အရက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၆၅ -
အရက်သောက်ခြင်းကို လူမှုရေးအနေဖြင့် အနည်းနှင့်အများဆိုသလို တွေ့မြင်ကြရပါသည်။ သို့သော် ကျန်းမာရေးကိုထိခိုက်စေသည် ဆိုသည့်အချက်ကိုကား ငြင်း၍မရချေ။ အရက်သောက်ခြင်းအကျင့်သည် ကျန်းမာရေးရှုထောင့်ကပြည့်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အထူသဖြင့် ငယ်ရွယ်သူ ကျောင်းသား၊ ကျောင်းသူများကို ဦးတည်ပစ်မှတ်ထားပြီး အရက်ကာကွယ်ရေးပညာပေးရေးများ ပြုလုပ်ကြရမည်ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို အရက်စွဲသူများကို အစိုးရကျန်မာရေးဆေးပေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသပေးလျှက်ရှိကြသည်။ အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုဖြစ်လျှင်လည်း စိတ်ကျန်းမာရေး ဆေးရုံများနှင့် စိတ်ကျန်းမာရေး ဆေးကုဌာနများ၌ ဆေးကုသပေးလျှက်ရှိပါသည်။ အရက်သောက်တတ်ပြီး အကျင့်ဖြစ်နေသူများကိုလည်း အရက်ကြောင့်ဖြစ်သည့် ဘေးဒုက္ခဆိုးကျိုးအမျိုးမျိုးကို ပညာပေး သိမ်းသွင်းစည်းရုံးဖို့ရန် လိုအပ်သည်။ အရက်သောက်ခြင်းကြောင့် ရောဂါတွေ ဖြစ်နိုင်ပလို အရက်မသောက်ခြင်းဖြင့် ရောဂါအများအပြားနှင့် အခြားဒုက္ခကို ကာကွယ်ရာ ရောက်ပါသည်။ အရက်ကို စွဲလမ်းစွာ အကျင့်ပါနေသူများအနေနှင့်လည်း ဆေးရုံဆေးခန်းများမှာ စနစ်တကျ ကုသပြီး မိမိရဲ့ အမူအကျင့်ကို တဖြည်းဖြည်းပြုပြင်ဖို့ရန် ကြိုးစားသင့်ပေသည်။
 
ထို့ကြောင့် လူတစ်ဦး အရက်ပြတ်ရန် ပြည်သူလူထုအနေဖြင့် အရက်အန္တရာယ်ဆိုးကျိုးတွေ ခံစားမှုလျော့နည်းဖို့ရန် ဘက်ပေါင်းစုံမှပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။ တနည်းအားဖြင့် အရက်သောက်သုံးမှု ထိန်းချုက်ရေးဆိုင်ရာ စည်းကမ်းများ၊ စနစ်တကျ ဆောင်ရွက်ခြင်းများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပြည့်စုံခြင်းများ၊ ကျန်းမာမှုနှင့် လျော်ညီသော နေထိုင်စားသောက်မှု သဏ္ဌာန်များကို နားလည်ကျင့်သုံးကြလျှင် အရက်ကြောင့် ဖြစ်သည့် ဆိုးကျိုးဘေးအန္တရာယ် နည်းပါးကင်းဝေးပြီး အသက်ရှည်အနာမဲကြောင်းဆိုသည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်တွေ ပြီးပြည်စုံပေလိမ့်မည်။ <ref>[http://www.myanmar.com/newspaper/kyaymon/Jun27.pdf(Page-6) Myanmar.com<!-- Bot generated title -->]</ref>
 
==အရက်ချက်လုပ်ပုံ==
"https://my.wikipedia.org/wiki/အရက်" မှ ရယူရန်