မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၅ -
စစ်ကဲ မောင်ထော်လေးအား မြန်မာသက္ကရာဇ် ၁၈၃၅ ခုနှစ် ( ခရစ် ၁၇၇၄ ခုနှစ် ) တွင် မုတ္တမတွင် မွေးဖွားခဲ့သည်။ မွန်သုံးရပ်ရှိသည့် အနက် မောင်ထော်လေးသည် မုတ္တမ [[မွန်လူမျိုး|မွန်မျိုး]]မှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သဘောဖြူစင်၍ စာပေတို့ကို အတော်လိုက်စားသည် ဆို၏။ မောင်ထော်လေး ဟူသော အမည်၌ ထော် ဆိုသော စကားသည် မွန်စကား ဖြစ်သည်။ [[မော်လမြိုင်|မော်လမြိုင်မြို့]]နယ်တွင် ထော် နှစ်ယောက် ပေါ်ပေါက်ခဲ့သည် ဟု ဆိုစကားရှိသည်။ ယင်းမှာ စစ်ကဲ မောင်ထော်လေးနှင့် မွန်သူဌေးကြီး ဦးမွန်ထော်တို့ကို အကြောင်းပြုကာ ပေါ်ပေါက်လာသော စကားဖြစ်သည်။
မောင်ထော်လေးကို ဖွားမြင်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်ဆက်သုံးဆက်မြောက် ဆင်ဖြူရှင်ဘွဲ့ခံ မြေဒူးမင်းနန်းတက်ဆဲဖြစ်၏။ မောင်ထော်လေးအား ဖွားမြင်သော အခါ၌ [[ဆင်ဖြူရှင်မင်း]]( မြန်မာ ၁၁၂၅ -၁၁၃၈ ) နန်းစံသည်မှာ ၁၀ နှစ်ပြည့်ခဲ့ပေပြီ။ မောင်ထော်လေး တစ်နှစ်သား အရွယ် ( ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့ စုန်လာကာ ရွှေတိဂုံစေတီကို ထီးတင်သည်။ ဟံသာဝတီ မွန်မင်းဟောင်း [[ဗညားဒလ]]သည် မွန်လူမျိုးများကို စည်းရုံး၍ ပုန်ကန်မည် စိုးကာ မွန်မင်းဟောင်း ဗညားဒလ၊ ညီ အိမ်ရှေ့မင်းသားဟောင်းနှင့် တကွ ရဲမက်အချို့ကို ရန်ကုန်မြို့လယ်ခေါင်( ယခု ဗိုလ်ဆွန်ပက်လမ်း နေရာဌာန)တွင် ကွပ်မျက်လိုက်လေသည်။ မင်းမှုထမ်းများ ဖြစ်လာသော မောင်ထော်လေး၏ မိဘများသည် မြန်မာဘုရင် လက်အောက်တွင် အမှုထမ်းရွက်ခဲ့ရာ မောင်ထော်လေးသည် အသက် ၂၀ ကျော် အရွယ်တွင် [[ဗဒုံမင်း|ဘိုးတော်ဘုရား]]လက်ထက်၌ ဒလမြို့စား ဖြစ်လာသည်။ [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်ဘုရား (စစ်ကိုင်းမင်း)]] လက်ထက်တွင် မင်းကျော်သီဟ (ကျော်ထင်သီဟသူ) ဟူသော ဘွဲ့ကို သနားမြတ်ခံရသည်။ ထို့ပြင် ရန်ကုန်မြို့ဝန် ဦးအို၏ ယုံကြည်လေးစားခြင်းကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။ ထိုစဉ် မောင်ထော်လေး၏ သူငယ်ချင်း သန်လျင် မြို့ဝန်ဖြစ်နေသူ သမိန်ဘရူးဘွဲ့ခံ မောင်စပ် ဆိုသူသည် သန်လျင်နယ်ခရိုင်တွင် မွန်ဗမာ သွေးခွဲမှုများ ပြုလုပ်ခြင်း၊ အင်္ဂလိပ်ကုန်သဘေငာ်များနှင့် တိတ်တဆိတ် ကူးလူး ဆက်ဆံခြင်း စသည်တို့ကို ပြုလုပ်လျက် ရှိခြင်းကြောင့် ဒလမြို့စား မောင်ထော်လေးနှင့် သန်လျင်မြို့ဝန် မောင်စပ်တို့သည် မသင့်မတင် ကြချေ။ မောင်စပ်၏ ရန်ကြောင့် မောင်ထော်လေးသည် မိမိနှမအား ( နောင်အခါ စစ်ကဲကြီးဖြစ်လာမည့် ) မောင်ခိုင်ဆိုသူနှင့် လက်ဆက်စေခဲ့သည်။
ဦးထော်လေးသည် မိမိအုပ်ချုပ်ရသည့် နယ်မြေကို နိုင်နင်းအေးချမ်းစွာ အုပ်ချုပ်နိုင်သည်။ ထို့ကြောင့် [[ပထမ အင်္ဂလိပ် - မြန်မာစစ်|ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲ]]မဖြစ်ခင်က အင်းဝနေပြည်တော် ရွှေဖဝါးတော်အောက် အဖူးမြော် တက်ရောက်ကာ ဆုလာဘ်များစွာ ချီးမြှင့်သည်ကို ခံယူခဲ့ရသည်။ ထို့ပြင် ဦးထော်လေးသည် စာပေ ပရိယတ္တိ၌လည်း မွေ့လျော်၏။ ဒလတွင်
Line ၂၁ ⟶ ၂၀:
အချို့သော ဆောင်းပါးရှင်တို့က စစ်ကဲမောင်ထော်လေးသည် သစ္စာဖောက်၍ အင်္ဂလိပ်လက်အောက် ရောက်နေသော တနင်္သာရီဒေသ မော်လမြိုင်သို့ ခိုဝင်သွားသည်ဟု ရေးသားကြသည်။ စင်စစ်အားဖြင့်မူ စစ်ကဲ ဦးထော်လေးသည် မောင်စပ်၏ ရန်ကြောင့်လည်းကောင်း၊ မြန်မာမင်း၏ အယုံအကြည်ကင်းမဲ့ခြင်းကို မခံရသင့်ပါလျက် ခံရသောကြောင့်လည်းကောင်း၊ အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် ဘေးကင်းရန် မော်လမြိုင်သို့ ရှောင်ထွက်ခွာသွားခြင်းသာ ဖြစ်လေသည်။ မော်လမြိုင်မြို့သည် အလောင်းမင်းတရား လက်ထက်က ကြီးကျယ်စည်ကားသောမြို့မဟုတ်ချေ။ တောရွာကလေးသာသာ ရှိသည်။ [[အလောင်းမင်းတရား|အလောင်းမင်းတရားကြီး]] ကိုယ်တိုင် ယိုးဒယား(ထိုင်း) သို့ ချီတက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တကျေးကင်းရွာ၌ ၁၁၂၂ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် နတ်ပြည်စံတော်မူသဖြင့် နေပြည်တော်သို့ ဗမာ့တပ်မတော်များ ပြန်လာခဲ့ကြသည်။ ထိုစဉ် ဗိုလ်ချုပ်
စစ်ကဲဦးထော်လေး လက်ထက်က မော်လမြိုင်၌ ရုံးများ ဖွင့်စပြုပြီး ဖြစ်၍ ရုံးခွန်ကို စတင်ကောက်ခံစေသည်။ ဦးထော်လေး၏ လက်ထက်၌ပင်လျှင် မော်လမြိုင်သည် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ၌ ပထမဆုံး မြို့တော်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ သို့မတိုင်မီက အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းမှတ်စ်သည် ရခိုင်ပြည်နှင့်တနင်္သာရီနယ်ပယ်တစ်လွှားကို သိမ်းယူပြီးနောက် ရခိုင်ပြည်ကို အနောက် ဘင်္ဂလားပြည်ဘုရင်ခံ၏ လက်အောက်သို့ လွှဲထား၏။ တနင်္သာရီကို [[မဒရပ်ပြည်နယ်|မဒရပ်]] ပြည်နယ်အစိုးရ လက်အောက်သို့လွဲ၍ အုပ်ချုပ်စေခဲ့သည်။ ထားဝယ်၊ မြိတ်နှင့် တနင်္သာရီမြို့များကိုမူ ဗြိတိသျှပိုင် မလေးကျွန်းစွယ် ပီနန်ဘုရင်ခံလက်အောက်တွင် ခေတ္တလွဲထားသည်။ ပထမ အောက်မြန်မာနိုင်ငံ မြို့တော်အဖြစ် ကျိုက္ခမီကို သတ်မှတ်ရာမှ ဦးထော်လေး ပြုပြင်သဖြင့် မော်လမြိုင်သည် တဖြည်းဖြည်း စည်ကားလာသည်ကို တွေ့ရသဖြင့် မော်လမြိုင်သို့ ပြောင်းလွဲရုံးစိုက်ကာ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ ဤတွင် အင်္ဂလိပ်အစိုးရတို့ကလည်း ဦးထော်လေးအား ပိုမိုလေးစားလာကြသည်။
ထိုစဉ်က မော်လမြိုင်နှင့် အောက်ဗမာပြည်များတွင် စစ်ဘက်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေး ပူးတွဲရှိနေသဖြင့် အင်္ဂလိပ်အစိုးရတို့သည် ဗမာပြည်အတွက် သတ်မှတ်ပြီး သီးခြား ဥပဒေမရှိသေးကြောင်း ထင်ရှားစွာ တွေ့ရလေသည်။ ခရိုင် ဝန်ရှင်တော်မင်းကြီးနှင့် အရေးပိုင် စသော အင်္ဂလိပ်လူမျိုးတို့သည် စစ်ဘက်မှ ကာနယ်၊ မေဂျာ စသောအရာရှိများသာ ဖြစ်ကြသည်။ ယင်းကို ထောက်၍ အင်္ဂလိပ်တို့သည် မြန်မာပြည်ကို နောက်ထပ် တိုက်ခိုက်ရန် တာစူလျက် စစ်ဘက်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိသာနိုင်ပေသည်။
ဦးထော်လေးအား မော်လမြိုင်တွင် အခြေတည်၍ နေထိုင်စဉ် သန်လျင်မြို့ဝန် မောင်စပ်သည် အင်္ဂလိပ်ပိုင် တနင်္သာရီနယ်သို့ နောက်ပါ လူတစ်သောင်းဖြင့် ခိုဝင်လာသည်။ အင်္ဂလိပ်အစိုးရက မောင်စပ်အား တစ်လလျင် ၂၅၀ ကျပ်ပေးကာ အငြိမ်းစား နေစေသည်။ မောင်စပ်သည် မော်လမြိုင်တွင် ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်၌ ကွယ်လွန်သွားခဲ့လေသည်။
စာကြောင်း ၂၉ -
ကောဇာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင်
ဦးထော်လေးသည် မော်လမြိုင်မြို့ကို ပြန်လည်ထူထောင်ခဲ့သည်မှ ၂၅ နှစ်အကြာ ၁၂၁၄ ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးကို စစ်သားများက ဌာပနာတိုက်သို့ရောက်အောင် ရည်ရွယ်၍ အတောင် ၆၀ မျှ တူးဖော် ဖျက်ဆီးပစ်သည်ဆိုသော မကောင်းသတင်းကို ကြားသိရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် ရန်ကုန်သို့ အဆောတလျှင် လာပြီးလျှင် အထက်အစိုးရထံ တိုင်ကြားလေသည်။ ထို့နောက် အထက်အစိုးရထံ အမိန့်ခံယူပြီးလျှင် ဦးထော်လေး ခံတပ်ဂူများမှ အပ ဌာပနာတိုက်ကို ဖောက်ရာ တွင်းပေါက်ဝများကို အတွင်းကျောက်ဖျား အထိ ဂဝံကျောက်၊ ငွေအုတ်ချပ်တို့ စေ့စပ်သေချာစွာ ပိတ်ဆို့ပြုပြင်သည့် အပြင် ရွှေတိဂုံစေတီတော်ကြီးအားလည်း အထက်ချရားသီးမှ ဖိနပ်တော်သို့တိုင် ကိုယ်လုံးပြည့် သင်္ကန်းကပ်လှူခဲ့သည်။ ထီးတော်၌လည်း ရွှေပြားခတ်၍ ရွှေသား၊ ငွေသား သံသေဆည်းလည်း ပေါင်း ၉၆၀ နှင့် ရွှေ၊ ငွေဖြင့် စပ်သော ညောင်ရွက်များ တပ်ဆင် လှူဒါန်းခဲ့လေသည်။ တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး စေတီပျက်စီးနေသည်ကိုလည်း ပြုပြင်ကာ ကျောက်စာတိုင်များ စိုက်ထူခဲ့လေသည်။
အသက် ၇၇ နှစ် အရွယ်သို့ ရောက်သောအခါ ဇရာထောင်းလာသောကြောင့် ဦးထော်လေးသည် မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ဘဝမှ အငြိမ်းစားယူကာ ရန်ကုန်မြို့သို့ ရောက်လာနေထိုင်ခဲ့လေသည်။ ထိုမှ တစ်ဖန် ဒလ (တွံ့တေးမြို့ ) သို့ သွားရောက်နေထိုင်ကာ တွံတေး ရွှေဆံတော် စေတီတော်ကို လှူဒါန်းခဲ့ပြန်လေသည်။ ဦးထော်လေးအား [[ဝိတိုရိယ
အင်္ဂလိပ်အစိုးရတို့သည် ပထမမြန်မာစစ်ပွဲ ၊ ဒုတိယ မြန်မာစစ်ပွဲအတွင်း၌ ပါဝင် ထင်ရှားကျော်စောခဲ့သော အင်္ဂလိပ်စစ်ဗိုလ်များ ၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့လမ်းများကို မှည့်ခေါ်ခဲ့ကြသည်။ ဂုဏ်ပြုမှည့်ခေါ်သူများတွင် အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူ ထင်ရှားခဲ့သော ဦးထော်လေးနှင့် ဦးခိုင်တို့ကိုလည်း အမည်ပေးရန် ပန်ကြားခဲ့ကြသည်။ ယခု ဗိုလ်ဆွန်ပက်လမ်း ဟု ခေါ်တွင်နေသော မောင်ထော်လေးလမ်းကို ဦးထော်လေးက သူ၏ အမည် မှည့်ခေါ်စေလိုခြင်းမှာ (၁) ထိုလမ်း၌ ရန်ကုန်မြို့တွင် ရှေးအကျဆုံးဖြစ်သော ကွန်ဗင့်ကျောင်းဟောင်းကြီး ရှိ၏။ တည်ထောင်သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်မျှရှိပြီဖြစ်၏။ ထိုကျောင်းဆောက်စ အခါက ခရစ်ယာန် ဘာသာပြန့်ပွားသွားမည်စိုး၍ ဦးထော်လေးက အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ထိုကျောင်းတွင် မြန်မာ့သမိုင်း၌ ထင်ရှားသော ဒေါက်တာမတ် ခေါ် ဆရာမှတ်ကြီး နေထိုင်သွားဖူးသည်ဟု ဆို၏။ သို့ကန့်ကွက်ခဲ့သည်ကို အကြောင်းပြု၍ လည်းကောင်း ၊ ( ၂ ) တစ်ဖန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့က ရန်ကုန်ကို တိုက်ခိုက်ရာတွင် ဦးထော်လေးသည် ကန္နားမှ ခုခံရင်း တပ်ဆုတ်ရသော အခါ၌ ထိုလမ်းတစ်လျောက်မှ ဆုတ်ပေးခဲ့ဖူးသောကြောင့် တစ်ကြောင်း၊ ထို နှစ်ကြောင်းတို့ကြောင့် ၎င်းလမ်းကို သူ၏အမည် မှည့်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။
== မျိုးဆက် ==
|