အရှင်နာဂသေန: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၇ -
 
==မိလိန္ဒမင်း==
နောင်အခါတွင် သာမဏေသည် ဇမ္ဗူဒိပ်ကျွန်း၊ သာဂလမြို့တွင် မိလိန္ဒအမည်ဖြင့် မင်းဖြစ်၏။ မိလိန္ဒမင်းသည် လိမ္မာ၏၊ အသိဉာဏ်ရှိ၏၊ ကျမ်းဂန်တို့ကို သင်ယူ၏။ မိလိန္ဒမင်းသည် မြို့တွင်းရှိ သမ္မာသမ္ဗုဒ္ဓဟု ဝန်ခံသော သာမဏ၊ ဂိုဏ်းဆရာ၊ ဗြာဟ္မဏတို့ကို ခေါ်ယူကာ မေးခွန်းပုစ္ဆာတို့ကို မေးမြန်း၏။ ထိုသို့မေးမြန်းသည့် အမေးပုစ္ဆာများကို ဖြေကြားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သာမဏ၊ ဗြာဟ္မဏတို့သည် မင်းကြီးမေးသည်ကို မတတ်နိုင်သဖြင့် ဖဲသွားကြ၏။ အရပ်တပါးသို့ မသွားသောသူတို့သည် တိတ်ဆိတ်စွာ နေကြရကုန်၏။ ရဟန်းတို့သည် များသောအားဖြင့် ဟိမဝန္တာသို့ ကြွကုန်ကြ၏။
 
==မဟာသေနနတ်သား==
ထိုအခါ ဟိမဝန္တာတောင်၊ ရက္ခိတမည်သော ကုန်းပြင်တွင် သီတင်းသုံးနေသော ရဟန္တာတို့သည် ရှိ၏။ ထိုရဟန္တာတို့ထဲတွင် အသျှင်အဿဂုတ္တမထေရ်သည် ဒိဗ္ဗသောတအဘိညာဏ်ဖြင့် မိလိန္ဒမင်း၏ ညည်းတွားသံကို ကြားရ၏။ ထို့နောက် ယုဂန္ဓိုရ်တောင်ထိပ်တွင် ရဟန်းတို့ကို စုဝေးကာ “မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်ပေးနိုင်သော ရဟန်းရှိပါသလား” ဟု မေးမြန်း၏။ သုံးကြိမ်တိုင် မေးမြန်းသော်လည်း ရဟန်းတို့သည် ဆိတ်ဆိတ်နေကုန်၏။ ထိုအခါ အသျှင်အဿဂုတ္တသည် “တာဝတိံသာနတ်ဘုံရှိ မဟာသေနနတ်သားသည် မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်ရန် စွမ်းဆာင်နိုင်၏” ဟု ပြောကြား၏။ ထို့နောက် ရဟန္တာတို့သည် ယုဂန္ဓိုရ်တောင်ထိပ်မှ တာဝတိံသာနတ်ပြည်သို့ ရောက်၏။ ထို့နောက် နတ်သားအား မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ရန် လူ့ပြည်သို့ လာရောက်ပါလော့” ဟု ဆို၏။ ထိုအခါ နတ်သားသည် ငြင်းပယ်၏။ ရဟန်းတို့သည် သုံးကြိမ်တိုင်တိုင် ပြောဆိုသည့်တိုင်အောင် ငြင်းပယ်နေ၏။ ထိုအခါ အသျှင်အဿဂုတ္တသည် နတ်သားအား ဖျောင်းဖျပြောဆိုရာ နတ်သားလည်း လူ့ပြည်၌ ဖြစ်ပါတော့အံ့ဟု ဝန်ခံ၏။
 
==နာဂသေနသူငယ်==
===ဖွားမြင်းခြင်း===
မဟာသေနနတ်သားသည် နတ်ပြည်မှ လွန်ခဲ့၍ လူ့ပြည်တွင် လူဖြစ်လာ၏။ ဖခင် သောဏုတ္တရပုဏ္ဏား၏ ခင်ပွန်းဖြစ်သူ ဝမ်းတွင် ပဋိသန္ဓေယူ၏။ ထိုသို့ ပဋိသန္ဓေယူသည်နှင့် တစ်ပြိုင်နက် လက်နက်ဘဏ္ဍာတို့၏ ထွန်းတောက်ခြင်း၊ ကောက်စပါးနှင့် ပြည့်စုံခြင်း၊ မိုးသည်းထန်စွာ ရွာခြင်းတို့သည် ဖြစ်ပေါ်၏။
 
===ပညာင်ကြားခြင်း===
နာဂသေနသည် ခုနစ်နှစ်သား ရောက်လာသည့်အခါတွင် ဖခင်က ပညာသင်ကြားစေ၏။ နာဂသေနသည် တစ်ကြိမ်သင့်ရုံဖြင့် ဗေဒင်သုံးပုံ၊ (အဘိဓာန်) နိဃဏ္ဍုကျမ်း၊ (အလင်္ကာ) ကေဋုဘကျမ်း၊ (သဒ္ဒါ) အက္ခရပ္ပဘေဒကျမ်းနှင့် ဣတိဟာသကျမ်းတို့ကို တတ်မြောက်၏။ ထို့ပြင် ပဒကျမ်း၊ ဗျာကရုဏ်းကျမ်း၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့ကို တတ်မြောက်၏။
 
ထိုအခါ နာဂသေနသည် ဖခင်အား ဗေဒင်သုံးပုံထက် သင်ကြားဖွယ်ရှိပါသလားဟု မေးရာ “မရှိပါ” ဟု ဖခင်က ဖြေကြား၏။ နာဂသေနသည် မိမိသင်ယူတတ်မြောက်ထားသည်များ၏ အစ၊ အလယ်၊ အဆုံးကို ဆင်ခြင်သောအခါ အနှစ်သာရကို မတွေ့ဘဲ ဖြစ်နေသည်ကို တွေ့သဖြင့် နှလုံးမသာမယာ ဖြစ်နေ၏။
 
===ရောဟဏမထေရ်နှင့် တွေ့ခြင်း===
 
==ကိုးကား==