ကာကွယ်ရေးဝန်ကြီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၉ -
}}
[[File:Flag of the Myanmar Armed Forces.svg|မြန်မာ့တပ်မတော် ၏ အလံတော်|thumb]]
၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော်ကို[[တပ်မတော်]] ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် တိုက်ရိုက်ထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့နှင့်ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကိုခံယူရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး [[စိန်ဝင်း (ဝန်ကြီး)|စိန်ဝင်း]] ဖြစ်သည်။
 
== သမိုင်းကြောင်း ==
၁၉၃၅ ခု ဩဂုတ်လ ၂ ရက် နေ့တွင် ၁၉၃၅ ခုနှစ် မြန်မာပြည်အက်ဥပဒေကို [[ဗြိတိသျှ]] အစိုးရက အတည်ပြုထုတ်ပြန်ခဲ့သည်။ အထူးအရေးကြီးသော ဌာနများကို အိန္ဒိယနိုင်ငံဘုရင်ခံချုပ် ကိုယ်တိုင်ကြပ်မတ်အုပ်ချုပ်စေရန် အာဏာအခွင့်အရေးများကို အပ်နှင်းခဲ့သော်လည်း၊ ထိုဥပဒေအပိုဒ် ရ (၁)အရ မြန်မာပြည်ဘုရင်ခံသည် မြန်မာပြည်ကို အိန္ဒိယပြည်အုပ်ချုပ်ရေး နယ်ပယ်ထဲမှ ခွဲထုတ်လိုက်သော ၁၉၃၇ ခုဧပြီလ ၁ ရက်နေ့မှစ၍ တာဝန်ခံ အုပ်ချုပ်ခဲ့လေသည်။ ထိုနေ့၌ပင် ကာကွယ်ရေးဌာနကို အတွင်းဝန်များရုံးတွင် ဖွင့်လှစ်ခဲ့သည်။
 
အခြားဌာနများတွင် မြန်မာအမျိုးသားများကို ဝန်ကြီးများ ခန့်အပ်၍ ကြီးကြပ်စီမံ ခန့်ခွဲစေခဲ့သော်လည်း အရေးကြီးသော ကာကွယ်ရေးဌာနတွင်မူ မြန်မာအမျိုးသားဝန်ကြီး မခန့်ဘဲ၊ ဘုရင်ခံ အတိုင်ပင်ခံအရာရှိ များကို မြန်မာပြည်အက် ဥပဒေ အပိုဒ် ရ (၂)အရ၊ ၃ ယောက်ထက် မများခန့်၍ ဘုရင်ခံ ကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်ခဲ့လေသည်။ ဘုရင်ခံက ခန့်ထားသော ထိုအတိုင်ပင်ခံအရာရှိကြီးများမှာ များသောအားဖြင့် ဗြိတိသျှအစိုးရ၏ သစ္စာတော်ကို အထူးကာကွယ် စောင့်ရှောက်သော အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအဖွဲ့ဝင် အိုင်စီအက်(စ)အရာရှိကြီး များသာ ဖြစ်၏။
စာကြောင်း ၇၃ -
၁၉၄၂ ခု ဇွန်လအလယ်လောက်တွင် ကာကွယ်ရေးဌာနကို အိန္ဒိယပြည် ဆင်းမလားမြို့တွင် ပြန်လည် ဖွဲ့စည်းရုံးထိုင်လေသည်။ ပြိုကွဲပျက်စီးလာသော ကြည်းတပ်ဖွဲ့ အသီးအသီးကိုလည်း ပြန်လည်စုဆောင်း ပြီးသော် မြန်မာပြည်သို့ ပြန်လည် ဝင်တိုက်ခိုက်ရန် ကြိုးစားကြပြန်သည်။ ရေတပ်နှင့် လေတပ်အဖွဲ့ဝင် အရာရှိအရာခံများကိုမူ၊ အိန္ဒိယရေတပ်နှင့် ဗြိတိသျှဘုရင့်လေတပ်မတော်တို့တွင် အသီးအသီး ထည့်သွင်းပေးခဲ့လေသည်။
 
၁၉၄၅ ခု မတ်လတွင် ရန်ကုန်နေပြည်တော်ကိုရန်ကုန်ကို ဗြိတိသျှတပ်များ ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်အုပ်ချုပ်ရေးက အုပ်ချုပ်နေခဲ့သောကြောင့် ကာကွယ်ရေးဌာနကို ၁၉၄၅ ခု နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မှသာ ဆင်းမလားမြို့မှ ရန်ကုန် နေပြည်တော်သို့သို့ ပြောင်းရွှေ့ခဲ့လေသည်။
 
မြန်မာပြည်သို့ ပြန်လည်သိမ်းပိုက်ပြီးနောက် ၁၉၄၆ ခု စက်တင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးအခြေအနေမှာ အထူးလှုပ်ရှားလျက်ရှိသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းအား ပထမအကြိမ် မြန်မာလူမျိုး ဘုရင်ခံ၊ အတိုင်ပင်ခံအရာရှိကြီးအဖြစ် ကာကွယ်ရေးဌာနတွင် ခန့်အပ်ခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်း ကာကွယ်ရေး အတိုင်ပင်ခံ အရာရှိကြီးအဖြစ် ဆောင်ရွက်နေစဉ် နိုင်ငံခြားရေးဌာနကို ခွဲထုတ်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။
စာကြောင်း ၇၉ -
ဒင်္ဂါးနှင့်ငွေစက္ကူများ ထုတ်လုပ်ရေးကိုမူ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနသို့ ပြောင်းပြီးသားဖြစ်၍ ရှမ်းပြည်နယ်တောင်တန်းဒေသများ၊ မဖွံ့ဖြိုးသေးသော နယ်ပယ်များ အုပ်ချုပ်ရေးကိစ္စများကိုမူ တောင်တန်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနသို့ လွှဲအပ်ပြီး ဖြစ်လေသည်။
 
ကာကွယ်ရေးဌာနသည် ထိုအချိန်မှစ၍ တိုင်းပြည်ကာကွယ် ရေးကိစ္စများကို လုံးလုံးလျားလျား တာဝန်ယူပြီးလျှင် အနည်းငယ်ရှိသော ခရစ်ယန်ဂိုဏ်း အုပ်ချုပ်ရေးကိစ္စများကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် [[ဗိုလ်ချုပ်အောင်ဆန်း]] လုပ်ကြံခြင်းခံရ၍ ဗိုလ်မှူးချုပ်လက်ျာကို အတိုင်ပင်ခံ အရာရှိကြီးအဖြစ် ခန့်အပ်ထားလေသည်။
၁၉၄၇ ခု ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာပြည် အပျော်တမ်းလေတပ်နှင့် အပျော်တမ်းရေတပ် အဖွဲ့အစည်းများကို မြန်မာလေတပ်မတော်နှင့် မြန်မာရေတပ်မတော်အဖြစ်သို့ ပြောင်း ပြီးလျှင် ကိုယ်ပိုင် စစ်လေယာဉ်ပျံများနှင့် သင်္ဘောများကို ဝယ်ယူကာ စတင်ဖွဲ့စည်းခဲ့လေသည်။ ရေတပ်မတော်တွင် ပထမဆုံး အလံတင်သင်္ဘောမှာ ယူဗီအက်(စ) မေယုသင်္ဘော ဖြစ်သည်။