ကျော်ဇော၊ ဗိုလ်ချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၃၀ -
==ငယ်ဘဝနှင့်ပညာရေး==
၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သာယာဝတီမြို့နယ်၊သုံးဆယ်မြို့ ဆိုင်းစုကျေးရွာ၌ ဦးပန်း၊ ဒေါ်တင့် မိဘနှစ်ပါးမှ မွေးဖွားသည်။ အမည်ရင်းမှာ မောင်ရွှေ ဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည့်အချိန်ကျမှ ဗိုလ်ကျော်ဇောဟူသော အမည်ကို ခံယူခဲ့သည်။
မြန်မာဗုဒ္ဓဘာသာဝင် ဖြစ်ပြီး သုံးဆယ်မြို့အထက်တန်းကျောင်းတွင် အထက်တန်းအဆင့်အထိ ပညာသင်ယူခဲ့သည်။ သာယာဝတီမြို့တွင် တိုင်းရင်းမြန်မာ စာသင်ကျောင်းတွင် ကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။<ref>[http://newsdeyea.blogspot.com/2009/12/blog-post_1838.html တပ်မတော်သားများ ပြည်သူကို ရန်သူလို သဘော မထားရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း | ဒီရေ သတင်းများ<!-- Bot generated title -->]</ref>
 
== စစ်ပညာသင်ကြားခဲ့ရပုံ ==
စာကြောင်း ၄၁ -
== ထမ်းဆောင်ခဲ့သောတာဝန်များ ==
ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် စစ်ကြောင်းနှင့် မော်လမြိုင် စစ်ကြောင်းအတိုင်း [[မြန်မာနိုင်ငံ]]အတွင်းသို့ ချီတက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။
၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဘီအိုင်အေ ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။<ref>[http://zotang.blogspot.com/2009/12/blog-post.html Freedom, Peace & Justice: ဗိုလ်မှူးချုပ် ကျော်ဇော ၉၀ ပြည့်ပြီ၊ တပ်မတော်သားများကို ပြည်သူ့ဘက် ရပ်တည်ရန် မွေးနေ့တွင် တိုက်တွန်း<!-- Bot generated title -->]</ref>
 
၁၉၄၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ ကျင်းပသော ဖက်ဆစ် တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော ဖဆပလ အစည်းအဝေးသို့တက်ရောက်သည်။ ထိုအစည်းအဝေးမှာ ဖက်ဆစ်ဂျပန်တို့အား တော်လှန် တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်သော အစည်းအဝေးဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗိုလ်ကျော်ဇောသည် တိုင်း (၄) ပဲခူး ရွှေကျင် သထုံတွင် တိုင်းမှူးအဖြစ် တာဝန်ယူကာ ဖက်ဆစ် ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့သည်။