ဘေသဇ္ဇသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၂ -
မင်းကြီးသည် ကြာမြင့်မှ သတိရလာပြီး အမှုကိစ္စအားလုံးကို ဆောင်ရွက်ရသည့် အမတ်တစ်ယောက်ကို “အသျှင့်အား အရံအစောင့်ကို လှူပြီးပြီလား” ဟု မေးမြန်း၏။ အမတ်ကြီးသည် “ယနေ့မှ စ၍ ရေတွက်ပါက ဝန်ခံသောနေ့သည် ငါးရက်မျှ ရှိပါပြီ” ဟု လျှောက်၏။
 
ထိုအခါ မင်းကြီးသည် အရံအစောင့် ငါးရာတို့ကို လှူ၏။ အသျှင်ပိလိန္ဒဝစ္ဆသည် ရွာငယ်တို့၌ အိမ်သို့ ကပ်တတ်သော ရဟန်းဖြစ်၏။ တစ်ခုသော နံနက်ဆွမ်းခံကြွရာတွင် အရံအစောင့်တစ်ဦး၏ အိမ်သို့ ဝင်၏။ ထိုအခါ အရံစောင့်မိန်းမ၏ သမီးသည် အခြားသောသူတို့ကဲ့သို့ ပန်းကို တန်ဆာအဖြစ်မဆင်နိုင်သည့်အတွက် ငို၏။ ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည် မြက်ကရွတ်ခွေကို သူငယ်မအား ဦးခေါင်း၌ စွပ်လော့ဟု ပြော၏။ ထိုမြက်ကရွတ်ခွေသည် အလွန်လှပ၍ နန်းတော်တွင်း၌ပင် မရှိနိုင်ပေ။
ထိုအခါ မင်းကြီးသည် “အရံအစောင့် ငါးရာတို့ကို လှူရန်” မိန့်၏။
 
ထိုအခါ လူတို့သည် ဗိမ္မိသာရမင်းအား “အရံစောင့်၏ အိမ်တွင် အလ္န်လှပ ရွှေပန်းခွေ ရှိပါသည်၊ ထိုပန်းခွေမျိုး နန်းတော်တွင်း၌ပင် မရှိပါ၊ ထိုသို့ ဆင်းရဲသူ၌ အဘယ်မှာ ရှိပါမည်နည်း၊ ခိုးယူလာခြင်း ဖြစ်ပါလိမ့်မည်” ဟု ပြော၏။ ထိုအခါ မင်းကြီးသည် အရံစောင့်အား ဖမ်းဆီး၏။ နောင်အခါ အသျှင်ပိလိန္ဒဝစ္ဆသည် အရံစောင့်အိမ်သို့ သွားသည့်အခါ မတွေ့ရသည့်အတွက် ဖမ်းဆီးခံရကြောင်း သိလေ၏။
 
ထို့နောက် အသျှင်ပိလိန္ဒဝစ္ဆသည် မင်းကြီးနှင့် သွားတွေ့၏။ မင်းကြီးအား “အဘယ်ကြောင့် အရံစောင့်အား ဖမ်းဆီးသနည်း” ဟု မေးမြန်း၏။ ထိုအခါ မင်းကြီးသည် အရံစောင့်အား ရွှေပန်းခွေနှင့် ပတ်သက်၍ ခိုးယူလာသည် ထင်၍ ဖမ်းပါသည်ဟု ဆို၏။ ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည် မင်းကြီး၏ ပြသာဒ်အား “ရွှေဖြစ်စေ” ဟု အဓိဋ္ဌာန်လိုက်ရာ ရွှေပြသာဒ် ဖြစ်လေ၏။ ထိုအခါမှ မင်းကြီးသည် အရံစောင့်အား လွှတ်လေ၏။
 
လူတို့သည်လည်း အသျှင်ပိလိန္ဒဝစ္ဆအား တန်ခိုးပြာဋိဟာကို ပြတတ်သည်ဟု ဝမ်မြောက်ကြည်ညို၍ ငါးပါးသောဆေးတို့ဖြင့် လှူဒါန်း၏။ အသျှင်ပိလိန္ဒဝစ္ဆသည် မူလကပင် ငါးပါးသောဆေးတို့ကို ရလေ့ရှိ၍ ရသောဆေးတို့ကိုလည်း ပရိသတ်ကို စွန့်၏။ ထိုအခါ ပရိသတ်သည် ပစ္စည်းပေါများလိုသည်ဖြစ်၍ ဆေးတို့ကို သိုမှီးကြ၏။ များပြားလာသော ဆေးတို့သည် ယိုကျကုန်၏၊ ကျောင်းအားလုံးတို့သည်လည်း ကြွက်တို့ဖြင့် ပြည့်နှက်ကုန်၏။
 
ထိုအခါ လူတို့သည် “ဤရဟန်းတို့သည် ဗိမ္ဗိသာရမင်းကဲ့သို့ပင် အတွင်းကျီရှိကြကုန်၏” ဟု ကဲ့ရဲ့ကြကုန်၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြားကုန်၏။ အလိုနည်းသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ဟုတ်မှန်ပါသလော” ဟု မေးမြန်းရာ “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။
 
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
 
==သိက္ခာပုဒ်==
“မကျန်းမာသော ရဟန်းတို့အား သုံးဆောင်ဖွယ်ဖြစ်သော အကြင်ဆေးတို့သည် ဖြစ်ပေါ်ကုန်၏၊ ဤဆေးတို့သည် ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တ်လဲ တို့ ဖြစ်၏။ ထိုဆေးတို့ကို အကပ်ခံ၍ ခုနစ်ရက်အပိုင်းအခြား ကာလပတ်လုံး သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ သုံးဆောင်ရမည်။ ထိုခုနစ်ရက်ထက် လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။
 
==ကိုးကား==