သခင်ကိုယ်တော်မှိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၃၅ -
== အိမ်ထောင်ရေးနှင့်အလုပ်အကိုင် ==
 
၁၈၉၄ ခုနှစ်တွင် အဖ ဦးစံဒွန်းကွယ်လွန်သည်။ ၁၈၉၇ ခုနှစ်တွင် အစိုးရစစ် ၇ တန်းစာမေးပွဲကို [[မုံရွာမြို့]] အလွတ်ပညာသင်ကျောင်းမှ ဦးပဏ္ဍိတ ရဟန်းအမည်ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် [[မော်လမြိုင်မြို့]]သို့ သွားရောက်ပြီး မြန်မာ့တိုင်း သတင်းစာတွင် ပဏ္ဍိလေး ဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။<ref>[http://sandaywe.blogspot.com/2009/11/blog-post_08.html ငြိမ်းဝေ: လေးချိုးဘုရင် သခင်ကိုယ်တော်မှိုင်း<!-- Bot generated title -->]</ref>
 
၁၉၀၀ ပြည့်နှစ် အသက် ၂၄ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်ဝင်လုပ်သည်။ မကြာမီပင် ထိုပုံနှိပ်တိုက်တွင် စာပြင်ဆရာ ဖြစ်လာသည်။
စာကြောင်း ၄၈ -
ထိုနောက် ကဝိသာရ မြဉ္ဇူကျမ်း၊ ပရမတ္တ သံခိပ်အခြေကျမ်း (ဒုတိယတွဲ)တို့ကို ဆရာလွမ်း အမည်ဖြင့် ရေးသားခဲ့ပြန်သည်။ ၁၉၀၇ ခုနှစ်တွင် မြန်မာတိုင်းမ် သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းသွားသောအခါ ဟင်္သာတမြို့ အမရဝတီ စာပုံနှိပ်တိုက်တွင် စာပြုအဖြင့်နှင့် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်ရောက်လုပ်ကိုင်သည်။
 
၁၉၁၀ ပြည့်နှစ်တွင် သူရိယ သတင်းစာ စတင်ထုတ်ဝေသောအခါ အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ခေါင်းဆောင်ကြီးနှင့် ဘုန်းကြီး ဒီပနီတို့ကို ရေးသားခဲ့သည်။ ကဗျာ ပရတ္တ သဂြိုဟ်ကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ မြန်မာ ရာဇဝင်ချုပ်၊ ရွှေနတ်တောင် ဘုရား စာအုပ်များကို ဆရာလွန်းအမည်ဖြင့် ရေးသားထုတ်ဝေခဲ့သည်။<ref>[http://pyuland.blogspot.com/2008/03/blog-post_21.html pyuland: ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ (၁၃၂) မြောက် မွေးနေ့ <!-- Bot generated title -->]</ref>
 
== ချဉ်ပေါင်ရွက်သည်မောင်မှိုင်း ==