ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်): တည်းဖြတ်မှု မူကွဲများ

Cat-a-lot: Moving from Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ to [[Category:မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆော...
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၂၇ -
ဇာဂနာ ကို ၂၀၀၆ ခုနှစ်မှစ၍ လူများအကြား သရုပ်ဆောင်မှုများ၊ ပြဇာတ်များ ပြုလုပ်ခွင့်ကို စစ်အစိုးရမှ ပိတ်ပင်ထားသည်။ ဇာဂနာသည် The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို Free Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ဆိုသည့် အဖွဲ့အစည်းမှ ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန် နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။
 
ဇာဂနာသည် ၂၀၀၈ ခုနှစ် ဇွန်လ ၄ရက်နေ့မှ စ၍ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း သေကြေပျက်စီးမှုများ၊အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့မှုများကို ပြင်ပသတင်းဌာနများနှင့် ပြောဆိုသည်ဆိုကာ ဖမ်းဆီးခံခဲ့ရပြန်သည်။ စစ်တပ်အစိုးရသည် သူ့အား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာသာသနာကို စော်ကားမှု ပုဒ်မ ၂၉၅(က)၊ မတရားအသင်း ဆက်သွယ်မှု၊ ဗီဒီယိုအက်ဥပဒေ အပါအဝင် စုစုပေါင်း(၇) မှုဖြင့် စွဲချက်တင်ထားခဲ့ပြီး၊ ထိုစွဲချက်များသည် သူ့အား ထောင်ဒဏ် ၂ နှစ်ကျစေနိုင်သည်။ <ref>[http://www.rfa.org/burmese/news/zaganar_in_special_court-09202008152632.html ဇာဂနာကို အင်းစိန်ထောင် သီးသန်ႛရုံးမြာ စစ်ဆေး<!-- Bot generated title -->]</ref>
 
== ဘဝအစ ==
စာကြောင်း ၅၂ -
 
==လွတ်မြောက်==
၂၀၁၁-ခု၊ အောက်တိုဘာလ(၁၂) ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၄၉/၂၀၁၁ အရ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၆၃၅၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြုရာ မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည် လွတ်လာခဲ့သည်။ <ref>[http://www.bbc.co.uk/burmese/burma/2011/10/111012_prisoners_release.shtml အကျဉ်းသား ၆၃၅၉ ယောက် ပြန်လွတ် - BBC News မြန်မာ<!-- Bot generated title -->]</ref>