ဒီးဒုတ်ဦးဘချို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၂၄ -
== ငယ်ဘဝ ==
'''ဒီးဒုတ်ဦးဘချို''' ကို ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့(၁၂၅၅ ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်)တွင် ဖွားမြင်သည်။ [[မြောင်းမြမြို့]] ဆေးဆရာကြီး ဦးဘိုးစာ၊ ဒေါ်မြစ်တို့၏ သားဖြစ်သည်။ မွေးချင်း(၄)ယောက်အနက် အထွေးဆုံးသားဖြစ်သည်။
မြောင်းမြမြို့ ဆရာဦးမောင်မောင် ကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့ပြီး သတ္တမတန်းကို အထူးအောင်မြင်သဖြင့် စကောလားရှစ် (ခေါ်) ပညာသင်ဆုကို ရခဲ့သည်။[[ရန်ကုန်မြို့]]၊ [[စိန်ပေါလ်ကျောင်း]]တွင် ဆက်လက် ပညာသင်ကြားရာ ၁၀ တန်းကို အထူးအောင်ကာ ပညာသင်ဆုရပြန်သည်။ ပညာသင်ဆုရကာ ၁၆ နှစ်အရွယ်မှာပင် ရန်ကုန်ကောလိပ်၌ တက်ရောက်ပညာသင်ခွင့်ရရှိခဲ့သည်။ [[ရန်ကုန်တက္ကသိုလ်]]၊ ဘီအေ အထက်တန်း သင်နေဆဲ ငယ်စဉ်ကစွဲကပ်ခဲ့သည့် မျက်စိဝေဒနာကြောင့် တက္ကသိုလ်မှ နုတ်ထွက်ခါ ပေါင်းတည်နှင့် ဟင်္သာတမြို့များမှာ ကျောင်းဆရာအဖြစ်လုပ်ကိုင်ခဲ့သည်။ <ref>[https://sites.google.com/site/myanmarsite1/home/dipinkaryarbudda/didoteubacho ဒီးဒုတ္ဦးဘခ်ိဳ - မွတ္စုစာအုပ္<!-- Bot generated title -->]</ref>
== ကျောင်းဆရာဘဝ ==
ဦးဘချိုသည် ကျောင်းထွက်ပြီးနောက် သက္ကရာဇ်၁၂၈၂-ခုနှစ်တွင် [[အမျိုးသားတက္ကသိုလ်]] ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်၍ [[ပေါင်းတည်မြို့]]နှင့် [[ဟင်္သာတမြို့]]များတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ [[အမျိုးသားကောလိပ်]]များဖွင့်လှစ်သည့်အခါ အစိုးရအလုပ်မှ နှုတ်ထွက်လိုက်ပြီး အမျိုးသားကောလိပ်တွင် [[မြန်မာစာ]]သင်ကြားပို့ချခဲ့သည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ <ref>http://yinminkhine.multiply.com/journal/item/332</ref>