စလင်းမင်းသားကြီး မောင်အို: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃ -
မောင်အိုကို ထောင်သင်းမှူး သီဟကျော်စွာ ဦးလှုပ်နှင့် ဒေါ်ငယ်တို့ စုံဖက်ရာကနေ မွေးဖွားခဲ့ပါသည်။ မောင်အိုသည် [[ဖလံခုံရွာ]]အနီး [[မြင်းပေါက်ရွာ]]သူ မမင်းသာနှင့် လက်ဆက်သည်။ ထို့နောက် သမီးတော်နှစ်ပါး ဖွားမြင်သည်။ သမီးတော်အကြီး သီရိသုကလျာသည် [[အမြင့်မြို့]]ကို စားရပြီး သမီးတော်ငယ် သီရိသုတရတနာသည် [[စကုမြို့]]ကို စားရသည်။
 
စစ်ကိုင်းမင်း နန်းတက်လာသောအခါ ညီတော်အရင်း သရက်မြို့စားကို [[သာယာဝတီမြို့]]စား ပေးပြီးမင်းသားကြီး အရာထားသလို၊ ယောက်ဖတော် မောင်အိုကိုလည်း သတိုးဓမ္မရာဇာဘွဲ့ အပ်နှင်းပြီး စလင်းမြို့ကို စားစေခဲ့သည်။ မြန်မာဘုရင် အဆက်ဆက်၌ စလင်းမြို့စား နေရာတွင် တော်ယုံလူကို ခန့်လေ့မရှိ။နိုင်ငံတော်အတွက် အရေးပါသော စလင်းနယ်ကို ဘုရင်က အလေးထားရသည့် ပုဂ္ဂိုလ်များကိုသာ ခန့်အပ်လေ့ ရှိသည်ဟု သိရသည်။ <ref>ရနောင်(ဒွယ်)မန္တလေးနေ့စဉ် သတင်းစာ၊ ၂၄.၅.၂၀၁၈၊ စာ-၄</ref>
 
စစ်ကိုင်းမင်းလက်ထက် အင်းဝနန်းတွင်း ရောက်ရှိခဲ့သော နိုင်ငံခြားကုန်သည် အိတ်ချ်ဂေါ်ဂျာ၏ မှတ်တမ်းတွင်
::: မိဖုရားခေါင်ကြီး၏ မောင်တော် မောင်အို ဆိုသူသည် မင်းသားကြီးဘွဲ့ကို ခံယူကာ ထိုဂိုဏ်းကို ခေါင်းဆောင်လေသည်။ ဆိုးချင်တိုင်းဆိုး၍ ပွေချင်တိုင်း ပွေသူဖြစ်သည်။ သူသည် မာနလည်းကြီးသည်။ ခက်လည်း ခက်ထန်သည်။ ရက်လည်းရက်စက်သည်။ လက်စားချေလိုသော စိတ်ထားလည်း ရှိသည်။ ရာထူးရာခံ လိုချင်လျှင် မင်းသားကြီးကို လက်ဆောင်ထိုးပါက လွယ်လွယ်ရနိုင်သည်ဟု ဆို၏။ မင်းသားကြီးသည် ဤနည်းအားဖြင့် စီးပွားဖြစ်ထွန်းနေပုံ ရသည်။ တိုင်းသူပြည်သားတို့သည် သူကို မုန်းလည်းမုန်းကြသည်။ ကြောက်လည်းကြောက်ကြသည်။ ထီးနန်းအရိုက်အရာကို ဆက်ခံရန် ကြိတ်ကြံနေသော ထိုမင်းသား၏ အကြံအစည်ကို လုပ်ရည်၊ကြံရည် မရှိသော ဘုရင်မှတစ်ပါး တစ်တိုင်းပြည်လုံး သိကြပြောဆိုနေကြပါသည်။
 
ဟု ဖော်ပြပါရှိပါသည်။ <ref>ရနောင်(ဒွယ်)မန္တလေးနေ့စဉ် သတင်းစာ၊ ၂၄.၅.၂၀၁၈၊ စာ-၄</ref>
 
==ကိုးကား==