ဆေးလိပ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၂၆ -
၁၈၈၁-ခုနှစ်တွင် [[အမေရိကန်ပြည်ထောင်စု]]၌ စီးကရက်စက်ရုံ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈၈၄-ခုနှစ် ဧပြီလ ၃၀-ရက်နေ့တွင် ဂျိမ်းစ်အေဘွန်ဆက်သည် တရက်လျှင် စီးကရက်တသိန်း နှစ်သောင်းထွက်နိုင်သော စီးကရက်စက်ရုံကို တည်ထောင်ချိန်မှစ၍ စီးကရက်ဈေးနှုန်းများ ကျဆင်းလာပြီး သောက်သုံးမှုလည်း တိုးပွားလာပါသည်။ ၁၈၉၂-ခုနှစ်တွင် အလွယ်တကူ သယ်ဆောင်သွားနိုင်သော မီးခြစ်များ ပေါ်ထွက်လာသော အခါ စီးကရက်သောက်သုံးမှုမှာ အလွန်တွင်ကျယ်လာခဲ့ပါသည်။
 
[[ပထမကမ္ဘာစစ်]]နှင့် [[ဒုတိယကမ္ဘာစစ်]]များတွင် စီးကရက်သည် စစ်သားများအတွက် မရှိမဖြစ်လိုအပ်သော ရာရှင်ပါပစ္စည်းတခု ဖြစ်လာပါသည်။ ၁၉၁၃-ခုတွင် ပေါ်ပေါက်သော Camel စီးကရက်သည် ပထမဆုံး ခေတ်ပေါ်နည်းပညာဖြင့် ထုတ်လုပ်သော စီးကရက်ဖြစ်ပါသည်။ ၁၉၇၂-တွင် Marlboro ([[မာပိုလို]]) စီးကရက်သည် ကမ္ဘာ့ရောင်းအား အကောင်းဆုံး စီးကရက် ဖြစ်လာပါသည်။ စင်စစ် Marlboro ဆိုသောအမည်မှာ Men always remember Love because of romance only<ref>http://www.google.co.th/search?hl=th&client=firefox-a&hs=7mB&rls=org.mozilla%3Aen-US%3Aofficial&q=Men+always+remember+Ladies+because+of+romance+only&aq=f&aqi=&aql=&oq=</ref><ref>[http://mmogamesale.wordpress.com/2010/01/11/marlboro-men-always-remember-love-because-of-romance-only/ Marlboro-Men Always Remember Love Because Of Romance Only | Mmogamesale's Blog<!-- Bot generated title -->]</ref> ဆိုသော ဝါကျမှ ရှေ့ဆုံးစားလုံးများကို ဆက်ခေါ်ဆိုခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်မူ လင်းခေးဦးထွန်းမြင့်သည် အမေရိကန်နိုင်ငံမှ ဗာဂျီးနီးယားဆေးရွက်ကြီးကို ယူဆောင်လာပြီး လင်းခေးမြို့တွင် ဗာဂျီးနီးယားဆေးရွက်ကြီး လုပ်ငန်းကို စတင်ရင်း မြန်မာ့ဆေးလိပ်ခေတ်ကို ဆန်းသစ်စေခဲ့ပါသည်။
 
==ဆေးလိပ်နှင့် ကျန်းမာရေး==