ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၇၅ -
== သမိုင်းကြောင်း ==
[[ဂေါတမမြတ်စွာဘုရား]] လောင်း ဖြစ်တော်မူသော [[သိဒ္ဓတ္ထမင်းသား]] ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော [[သုဒ္ဓေါဒနမင်းကြီး]] နှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃)
မဟာသက္ကရာဇ် ၆၈ ခုကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာ ခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား[[နီပေါနိုင်ငံ ]] လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ဘီစီ (၅၈၈) တွင် ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သည်။သက်တော် ၂၉ နှစ် (ဘီစီ ၅၉၄) မှ သက်တော် ၃၅ နှစ် (ဘီစီ ၅၈၈) ၆ နှစ် တိုင်တိုင် [[တရားရှုမှတ်ခြင်း]] ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ (၅၈၈) တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ <ref>[http://buddhist-meditation-techniques.com/loving-kindness-meditation/ buddhist-meditation-techniques.com<!-- Bot generated title -->]</ref><ref>http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA</ref> ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည်ခြောက်နှစ်ပတ်လုံး ဒုက္ကရ စရိယာအကျင့်ကို ကျင့်ပြီးလျှင်(ဘီစီ ၅၈၈) ၁ဝ၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဗောဓိပင် ရင်းဝယ်၊ သဗ္ဗေညုတဉာဏ်တော်ကိုရ၍၊ လောကသုံးပါးတွင်အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။
 
မဟာဗောဓိပင်နှင့်တကွ သတ္တဌာနတို့ တည်ရှိရာ နယ်မြေကို ဘုရားရှင်လက်ထက်တော်အခါက ဂါယာဟု မခေါ်သေးပေ။ ထိုစဉ်က ဂါယာဟူသည် သီးခြားဒေသတခု၏ အမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူရန် မဟာဗောဓိပလ္လင်မှ ၁၈ ယူဇနာကွာဝေးသော မိဂဒါဝုန်တောသို့ ခြေလျင်ကြွတော်မူရာ မဟာဗောဓိပင်နှင့် ဂါယာ၏ စပ်ကြား၌ ဥပကအမည်ရှိ တက္ကတွန်းနှင့် တွေ့ဆုံကြောင်း ဝိနည်းမဟာဝါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ ပါရှိသည်။ ဋီကာ၌ည်း မဟာဗောဓိနှင့် ဂါယာသည် သုံးဂါဝုတ် ကွာကြောင်း ပြောဆိုသည်။ မဟာဗောဓိ ပလ္လင်ရှိရာ နယ်မြေသည် ဂါယာနယ်တွင် အပါအဝင်ဖြစ်ခဲ့သော် ဤသို့ ပြဆိုရန် မရှိပေ။ သို့ဖြစ်၍ မြတ်စွာဘုရား ပွင့်တော်မမူမီကပင် မဟာဗောဓိပင်နှင့် သုံးဂါဝုတ် ဝေးသောအရပ်၌ ဂါယာဟုခေါ်သောအရပ် သီးခြားရှိသည်။ ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဂါယာနယ် ကျယ်ပြန့်လာ၍ မဟာဗောဓိပင်ရှိသော အရပ်သည် ဂါယာနယ်အတွင်း ဝင်သွားပြီးလျှင် ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ရွှေဉာဏ်တော်ရခြင်းနှင့် စပ်လျဉ်းသော ဒေသတဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်တွင်လာသည်။ ဗုဒ္ဓဂါယာ၌ ဘုရားရှင် သဗ္ဗညုတ ဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိက အထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ အသောက ခေါ် သီရိဓမ္မာ သောကမင်းကြီး ဖြစ်သည်။
စာကြောင်း ၁၀၃ -
== ဗုဒ္ဓဂါယာ မှာ ဗုံးကွဲမှု ==
{{main|ဗုဒ္ဓဂါယာ မှာ ဗုံးကွဲမှု}}
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ် အထားဆုံး နေရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ (Bodh Gaya) မဟာဗောဓိစေတီနှင့် အနီးတဝိုက်တွင် ၂၀၁၃ ခုနစ်၊ ဇူလိုင်လ ၇ ရက်နေ့ တနင်္ဂနွေနေ့ မနက် ၆ နာရီ နီးပါးတွင် အကြမ်းဖက်သမားများ၏ ဗုံးပေါက်ကွဲမှု ၄ ခု ဆက်တိုက် ဖြစ်ခဲ့သည်။ မဟာဗောဓိစေတီ အနီးဝန်းကျင်ရှိ နေရာများတွင်လည်း နောက်ထပ် ဗုံး ၅ လုံးခန့် ထပ်မံ ပေါက်ကွဲခဲ့သည်။ ဗုံးများသည် ချိန်ကိုက်ဗုံးများဖြစ်ကာ၊ တလုံးနှင့်တလုံး ၅ မိနစ်ခန့် ခြားပြီး ပေါက်ကွဲသည်ဟု ဆိုသည်။ ပေါက်ကွဲမှုကြောင့် မြန်မာ ဆရာတော် တစ်ပါး၊ တိဘက် ဘုန်းတော်ကြီး တစ်ပါးနှင့် ဒေသခံ ၅ ဦးခန့် ဒဏ်ရာ ရရှိသွားသည်။ မပေါက်ကွဲသေးသော နောက်ထပ် ဗုံး ၂ လုံးကိုလည်း ဗုဒ္ဓဂါယာနယ်မြေထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်။ အိန္ဒိယအစိုးရမှ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း ဖေါ်ပြလိုက်ပြီး၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းမှ ဤဖေါက်ခွဲမှု အပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။ အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီဥက္ကဋ္ဌ [[ဆိုနီယာဂန္ဒီ]] နှင့် [[သီရိလင်္ကာနိုင်ငံ]] သမ္မတ မာဟင်ဒါ ရာဂျာ ပါကစ တို့ကလည်း ဗုဒ္ဓဂါယာ မဟာဗောဓိစေတီ အနီးတဝိုက် ဗုံးပေါက်ခွဲအကြမ်းဖက်မှုအပေါ် (cowardly attack) အဖြစ်ပြစ်တင်ရှုတ်ချခဲ့ကြသည်။<ref>[http://www.indiatvnews.com/politics/national/bodh-gaya-blasts-a-cowardly-act-says-sonia-gandhi--11066.html?ref=veng Bodh Gaya blasts a cowardly act, says Sonia Gandhi | National News – India TV<!-- Bot generated title -->]</ref><ref>http://www.hindustantimes.com/India-news/NewDelhi/Blasts-in-Bodh-Gaya-a-cowardly-act-says-Sonia-Gandhi/Article1-1088797.aspx</ref><ref>[http://www.thehindu.com/news/international/sri-lanka-president-saddened-by-bodh-gaya-explosions-official/article4891194.ece?ref=sliderNews Rajapaksa expresses shock - The Hindu<!-- Bot generated title -->]</ref><ref>[http://hlaoo1980.blogspot.com/2013/07/burmese-monks-injured-in-bodhgaya-bomb.html Hla Oo's Blog: Burmese Monks Injured In Bodhgaya Bomb Blasts<!-- Bot generated title -->]</ref> ဗုံးပေါက်ကွဲအကြမ်းဖက်မှုများ ဖြစ်ခဲ့ပြီး နောက်တစ်နေ့၂၀၁၃ ခုနစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဂါယာက ဈေးဆိုင်တွေ အားလုံး ပိတ်ထားခဲ့ကြသည်။
 
==ဓာတ်ပုံများ==