ဦနပဉ္စဗန္ဓနသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုိ +ို)
စာကြောင်း ၁၉ -
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ “ရဟန်းတို့ သပိတ်ကို မတောင်းရ၊ တောင်းသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။
 
ထိုအခါ ရဟန်းတစ်ပါး၏ သပိတ်သည် ကွဲ၏။ မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်ထားသည့်အတွက် ရဟန်းသည် လက်ဖြင့် ဆွမ်းခံ၏။ ထိုအခါ လူတို့သည် “ရဟန်းတုိ့သည်“ရဟန်းတို့သည် အဘယ်ကြောင့် တိတ္ထိတို့ကဲ့သို့ လက်ဖြင့် ဆွမ်းအတွက် လှည့်လည်ဘိသနည်း” ဟု ကဲ့ရဲ့၏။ ရဟန်းတို့သည်လည်း လူတို့၏ ကဲ့ရဲ့သည်ကို ကြားကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြ၏။
 
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ သပိတ်ပျောက်သော ရဟန်းအားလည်းကောင်း၊ သပိတ်ကွဲသော ရဟန်းအားလည်းကောင်း သပိတ်ကို တောင်းခြင်းငှါ ခွင့်ပြုသည်” ဟု မိန့်တော်မူ၏။