ရာဇတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၉၉ -
တစ်ခါက အိန္ဒိယ နယူးတိုင်း မဂ္ဂဇင်းသို့ [[ရှမ်းပြည်နယ်]]၌ အထူးကျော်ကြားသော ၃၆-ကောင်ထီအကြောင်းကို ကြေးစန္ဒီနတ်ရုပ်နှင့် တကွ အတိတ်ပေးပုံ၊ ကပ်တိတ်၊ အနီး ဖေါ်ပြပြီးလျှင် ပေးပို့ခဲ့ရာ ပထမတန်း ဆောင်းပါးဆုကို ရရှိခဲ့ဖူးလေသည်။
 
ဆရာကြီးသည် အင်္ဂလိပ်စာသာမက [[မြန်မာစာ]]လည်းကျွမ်းကျင်သူဖြစ်သည်။ မြန်မာနှင့် ပါဠိဘာသာရပ်များကိုကျောင်း သင်ကြားခဲ့ရခြင်းမဟုတ်ဘဲ ကျောင်းပိတ်ရက်များအတွင်း [[မန္တလေးမြို့]]၊ နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန် ကျောင်းတိုက်၊ အတုမရှိကျောင်းတိုက် စသည့်ကျောင်းတိုက်များရှိ တိုက်အုပ်ဆရာတော်များထံ၌ သွားကာလေ့လာသင် ယူခဲ့ခြင်းဖြစ်သည်။<ref>[http://myatlayngon.blogspot.com/2010/07/blog-post_3919.html မြတ်လေးငုံ: အာဇာနည် နှစ်ဦးရေးသည့် ကဗျာ<!-- Bot generated title -->]</ref>
[[File:U Razte & Daw Khin Khin.jpg|thumbnail|]]
၁၉၃၈-ခုနှစ်တွင် မြန်မာနိုင်ငံတဝှမ်းလုံး ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ ထိုအခါ [[မန္တလေးမြို့]] ရှိ [[ဥရောပ]] တိုက်သား ပညာဝန်နှင့် အရေးပိုင်ကြီးတို့သည် ဆရာကြီး ဦးရာဇာတ်အုပ်ချုပ်ရာ အမျိုးသားကျောင်း သို့ရောက်ရှိလာကြသည်။ ထိုနောက်အရာရှိကြီးများက ကျောင်းသားများ ကျောင်းကို သပိတ်မှောက် မမှောက်မေးကြရာ ဆရာကြီးက ‘ကျုပ်ကျောင်းကို ကျုပ်ကျောင်းသားများ ဘယ်တော့မှ သပိတ်မမှောက်' ဟုဖြေဆိုလိုက်သဖြင့် ဝမ်းသာကာပြန်သွားကြသည်၊
စာကြောင်း ၁၀၈ -
 
== လူမှုဆက်ဆံရေး ==
ဦးရာဇတ်သည် ဖခင်၏ [[အစ္စလာမ်]] အယူဝါဒကို လက်ခံသော်လည်း မိခင်၏ [[ဗုဒ္ဓဘာသာ|ဗုဒ္ဓ အယူဝါဒ]]ကိုလည်း မပစ်ပယ်ချေ။<ref name="autogenerated1">[http://www.burmalibrary.org/show.php?cat=1107 Online Burma Library > Main Library > Non-Burman and non-Buddhist groups > Muslims in Burma<!-- Bot generated title -->]</ref> များသောအားဖြင့် ဆရာကြီးသည် ဗုဒ္ဓအယူဝါဒီ ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီး ပေါင်းသင်းဆက်ဆံလေ့ရှိသည်။ ထို့ကြောင့် ဗုဒ္ဓအယူဝါဒကို အထူးလေးစားသော မန္တလေးမြို့ကဲ့သို့သော မြို့ကြီးတစ်မြို့ရှိ အမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ် အဖြစ်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းအုပ်အဖြစ် အမှုထမ်းစဉ် ကျောင်းသားများ၏ ကိုယ်လက်ကျန်းမာရေးအတွက် ကွင်းဆင်းချိန်၌ ကွင်းမဆင်းသူများနှင့် နံနက်တိုင်း ဘုရားရှိခိုးချိန်တွင် ဘုရားရှိခိုးမတက်သော ကျောင်းသားများကို ကြိမ်လုံးတစ်ချောင်းဖြင့် ကြပ်မတ်ပေးလေ့ရှိသည်။
 
ဆရာကြီးဦးရာဇတ်သည် ဂုဏ်ရည်တူသူများ၊ အထက်တန်းကျသူများနှင့် ဆက်ဆံ ရာတွင် မျက်နှာထားတည်တည်နှင့် ဆက်ဆံလေ့ရှိသော်လည်း တပည့်များနှင့် ဆက်ဆံရာတွင် အမြဲလိုလိုပင် ဆေးပေါ့လိပ်ကြီးကိုခဲကာ မဲ့ပြုံးကလေး ပြုံးလျက်ဆက်ဆံလေ့ ရှိသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများက ဆရာကြီးကို အမြဲတစေ ချစ်ကြောက်ရိုသေကြသည်။
စာကြောင်း ၁၃၈ -
 
== ဘဝနိဂုံး ==
ဦးရာဇာတ်သည် ကွယ်လွန်သည့်အချိန်တွင် ဗုဒ္ဓဘာသာ '''ပါဠိတက္ကသိုလ်''' တစ်ခုဖြစ်မြောက်ရေး ကိုကြိုးပမ်းနေဆဲဖြစ်သည်။ ဆရာကြီးကွယ်လွန်သောအခါ ဇနီးဒေါ်ခင်ခင်နှင့် သား ၂-ယောက်၊ သမီးတစ်ယောက်ကျန်ရစ်ခဲ့လေသည်။ <ref>မြန်မာစွယ်စုံကျမ်း</ref><ref>http://www.burmalibrary.org/show.php?cat name=1107<"autogenerated1" /ref>
 
== ကိုးကား ==