မယ်ညိုငှက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၆၂ -
ယေဘုယျအားဖြင့် မယ်ညိုငှက်များတွင် သားပေါက်ရာသီဟူ၍ သီးခြားမရှိပေ။ မယ်ညိုငှက် မောင်နှံတစ်စုံ အတွက် အသိုက်ဖွဲ့စည်းသည့် နေရာသည် အဓိကအားဖြင့် ရေပြင်စပ်များ၌သာ ဖြစ်ပေသည်။ အဝကျယ် ၁ ပေခန့်ရှိသည့် အသိုက်ကို ရေပြင်စပ်မှာပင် ရှိသည့် သစ်ရွက် အကိုင်းအခက်များဖြင့် ဖွဲ့စည်း တည်ဆောက်ခြင်း ဖြစ်ပါသည်။ ၎င်းတို့၏ အသိုက်မှာ ရေပြင်စပ်ရှိ ရေပေါ်တွင်သာ တည်ဆောက်ထားသလို အနီးအနားရှိ သစ်ပင်များကို လိုသလို အသုံးပြု တည်ဆောက်ထားသဖြင့် ၎င်းတို့၏ အသိုက်ကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပါသည်။ လွယ်ကူစွာ တွေ့ရခြင်းမှာလည်း ၎င်းတို့၏ အသိုက်မှာ ခွက်ကြီး ပုံသဏ္ဌာန်ကဲ့သို့ တည်ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ မယ်ညိုငှက်မသည် ဥချချိန်တွင် ၃ လုံးမှ ၆ လုံးထိ ဥအုတတ်ပါသည်။ ဥများ၏ အရောင်အဆင်းမှာ အနီရင့်ရင့်မှ လိမ္မော်ရောင်ရင့်ရင့် စသည်ဖြင့် ရှိတတ်ပါသည်။ ဥများ အကောင်ပေါက်ရန် အတွက် ရက်အားဖြင့် ၂၃ ရက်မှ ၂၇ ရက်ထိ ကြာမြင့်တတ်ပါသည်။ ဥမှအကောင် ပေါက်ဖွားရန် အတွက် မယ်ညိုငှက် မောင်နှံတို့က တစ်လှည့်စီ ဝပ်ပေးကြပါသည်။ ဥမှပေါက်ဖွားလာသည့် အကောင်ပေါက်ငယ်များသည် ၁၀ ရက်မှ ၁၄ ရက်ထိ ၎င်းတို့မိဘ နှစ်ပါး၏ ကျွေးမွေးပြုစု စောင့်ရှောက်မှုကို ခံယူပြီး ထိုရက်မှ ကျော်လွန်လျှင်တော့ ၎င်းတို့ဘာသာ ၎င်းတို့ရှာဖွေ စားသောက် တတ်ကြပါသည်။
== ထိန်းသိမ်းစောင့်ရှောက်မှု ==
မယ်ညိုငှက် မျိုးနွယ်စုများမှာ အပြည်ပြည်ဆိုင်ရာ သဘာဝသယံဇာတများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့အစည်း (IUCN) ၏ စာရင်းအရ စိုးရိမ်ဖွယ်ရာ အနည်းဆုံးအဆင့်တွင် ရှိပါသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း အချို့သော မယ်ညိုငှက် မျိုးနွယ်စုမှာ အထောက်အထားဖြင့် ဖော်ပြရန် အချက်အလက်တို့ ရှာဖွေ မတွေ့ရှိတော့ပေ။ ထိုသို့သော အခြေအနေများကြောင့် နယူးဇီလန်၊ ဩစတြေးလျ နိုင်ငံတို့တွင် မယ်ညိုငှက်များ မျိုးဆက် ပြန့်ပွားရေး အတွက် သဘာဝရေကန်ကြီး၊ လူလုပ်အင်းအိုင်ကြီးများ တိုးချဲ့ဖန်တီးပေးခြင်းဖြင့် မယ်ညိုငှက် မျိုးနွယ်စု မျိုးနွယ်ပြန့်ပွားရေး အတွက် ကာကွယ်ပေးမှုတို့ ဆောင်ရွက်လျက် ရှိပါသည်။ မြေထဲပင်လယ်ဒေသနှင့် ဆက်စပ်သည့် နိုင်ငံများတွင်မူ တောတောင်ရေမြေ ဒေသများ ပျက်စီးလျော့နည်းလာခြင်း၊ လူသားတို့၏ အမဲလိုက်ခြင်းများကြောင့် မယ်ညိုငှက်များမှာ မတွေ့ရသလောက်လည်း ဖြစ်လျက် ရှိပါသည်။ သို့သော်လည်း အာရှဒေသနှင့် အရှေ့တောင် အာရှဒေတတွင်မူ မယ်ညိုငှက်များကို အုပ်စုလိုက် တွေ့ရပြန်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အင်း၊ အိုင် ရှိသော ဒေသများတွင် မယ်ညိုငှက်များကို အုပ်စုလိုက် တွေ့ရပါသည်။ ထို့ကြောင့် မယ်ညိုငှက်များမှာ ရေကြည်ရာ၊ မြက်နုရာ ရွှေ့ပြောင်း နေလာကြမှု များကြောင့် အချို့သော တိုက်ကြီးများဒေသတွင် မတွေ့ရသလို၊ အချို့သော တိုက်ကြီးများ ဒေသတွင် လုံးဝမတွေ့ရတော့ပေ။ ထို့ကြောင့် ဇီဝမျိုး စုံလင်သည့် ကျေးငှက် တိရစ္ဆာန်များ ရေရှည်တည်တံ့ စေရေးနှင့် မျိုးဆက်ပြန့်ပွားမှုတို့ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ရည်ညွှန်းလျက် ရှိသည်။ <ref>[http://www.yatanarpon.com.mm/cp/myawaddy/article-49307 မယ္ညိဳငွက္ (Purple Swamphen) | Yatanarpon<!-- Bot generated title -->]</ref>