မွတ်စလင်မ်: တည်းဖြတ်မှု မူကွဲများ

removed accidental button hit
စာကြောင်း ၁၅ -
==အာရပ်မွတ်စလင်တို့၏ အမျိုးသားရေးနှင့် နယ်ပယ်ချဲဲ့ထွင်မှုများ==
[[Image:Msle.png|thumb|အာရဗ်မူဆလင်တို့၏ နယ်ပယ်ချဲ့ထွင်မှုပြမြေပုံ]]
မိုဟာမက်ကိုဘာသာရေးသာမက နိုင်ငံရေး၊အမျိုးသားရေးနှင့် လူမှုရေးတို့တွင်လည်း ဦးဆောင်သူအဖြစ် သတ်မှတ်နိုင်သည်။အစုစုကွဲပြားနေသည့် [[အာရပ်]]မျိုးနွယ်စုတို့ကို ဘာသာရေးဦးဆောင်မှုဖြင့် စုစည်းပေးနိုင်ပြီး မိမိထက်အင်အားခြင်း မယှဉ်နိုင်အောင်များပြားကျယ်ပြန့်သည့် အရှေ့ဖက်မှ ဆက်စနစ်(Sassanids)တို့၏ ပါရှန်းအင်ပါယာသစ်(NeoMedo-parsianPersian Empire) နှင့် အနောက်ဖက်မှ [[အရှေ့ရောမအင်ပါယာ]](ခေါ်)ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine Empire)တို့ကို အနိုင်ယူပြီး အယူဝါဒအသစ်ကို ပြန့်ပွားရန်အတွက် လမ်းခင်းပေးခဲ့သည်။ကိန်းဂဏန်း၊လူဦးရေ အရနှိုင်းယှဉ်လျှင် အာရပ်နှင့် ထိုအင်ပါယာကြီးနှစ်ခုကြားတွင် အလွန့်အလွန်ကွာခြားသည်ဟုဆိုရမည်ဖြစ်သော်လည်း ဘာသာရေးယုံကြည်ချက်ဖြင့် နှိုးဆွထားသည့် အာရပ်တို့အတွက်မူ ထိုကွာခြားမှုတို့ကို မမှုတော့ပေ။
 
မိုဟာမက်နောက်ဆက်ခံသည့် အဘူဗကရ်နှင့် [[အုမရ်အိဗနေ အယ်လ် ခတ်တဗ်]](Umar ibn al-khattab)တို့လက်ထက်များတွင် အာရှမှ အာရပ်တို့ဦးဆောင်သည့် မွတ်စလင်တို့၏ ဘာသာရေးလှုပ်ရှားမှုတစ်ဖြစ်လဲ နယ်ပယ်ချဲ့ထွင်မှုသည် အလွန်သွက်လက်မြန်ဆန်သည်ဟုဆိုရမည်ဖြစ်သည်။အချိန်တိုအတွင်း မက်ဆိုပိုတေးမီးယား(Metsopoyamia)၊ဆီးရီးယားနှင့် ပါလက်စတိုင်းဒေသများကို သိမ်းသွင်းပြီး အယူဝါဒသစ်ကို ပြန့်ပွားရန် အားထုတ်ကြသည်။ ၆၄၂တွင် အီဂျစ်ကို ဘိုင်ဇန်တိုင်းအင်ပါယာ လက်မှဖဲ့ယူပြီး အရှေ့ဖက်မှ ပါရှတပ်များကို ဒီစီယားစစ်ပွဲ(၆၃၇) နှင့် နေဟာဗင်စစ်ပွဲ(၆၄၂)များတွင် အပြီးသတ် အောင်နိုင်သည်။[[ဂျီဘရော်တာရေလက်ကြား]]ကိုဖြတ်ကာ ဥရောပကုန်းမြေရှိစပိန်နိုင်ငံထိ သိမ်းယူနိုင်သည်အထိအင်အားကြီးခဲ့သည်။ဥရောပရှိ မူလ ခရစ်ယာန်နိုင်ငံများအားလုံး မူဆလင်တို့၏ သိမ်းသွင်းမှုခံရတော့မည့် အနေအထားသို့ ခြိမ်းခြောက်လာသည့်တိုင် ပြင်းထန်လှပေသည်။သို့သော် ရ၃၂ ခု၊ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် တိုက်ခိုက်သည့် နာမည်ကျော် တိုး(Tours) စစ်ပွဲတွင် မွတ်စလင်တို့ ရှုံးနှိမ့်ပြီးမှသာ ထိုချဲ့ထွင်မှုရပ်တန့်တော့သည်။ စပိန်အနေဖြင့် နောင် အနှစ် ရ၀၀ကျော်ရုန်းကန်ပြီးမှသာ မွတ််စလင်တို့လက်အောက်မှ လွတ်ထွက်ပြီး ခရစ်ယာန်နိုင်ငံအဖြစ် ပီပီပြင်ပြင်ပြန်လည်ရပ်တည်နိုင်သည်။ထို့အတူ အာဖရိကမြောက်ပိုင်းဒေသများလည်း ဆက်တိုက်ပင် အာရပ်တို့လက်အောက်မှလွတ်မြောက်သည် ဟုဆိုနိုင်သော်လည်း အာရပ်ယဉ်ကျေးမှုနှင့် အစ္စလာမ်ဘာသာ နှစ်မျိုးလုံးကိုပင် ဆက်လက်ပြီး လက်ခံကျင့်သုံးမြဲ၊ကျင့်သုံးဆဲပင်ဖြစ်သည်။