ဟိုတယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:Mercure hotel taksim.jpg|thumb|upright=1.6|အိပ်ရာ၊ စားပွဲနှင့် ရုပ်မြင်သံကြားစက်တို့ပါဝင်သော ပုံမှန် ဟိုတယ်ခန်းတစ်ခန်း]]
[[File:Savoy Hotel, London.jpg|thumb|right| ဆာဗွိုင်းဟိုတယ်၊ [[လန်ဒန်မြို့]], [[ယူနိုက်တက်ကင်းဒမ်း]]]]
 
[[File:HiltonSanDiegoConventionCenterApr09.jpg|thumb|right|ဟီလ်တန် ဆန်ဒီယေးဂိုး ဘေး ဖရန့်၊ ဆန်ဒီယေးဂိုး၊ [[အမေရိကန်ပြည်ထောင်စု]]]]
ဟိုတယ် ဆိုသည်မှာ အခကြေးငွေယူ၍ ခဏတာအတွက် တည်းခိုနေထိုင်နိုင်ရန် ပံ့ပိုးပေးသော နေရာဌာနဖြစ်သည်။ ဟိုတယ်မှ ပံ့ပိုးပေးသော အသုံးအဆောင်များတွင် အတန်အသင့် အရည်အသွေးရှိသော မွေ့ရာတစ်ခု ပါဝင်သော အခန်းငယ် တစ်ခုမှစ၍ အရည်အသွေးမြင့်သောမွေ့ရာ၊ ဘီဒို၊ ရေခဲသေတ္တာ၊ အခြားမီးဖိုဆောင် အသုံးအဆောင်များ၊ မွမ်းမံပြင်ဆင်ထားသော ကုလားထိုင်များ၊ မျက်နှာပြင်ပြား ရုပ်မြင်သံကြားစက်၊ ရေချိုးခန်း စသည်တို့ပါဝင်သော အခန်းကျယ်ကြီးများအထိ ရှိသည်။ သေးငယ်၍ ဈေးနည်းသော ဟိုတယ်များမှာ ဧည့်သည်အတွက် အခြေခံကျသော ဝန်ဆောင်မှုနှင့် အသုံးအဆောင်များကို ပံ့ပိုးပေးသည်။ ကြီးမားပြီး ဈေးနှုန်းမြင့်သော ဟိုတယ်များတွင်မူ ဧည့်သည်များအတွက် ရေကူးကန်၊ စီးပွားရေးဌာန (ကွန်ပျူတာ၊ ပရင်တာနှင့် အခြားရုံးသုံးပစ္စည်းများပါဝင်သည်) ၊ ကလေးထိန်းခြင်း၊ ကွန်ဖရင့်နှင့် ပွဲများကျင်းပရန် နေရာများ၊ တင်းနစ်ကွင်းနှင့် ဘတ်စကက်ဘောကွင်း၊ ကိုယ်ကာယလေ့ကျင့်ရေး ဌာန၊ စားသောက်ဆိုင်များ၊ စပါး နှင့် လူမှုရေး ကိစ္စ ဝန်ဆောင်မှုများ ထည့်သွင်းထားလေ့ ရှိသည်။ ဟိုတယ်အခန်းများကို ပုံမှန်အားဖြင့် နံပါတ် တပ်ထားသော်လည်း အရွယ်ငယ်သော ဟိုတယ်များအတွင် နာမည်ပေး၍ ခွဲခြားထားလေ့ရှိပြီး ဧည့်သည်များအနေနှင့် မိမိတို့အခန်းအား သီးသန့် ခွဲခြားသိရှိနိုင်ရန် ဖြစ်သည်။ အချို့သော အကောင်းစား ဈေးနှုန်းမြင့်မားသော ဟိုတယ်များတွင် သီးသန့်ပြင်ဆင်ထားသော အခန်းများ ရှိသည်။ အချို့သော ဟိုတယ်များတွင် တည်းခိုရုံသာမက အစားအသောက်ပါ သုံးဆောင်နိုင်သည်။ ယူနိုက်တက်ကင်းဒမ်းတွင် ဥပဒေရ အချို့သော နာရီများတွင် ဧည့်သည်များအား အစားအသောက်များ မဖြစ်မနေ ကျွေးမွေးရသည်။ ဂျပန်နိုင်ငံရှိ ကက်ပ်ဆူးလ် ဟိုတယ်ဟု ခေါ်သော ဟိုတယ်အမျိုးအစားတွင် အိပ်ရန်အတွက်သာ သင့်တော်သော အခန်းငယ်ကလေးများရှိပြီး ရေချိုးခန်းကို မျှဝေသုံးစွဲရသည်။
[[File:Shanghai Grand Hyatt Atrium.jpg|thumb|right| ရှန်ဟိုင်း ဂရင်းန် ဟိုက်ယက်၏ အေထရီယမ် လော်ဘီ [[ရှန်ဟိုင်းမြို့]], [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]]]
 
'''ဟိုတယ်'''ဆိုသည်မှာ အခကြေးငွေပေး၍ အချိန်တိုကာလ အတွက် တည်းခိုရသော အဆောက်အဦး ဖြစ်သည်။ ယခင်က ဟိုတယ်များတွင် အခြေခံ နေရာထိုင်ခင်း များဖြစ်သော အိပ်ရာ၊ ဘီဒို၊ စားပွဲခုံ အသေး၊ ရေချိုးရန် နေရာ စသည့် အသုံးအဆောင်များကိုသာ ပံ့ပိုးပေးလေ့ ရှိသော်လည်း ယခုအခါ ဟိုတယ်အများစုတွင် ရေချိုးခန်း နှင့် လေအေးစက် သို့ အပူပေးစက် စသည့် နေထိုင်မှု အတွက် အဆင်ပြေစေမည့် အရာများကို ပံ့ပိုးထားလေ့ ရှိသည်။ ဟိုတယ်အခန်းများတွင် အများအားဖြင့် တွေ့နိုင်သော အရများမှာ တယ်လီဖုန်း၊ နှိုးစက်နာရီ၊ ရုပ်မြင်သံကြားစက်၊ အာမခံသေတ္တာ၊ မုန့်များ အဖျော်ယမကာများ ထည့်ထားသော မီနီဘား နှင့် ကော်ဖီ လက်ဖက်ရည် ဖျော်ရန် လိုအပ်သည့် အရာတို့ဖြစ်သည်။ အချို့ဟော်တယ်များတွင် ရေချိုးဝတ်စုံ နှင့် ခြေညှပ်ဖိနပ်၊ ရွေးချယ်ရန် ခေါင်းအုံးအစုံအလင်၊ မျက်နှာသစ်ဇလုံ နှင့် ရေပူရေအေး တို့ကို အပိုအဖြစ် ပံ့ပိုးပေးလေ့ရှိသည်။ ဟိုတယ်ကြီးများတွင်မူ ဧည့်သည်များ အတွက် စားသောက်ဆိုင်များ၊ ရေကူးကန်များ၊ အားကစားရုံများ၊ စီးပွားရေးဆိုင်ရာ ဌာနများ၊ ကလေးထိန်း ဌာနများ၊ ကွန်ဖရင့်အတွက် သုံးစွဲနိုင်သော နေရာများ နှင့် ဧည့်ခံပွဲကျင်းပရန် နေရာများကို ထားရှိလေ့ ရှိသည်။
[[File:The Peninsula Paris.jpg|thumb|upright=1.45|ပင်နီဆူလာ ပဲရစ် ဟိုတယ်]]
ယနေ့ခေတ် ဟိုတယ်များ၏ အစမှ အလယ်ခေတ်ဥရောပရှိ အင်း ခေါ် ညအိပ်ထမင်းဆိုင်များ ဖြစ်သည်။ ၁၇ ရာစု အလယ်ပိုင်းမှစ၍ နှစ်ပေါင်း ၂၀၀ ခန့်အထိ ကို့ချင်းအင်း ဟု ညအိပ်ထမင်းဆိုင်များတွင် ပေါင်းမိုးတပ်လှည်းဖြင့် သွားလာသူများ အတွက် ညအိပ်စရာနေရာ ပံ့ပိုးပေးခဲ့ကြသည်။ ၁၈ ရာစု အလယ်ပိုင်းမှစ၍ ညအိပ်ထမင်းဆိုင်များသည် ချမ်းသာသော ဧည့်သည်များအတွက် စတင် စဉ်းစားပံ့ပိုးပေးလာကြသည်။ ယနေ့ခေတ်ဟိုတယ်ကဲ့သို့သော ပထမဆုံးဟိုတယ်ကို ၁၇၆၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အိပ်စီတာ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉ ရာစု အစောပိုင်းတွင် အနောက်ဥရောပ နှင့် မြောက်အမေရိကတို့တွင် ဟိုတယ်များ အများအပြား ပေါ်ထွက်လာခဲ့ပြီး ၁၉ ရာစု နှောင်းပိုင်းတွင် ဇိမ်ခံဟိုတယ်များ စတင် ပေါ်ပေါက်လာခဲ့သည်။