ပတ္တသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀ -
|url=
}}</ref>
 
==သမိုင်း==
မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သပိတ်တို့ကို စုဆောင်း၏။ ထိုသို့ သပိတ်များ စုဆောင်းသည်ကို လူတို့သည် မြင်သောအခါ “ရဟန်းတို့သည် အဘယ်ကြောင့် သပိတ်တို့ကို စုဆောင်းကြသနည်း၊ သပိတ်ကုန်သွယ်ခြင်းကို ပြုကြကုန်လတ္တံ့၊ အိုးခွက်ဈေးဆိုင်ကိုသော်လည်း တည်ခင်းကြလတ္တံ့” ဟု ကဲ့ရဲ့ကြ၏။
 
ထိုသို့ လူတို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် “အပိုသပိတ်တို့ကို ဆောင်ကြသည်မှာ မှန်ပါသလား” ဟု မေး၏။ “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။
 
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
 
==သိက္ခာပုဒ်==
“အကြင်ရဟန်းသည် အပိုသပိတ်ကို ဆောင်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။
 
==ဒုတိယအနုပညတ်သိက္ခာပုဒ် သမိုင်း==
မြတ်စွာဘုရားသည် အထက်ပါသိက္ခာပုဒ်ကို ပညတ်ပြီးချိန်တွင် ဖြစ်၏။ အရှင်အာနန္ဒာသည် အပိုသပိတ် ဖြစ်ပေါ်၏။ ထိုသပိတ်ကို အသျှင်သာရိပုတြာအား လှူဒါန်းလို၏။ အသျှင်သာရိပုတြာသည် သာကေတမြို့၌ နေသဖြင့် မည်သို့မည်ပုံ လှူရမည်နည်းဟု စဉ်းစား၏။
 
ထို့နောက် မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထား၏။ မြတ်စွာဘုရားသည် “သာရိပုတြာ အချိန်မည်မျှကြာသည့်အခါ လာမည်နည်း” ဟု မေး၏။ အသျှင်အာနန္ဒာသည် “ကိုးရက်မြောက်နေ့သော်လည်းကောင်း၊ ဆယ်ရက်မြောက်နေ့သော်လည်းကောင်း ပြန်လာပါမည်” ဟု လျှောက်၏။
 
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား တရားစကားဟောကြားတော်မူကာ အပိုသပိတ်ကို ဆယ်ရက်အပိုင်းအခြား ကာလတ်ပတ်လုံး ခွင့်ပြုကြောင်း အောက်ပါအနုပညတ်သိက္ခာပုဒ် ပညတ်ကာ ခွင့်ပြုတော်မူ၏။
 
==ဒုတိယအနုပညတ်သိက္ခာပုဒ်==
“ဆယ်ရက်အပိုင်းအခြားရှိသော ကာလပတ်လုံး အပိုသပိတ်ကို ဆောင်ရမည်၊ ထို (ဆယ်ရက်အပိုင်းအခြားရှိသော ကာလ) ကို လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။
 
==ကိုးကား==