သပြေတန်း ခံတပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၄င်း +၎င်း)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Thapyaytan Fortress.jpg|thumb|သပြေတန်းခံတပ်]]
'''သပြေတန်းခံတပ်၊ ရွှေကြက်ယက်ခံတပ်၊ ခံတပ်တော်ကြီး'''ဟူ၍ အမည်အမျိုးမျိုးနှင့် ထင်ရှားခဲ့သော ဤ[[ခံတပ်]]ကို [[မင်းတုန်းမင်း]]လက်ထက်၊ ၁၈၆၈-ခုနှစ်ခန့်လောက်က တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသည်။ ခံတပ်တော်ကြီးကို မူလက တော်ဝင်နန်းသုံး အမည်ပေးခဲ့သော်လည်း အမည်မတွင်ဘဲ [[ရွှေကြက်ယက်စေတီ|ရွှေကြက်ယက်]] တောင်ကုန်းကိုစွဲ၍ ရွှေကြက်ယက် ခံတပ်ဟု၎င်း၊ သပြေတန်းရွာငယ်ကို စွဲ၍ သပြေတန်း ခံတပ်ဟု၎င်း ခေါ်တွင်ခြင်းဖြစ်ဟန်ရှိသည်။
==တည်နေရာ==
သပြေတန်းခံတပ်သည် [[မန္တလေးတိုင်းဒေသကြီး]]၊ [[အမရပူရမြို့နယ်]]၊ မန္တလေးစစ်ကိုင်းကားလမ်းနံဘေး [[အင်းဝတံတား|အင်းဝတံတားကြီး]]၏ အရှေ့ဘက်ထိပ် တွင် တည်ရှိသည်။ သပြေတန်းခံတပ်ကို [[ဧရာဝတီမြစ်]]ကမ်းနဖူး ဒုဋ္ဌဝတီ(ခေါ်)[[မြစ်ငယ်မြစ်]]နှင့်ဆုံရာ သန်လျက်စွန်းတွင် ဆောက်လုပ်ထားသည်။ [[မန္တလေး နန်းတော်|မန္တလေး နေပြည်တော်]]နှင့် မြစ်ကမ်းတဖက်တည်းတွင် ရှိသည်။ နေပြည်တော်နှင့်အနီးဆုံး ခံတပ်ဖြစ်သည်။ ထိုနေရာ တဝိုက်တွင် ဧရာဝတီမြစ်ကမ်းနဖူးများ၌ မြန်မာတို့၏ ခံတပ် သုံးခုကို တြိဂံအနေအထားဖြင့် တည်ဆောက်ထားသည်ကို တွေ့ရသည်။ ၎င်းတို့မှာ ဒုဋ္ဌာဝတီမြစ် တစ်ဘက်ကမ်း ဧရာဝတီမြစ် နဖူးတွင် [[အင်းဝ ခံတပ်|အင်းဝခံတပ်(ခေါ်) ဆင်ကျုံးခံတပ်]]၊ စစ်ကိုင်းဘက်ကမ်းတွင် [[စစ်ကိုင်း ခံတပ်|စစ်ကိုင်းခံတပ်(ခေါ်) အစေခံခံတပ်]]နှင့် သပြေတန်းခံတပ်တို့ ဖြစ်သည်။