သုတ္တဝိညတ္တိသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
 
==သမိုင်း==
မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင်[[ဝေဠုဝန်ကျောင်းတော်]]တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်သည့်အခါ များစွာသော သင်္ကန်းကို တောင်း၏။ သင်္ကန်းချုပ်၍ ပြီးသော်လည်း များစွာသော ချည်တို့ ကျန်သေး၏။ ထိုအခါ “ငါတို့သည် အခြားသော ချည်တို့ကို တောင်းကာ ရက်ကန်းသည်တို့ကို သင်္ကန်းရက်ခိုင်းမည်” ဟု ဆိုကာ အကြံဖြစ်၏။
 
ထို့နောက် ချည်တို့ကို တောင်း၏၊ ရက်ကန်းသည်တို့ကို ရက်စေ၏၊ သင်္ကန်းကို ရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။ နှစ်ကြိမ်မြောက်လည်း ဆဗ္ဗဂ္ဂီရဟန်းတို့သည် အခြားသော ချည်တို့ကို တောင်းကာ သင်္ကန်းကို ရက်စေ၏။ သင်္ကန်းရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။ သုံးကြိမ်မြောက်လည်း ချည်တို့ကို တောင်းကာ သင်္ကန်းကို ရက်စေ၏။ သင်္ကန်းရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။