နိသီဒနသန္တတသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄ -
မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ [[ဇေတဝန်ကျောင်းတော်]]တွင် သီတင်းသုံးနေတော်မူ၏။ မြတ်စွာဘုရားသည် သုံးလပတ်လုံး တစ်ပါးတည်း ကိန်းအောင်းနေလိုသဖြင့် ဆွမ်းပို့သော ရဟန်းတစ်ပါးကို ထား၍ အခြားရဟန်းများ မချဉ်းကပ်ရန် မိန့်တော်မူ၏။
 
ထိုအခါ သာဝတ္ထိနေ ရဟန်းတို့သည် “မြတ်စွာဘုရားရှင်သည် ထိုသို့ မိန့်တော်မူ၏၊ မြတ်စွာဘုရားရှင်ထံသို့ မချဉ်းက်၌ရ၊မချဉ်းကပ်ရ၊ ချဉ်းကပ်သော ရဟန်းသည် ပါစိတ်ဒေသနာ ကြားရမည်” ဟု ကတိကဝတ်ပြု၏။
 
ထိုအချိန်တွင် ဝင်္ဂန္တ၏ သား အသျှင်ဥပသေနသည် ပရိသတ်နှင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ ထို့နောက် မြတ်စွာဘုရားနှင့် ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောဆိုကြ၏။ ထိုနောက် မြတ်စွာဘုရားသည် “သင်သည် သာဝတ္ထိမြို့၌ နေသော သံဃာ၏ ကတိကဝတ်ကို သိပါသလား” ဟု မေး၏။ ထိုအခါ အသျှင်ဥပသေနသည် “မသိပါ” ဟု ဖြေကြား၏။ မြတ်စွာဘုရားသည် သာဝတ္ထိရှိ ရဟန်းတို့၏ ကတိကဝတ်ကို ပြောပြ၏။ ထိုအခါ အသျှင်ဥပသေနက “မြတ်စွာဘုရား သာဝတ္ထိရှိ ရဟန်းတို့သည် မိမိပြသော ကတိကဝတ်ဖြင့် ထင်ရှားပါလိမ့်မည်။ အကျွန်ုပ်တို့သည် မပညတ်အပ်သေးသည်ကို မပညတ်ကြပါ၊ ပညတ်ပြီးကိုလည်း မချိုးဖျက်ကြပါ၊ ပညတ်တော်မူအပ်တိုင်းကုန်သော သိက္ခာပုဒ်တို့ကိုလည်း ကောင်းစွာ ဆောက်တည်၍ ကျင့်ကြပါသည်” ဟု လျှောက်ထား၏။