မြန်မာအမျိုးသား လေကြောင်းလိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၄၁ -
 
== လေကြောင်းလိုင်းချဲ့ထွင်မှုနှင့် အဆင့်မြှင့်တင်မှုများ (၂၀၁၀ မှ ယနေ့အထိ) ==
မြန်မာလေကြောင်းသည် ဖော်ကာအက်ဖ်-၂၇ လေယာဉ်အမျိုးအစားများကို ၁၉၆၃ ခုနှစ်မှစတင်၍ အသုံးပြုခဲ့သည်။ ထိုလေယာဉ်အမျိုးအစားကို နှစ်၄၀ထက်မနည်း ပျံသန်းခဲ့ကြပြီး မြန်မာလေကြောင်းပိုင် လေယာဉ်များထဲတွင် မတော်တဆဖြစ်မှုအများဆုံး လေယာဉ်လည်း ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံလုပ် အမ်အေ-၆၀ လေယာဉ် ၃စီးဖြင့် အစားထိုးကာ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များအားလုံးကို ပျံသန်းမှုမှ အနားပေးခဲ့သည်။<ref>[http://english.people.com.cn/90001/90777/90851/7229697.html Myanmar airline replaces old aircrafts for safe flight - People's Daily Online<!-- Bot generated title -->]</ref> လက်ကျန် လေယာဉ်များအနက်မှ တစ်စီးကို ပြည်သူ့ရင်ပြင် တွင်အလှပြသရန် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလက ရွှေ့ပြောင်းခဲ့သည်။<ref>http://www.elevenmyanmar.com/national/2592-old-fokker-to-be-on-display-in-yangon</ref> တစ်ဖန် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ သက်တမ်းနှစ် ၃၀ကျော်ပြီဖြစ်သော ဖော်ကာအက်ဖ်-၂၈-၄၀၀၀ အမျိုးအစားလေယာဉ်များကိုလည်း တစ်စီးပြီးတစ်စီး ပျံသန်းမှုမှ ရပ်နားခဲ့သည်။ ထိုလေယာဉ်များနေရာတွင် အစားထိုးရန် အမေရိကန် နှင့်အိုင်ယာလန်ပိုင် လေယာဉ်ငှား ကုမ္ပဏီ GE Capital Aviation Services Limited မှ အမ်ဘရာရာ ၁၉၀ အမျိုးအစားလေယာဉ်နှစ်စီး ငှားရန်းခဲ့သည်။ ယခင် ဖော်ကာအက်ဖ်-၂၈ ပြေးဆွဲခဲ့သော လမ်းကြောင်းများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေကြပြီး မြန်မာ့လေကြောင်းသည် အရှေ့တောင်အာရှတွင် အဆိုပါလေယာဉ်အမျိုးအစား ပထမဦးဆုံး အသုံးပြုသော လေကြောင်းလိုင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ထိုလေယာဉ်များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်နှင့် အိန္ဒိယနိုင်ငံ ဂယာမြို့များသို့ ပျံသန်းရန်လည်း အစီအစဉ်ရှိသည်။
 
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင် အမေရိကန်အခြေစိုက် GECAS လုပ်ငန်းနှင့် ဒေါ်လာ သန်း ၉၆၀ တန်ဖိုးရှိ Boeing 737-800s လေယာဉ် (၆) စီးနှင့် Boeing 737 MAX လေယာဉ် (၄) စီး ငှားရမ်းသည့်စာချုပ်ဖြစ်သည်။ အဆိုပါ စာချုပ်မှာ မြန်မာနိုင်ငံ လေကြောင်းလိုင်းများမှ အကြီးမားဆုံး လေယာဉ်မှာယူမှု ဖြစ်ပြီး အမေရိကန် နှင့် မြန်မာနိုင်ငံတို့အကြား ရောင်းဝယ်မှု အကြီးမားဆုံး စာချုပ်လည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာ့လေကြောင်းမှ မြန်မာအမျိုးသားလေကြောင်း အဖြစ် နာမည်ပြောင်းလဲခဲ့သည်။
စာကြောင်း ၁၉၉ -
* ၁၉၇၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် Douglas C-47B XY-ACM အမျိုးအစား လေယာဉ်ပျံတစ်စီး သံတွဲလေဆိပ်မှ ခရီးသည်များ တင်ဆောင်ပြီး ပြေးလမ်းနှင့် လေယာဉ်ဝမ်း ယှက်သန်းမှုကြောင့် လူပေါင်း ၂၈ ဦး သေဆုံးခဲ့ရသည်။<ref name=ASN160872>{{cite web|url=http://aviation-safety.net/database/record.php?id=19720816-1|title=XY-ACM Accident description |publisher=Aviation Safety Network |accessdate=7 September 2010}}</ref>
* ၁၉၇၂ ခုနှစ်တွင် Vickers Viscount XY-ADF အမျိုးအစားလေယာဉ်ပျံသည် စစ်တွေလေဆိပ်တွင် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ပြေးလမ်းပေါ် ဆင်းသက်စဉ် လေယာဉ်ဘီးအုံပျက်စီးခဲ့ရသည်။<ref name=ASN240872>{{cite web|url=http://aviation-safety.net/database/record.php?id=19720824-0 |title=Accident description |publisher=Aviation Safety Network |accessdate=8 October 2009}}</ref>
* ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် Fokker F27 လေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထွက်ခွာစဉ် ပျက်ကျခဲ့သည်။ ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၄၅ ဦးပါရှိပြီး ၁၆ ဦး သေဆုံးခဲ့ရသည်။ <ref>[https://en.wikipedia.org/wiki/1998_in_aviation 1998 in aviation - Wikipedia<!-- Bot generated title -->]</ref>
* ၁၉၉၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာ့လေကြောင်းပိုင်လေယာဉ်ပျံ ၆၃၅ သည် တာချီလတ် လေဆိပ်အနီး ၂မိုင်အကွာရှိ တောင်အား လေယာဉ်ဝမ်းဖြင့် ပွတ်တိုက်မှုကြောင့် လူပေါင်း ၃၆ ဦး သေဆုံးခဲ့ရသည်။<ref name=AFP1998>{{cite web
|url=http://www.burmalibrary.org/reg.burma/archives/199808/msg01228.html
စာကြောင်း ၂၀၇ -
|accessdate=10 November 2010}}</ref>
* ၂၀၀၉ ခုနှစ် ဇွန်လ ၆ ရက်န့တွင် FokkerF28-4000 လေယာဉ်အမျိုးအစားသည် စစ်သွေလေဆိပ်တွင် ပြေးလမ်းကျော်သွားခဲ့သည်။<ref name=XYADW>{{cite web|url=http://www.jacdec.de/info/2009-06-06_XY-ADW.pdf |title=06. June 2009 Myanma Airways Fokker 28-4000 XY-ADW Sittwe Airport, Myanmar (Burma)|publisher=Jacdec|accessdate=17 May 2013}}</ref>
* ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် Cessna Caravan လေယာဉ်အမျိုးအစား၊ ရန်ကုန်မြို့မှ မာန်အောင်မြို့သို့ ပျံသန်းလာသော ခရီးစဉ်အမှတ် UB-241 သည် မာန်အောင် လေဆိပ်သို့ ဆင်းသက်စဉ် ဘီးပေါက်၍ ပြေးလမ်းချော်ခဲ့သည်။ အဆိုပါ မတော်တဆမှုတွေ ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ ထိခိုက်မှုမရှိခဲ့ပေ။<ref>[http://www.news-eleven.com/local/27876 ဟာရီကိန်း ဟက်ထရစ်နဲ့ နိုင်ခဲ့တဲ့ စပါး၊ လက်စတာကို အမှတ်ခွဲပေးခဲ့ရတဲ့ မန်ယူ - Eleven Media Group<!-- Bot generated title -->]</ref>