုင်မွှတ် ဆရာ" ဟူ၍လည်းကောင်း၊ "ဆရာ ဆတိုင်မွှတ်" ဟူ၍လည်းကောင်း၊ "ဆတိုင်မွှတ် ဦးကူး" ဟူ၍လည်းကောင်း၊ "ဦးကူး" ဟူ၍လည်းကောင်း
အသက် ၄၃ နှစ်အရွယ်တွင် သဘင်ရုပ်စုံဘက်မှ ထွက်၍ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေထိုင်ပြီး "မြန်မာသံတော်ဆင့် သတင်းစာတိုက်" နှင့် "ရတနာပုံ သတင်းစာတိုက်" တို့၌ မြန်မာဆရာအဖြစ် လုပ်ကိုင်ခဲ့ပြန်သည်။ ထိုသို့ လုပ်ကိုင်နေစဉ်အတွင်း ဇာတ်လမ်းဇာတ်ကွက်များ ဆင်ကာ တီးကွက်များနှင့် ဇာတ်စာအုပ်များကိုု ရေးသား စီးကုံးခဲ့သည်။ ထုိအခါတွင်မူ မင်းသားကြီးကိုင်အဖြစ် ကျော်ကြားခဲ့ရာမှ ပြဇာတ်ရေးဆရာကြီးအဖြစ် တိုးတက် ကျော်ကြားလာတော့သည်။ စင်စစ် မြန်မာစာပေလောကတွင် ဇာတ်ကွက်၊ ဇာတ်လမ်း၊ တေးသီချင်း အစုံအလင်ဖြင့် ရေးသားထုတ်ဝေသမျှသော ပြဇာတ်စာအုပ်တို့တွင် ဦးကူး၏ ဇာတ်စာအုပ်မှာ အစောဆုံး ဖြစ်သည်။<ref>ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၂၄၈</ref>
ဦးကူး ရေးခဲ့သော ပြဇာတ်များအနက် အကျော်ကြားဆုံး၊ စာဖတ်ပရိသတ် အနှစ်သက်ဆုံးသော ပြဇာတ်မှာ ပထမဦးဆုံး ရေးသားခဲ့သော "လူဝံမောင်နှမ ပြဇာတ်" ဖြစ်သည်။
ထို "လူဝံမောင်နှမ ပြဇာတ်" အပြင် ရေးသားခဲ့သော တခြားပြဇာတ် ၉ စောင်နှင့် ကျမ်းတစ်ကျမ်းတို့မှာ အောက်ပါအတိုိင်း ဖြစ်သည်။<ref>မြန်မာစာညွန့်ပေါင်းကျမ်း စတုတ္ထတွဲ၊ နှာ-၈၇၊ ၁၁၁-၁၁၃</ref>
#ပဋာစာရီပြဇာတ်
စာကြောင်း ၂၁ -
==ကိုးကား==
{{reflist}}
{{ကိုလိုနီခေတ်}}
{{DEFAULTSORT:ကူး၊ ဦး၊ ဆတိုင်မွှတ်}}
{{Lifetime|၁၈၂၇|၁၈၉၅}}
[[Category:မြန်မာ အမျိုးသား စာဆိုတော်များ]]
|