ပုဂံ: တည်းဖြတ်မှု မူကွဲများ

→‎တည်နေရာ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၄၁ -
}}
'''တမ္ပဒီပ''' (ခေါ်) ပုဂံသည်[[မြန်မာနိုင်ငံ]]၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ [[မြို့တော်]]ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်၎င်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်၎င်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်၎င်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။
ကျွန်ုပ်တို့ တိုင်းနိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရှေးဟောင်းသုတေသန အစရှိသည်တို့အတွက် အချက်အလက် အထောက်အထားများစွာ ရနိုင်သော နေရာတစ်ခု ဖြစ်သည်။<ref name="autogenerated1">ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှ</ref>
==ပုဂံဟူသည်==
ပုဂံဟု အဘယ်ကြောင့် ခေါ်ဝေါ်ပါသနည်း။ များသောအားဖြင့် '''ပျူဂါမ'''မှ '''ပုဂါမ'''၊ '''ပုဂါမ်'''မှ '''ပုဂံ'''ဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
စာကြောင်း ၄၇ -
ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
 
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု ၎င်း၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု၎င်း ပါရှိသည်။ <ref>ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှ<name="autogenerated1" /ref>
 
== တည်နေရာ ==
စာကြောင်း ၈၉ -
 
=== ရထား===
ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖေါက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားပါသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။ <ref>[http://www.seat61.com/Burma.htm#Yangon-Bagan Train travel in Myanmar (Burma) | Train times, fares, tickets, photos<!-- Bot generated title -->]</ref> မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။ <ref>[http://www.seat61.com/Burma.htm#Mandalay%20-%20Bagan Train travel in Myanmar (Burma) | Train times, fares, tickets, photos<!-- Bot generated title -->]</ref>
 
=== ကားလမ်း ===
"https://my.wikipedia.org/wiki/ပုဂံ" မှ ရယူရန်