ဂျီဘူတီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၄၅ -
'''ဂျီဘူတီ''' ('''Djibouti''') ၏ တရားဝင်အမည်မှာ ဂျီဘူတီသမ္မတနိုင်ငံ ('''Republic of Djibouti''') ဖြစ်သည်။ အာဖရိကတိုက်၏ အရှေ့ဘက်၊ ပင်လယ်နီ၏ ထွက်ပေါက် ဖြစ်သော အရှေ့ဘက် ရေလက်ကြားအနီးရှိ [[အာဖရိက ဦးချိုဒေသ]] တွင် တည်ရှိသည်။ မြောက်ဘက်တွင် [[အီရီထရီးယားနိုင်ငံ]]၊ အနောက်ဘက်နှင့်တောင်ဘက်တွင် [[အီသီယိုးပီးယားနိုင်ငံ]]၊ အရှေ့တောင်ဘက်တွင် [[ဆိုမာလီယာနိုင်ငံ]]တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ကျန်သောအရပ်မျက်နှာများတွင် [[ပင်လယ်နီ]] နှင့် [[အေဒင်ပင်လယ်ကွေ့]] တို့နှင့် ထိစပ်နေသည်။ ယခင်က ပြင်သစ် ဆိုမာလီနိုင်ငံ ဖြစ်သည့် အဖားနှင့် အစ္စတ်နယ်နှစ်ခုပေါင်းစည်း ထားခြင်းဖြစ်သည်။ ကျဉ်းမြောင်းသော နိုင်ငံငယ်ဖြစ်သော်လည်း ဆူးအက်တူးမြောင်း ပင်လယ်ရေကြောင်း လမ်းခရီး၌ တည်ရှိသောကြောင့် ဤနိုင်ငံငယ်သည် အရေးပါနေလေသည်။၂၀၀၉ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၈၆၅,၀၀၀ မျှသာရှိသော ဂျီဘူတီနိုင်ငံသည် အာဖရိကတိုက်၏ လူနေအကျဲပါးဆုံးသောတိုင်းပြည် ဖြစ်သည်။ <ref>[http://data.worldbank.org/country/djibouti World Bank country data Djibouti (2009) (number rounded)]</ref> [[အစ္စလမ်ဘာသာ]]သည် လူဦးရေ၏ ၉၄% က ကိုးကွယ်ကြပြီး အများစုကိုးကွယ်ရာဘာသာဖြစ်သည်။ ကျန်သော ၆%မှာ [[ခရစ်ယာန်ဘာသာ]] ဖြစ်သည်။ ဂျီဘူတီနိုင်ငံတွင် ဆိုမာ လီအနွယ်ဝင် အစ်ဆာလူမျိုး၊ အက်ဖာ လူမျိုးအများစုနှင့်အတူ ဥရောပတိုက်သားများ၊ အာရပ်လူမျိုးများလည်း လူနည်းစုအဖြစ် နေထိုင်ကြသည်။
 
မြို့တော်မှာ ဂျီဘူတီမြို့ ဖြစ်သည်။ ၁၈၀၀ ပြည့်လွန်နှစ်များတွင် [[ပြင်သစ်]]တို့က ဆိုမာလီ[[ဆူလတန်]]တို့နှင့် စာချုပ်အမျိုးမျိုး ချုပ်ဆိုကာ ဂျီဘူတီနှင့် [[ပြင်သစ်ဆိုမာလီ]] တို့ကို [[ကိုလိုနီ]]အဖြစ်သိမ်းပိုက်ခဲ့သည်။ <ref>[http://www.infoplease.com/ipa/A0107467.html Djibouti,Geography,Government,History<!-- Bot generated title -->]</ref> နှစ်ပေါင်း ၁ဝဝ ကျော် ပြင်သစ်တို့၏ ကိုလိုနီ ဘဝဖြင့် နေထိုင်ခဲ့ရသော ဂျီဗူတီနယ်သူ နယ်သားများသည် ၁၉၆၇ ခုနှစ် မတိုင်မီကပင် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်၍ လွတ်လပ်ရေး တောင်းဆိုခဲ့ကြ လေသည်။ ပြင်သစ်တို့က လက်မလွှတ်လိုကြသကဲ့သို့ နယ်စပ်ချင်း ဆက်စပ်လျက်ရှိသော အီသီအိုးပီးယားနိုင်ငံနှင့် ဆိုမာလီးယား နိုင်ငံတို့ကလည်း ယင်းတို့၏ နယ်ပယ်များအတွင်းသို့ သွတ်သွင်းလိုကြသည်။
 
၁၉၇၅ ခုနှစ်တွင် အီသီအိုးပီးယန်း လူမျိုးတို့နှင့် နှီးနွှယ်သော အဖားတိုင်းရင်းသားတို့နှင့် ဆိုမာလီတို့နှင့် နှီးနွှယ်သော အစ္စတ်တိုင်းရင်းသားတို့ ပဋိပက္ခ ဖြစ်ခဲ့ကြ သေးသည်။ သို့သော် အဖားတိုင်းရင်းသားများနှင့် အစ္စတ်တိုင်းရင်းသားများ၏ လွတ်လပ်ရေးကို စုပေါင်းတောင်းဆို ဆန္ဒပြမှုများကြောင့် ၁၉၇၇ ခုနှစ် ဇွန် လ ၂၇ ရက် နေ့ တွင် ဂျီဘူတီနိုင်ငံအဖြစ် လွတ်လပ်ရေး ရခဲ့လေသည်။ လွတ်လပ်ရေးရပြီးသော်လည်း ဂျီဘူတီနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် နက်ရှိုင်းစွာဆက်ဆံပြီး စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ ပြင်သစ်ထံမှာ လုံခြုံရေးနှင့် စီးပွားရေးအကူအညီမြောက်မြားစွာ ရယူနေဆဲဖြစ်သည်။ <ref>[http://globaledge.msu.edu/countries/djibouti/government/ Djibouti: Government >> globalEDGE: Your source for Global Business Knowledge<!-- Bot generated title -->]</ref>
 
လွတ်လပ်ရေးရရှိခဲ့သော ဂျီဗူတီသမ္မတနိုင်ငံအား ၁၄၈ နိုင်ငံမြောက် ကုလသမဂ္ဂ အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုရန် လုံခြုံရေးကောင်စီက မဲပေးထောက်ခံခဲ့လေသည်။၁၉၇၇၊ စက်တင်ဘာလ (၂၀)ရက်တွင် [[ကမ္ဘာ့ကုလသမဂ္ဂ]] သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ <ref>[http://www.historyorb.com/countries/djibouti Djibouti in History - On This Day<!-- Bot generated title -->]</ref><ref>[http://www.un.org/en/members/index.shtml#d United Nations member states]</ref>
 
နိုင်ငံအတွင်း ငါးဖမ်းလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများမှအပ အခြားလုပ်ငန်း ကြီးကြီးကျယ်ကျယ် မရှိလှချေ။ ဆားသည်အဖိုးတန်ဆုံးသော ထွက်ကုန်ဖြစ်သည်။ အီသီအိုးပီးယားနိုင်ငံမှ နိုင်ငံခြားကုန်သွယ်ရေးသည် ဂျီဗူတီဆိပ်ကမ်းမြို့မှတစ်ဆင့် ဆက်သွယ်ရလေသည်။