ဒစ်ဂျစ်တယ် စာကြည့်တိုက်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
'''ဒစ်ဂျစ်တယ် စာကြည့်တိုက်''' ဆိုသည်မှာ စာရွက်စာတမ်းများ၊ ရုပ်ပုံများ၊ အသံများ၊ ဗွီဒီယိုများ နှင့်အခြား ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲထားသည့် အရာများအားလုံးပါဝင်သည်။ ပုံနှိပ်စာမူများ၊ ဓါတ်ပုံများကို ဒစ်ဂျစ်တယ်ပုံစံပြောင်းထားသည့်အရာများပါဝင်သလို ကွန်ပျူတာဖြင့်ရိုက်နှိပ်ထားသည့် စာများ၊ ဆိုရှယ်မီဒီယာတွင်ရေးသားထားသည့် စာများလည်း ပါဝင်သည်။ ထိုအရာများကို သိမ်းဆည်းသည့်အလုပ်အပြင် ဒစ်ဂျစ်တယ်စာကြည့်တိုက်သည် ထိုအရာများကို စုစည်းပေးထားခြင်း၊ ရှာဖွေပေးခြင်း၊ ရယူပေးခြင်းများလည်း ပြုလုပ်ပေးသည်။
ဒစ်ဂျစ်တယ်စာကြည့်တိုက်မှာ အရွယ်အစားနှင့် ပါဝင်သည့်အရာများ အမျိုးစုံရှိနိုင်သည်။ ၎င်းစာကြည့်တိုက်ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းများမှဖြစ်စေ စောင့်ကြပ်လုပ်ဆောင်ပေးသည်။
== သမိုင်းကြောင်း ==
အစောပိုင်းစာကြည့်တိုက်များမှာ သေသေချာချာလုပ်ဆောင်ထားခြင်းမရှိသော်လည်း ထိုအယူအဆပေါ်မူတည်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။
အစောပိုင်းတွင် Paul Otlet and Henri La Fontaine တို့ပါဝင်ပြီး ၁၈၉၅ ခုနှစ်မှစတင်၍ ကမ္ဘာလုံးဆိုင်ရာ အသိပညာများကို စနစ်တကျစုဆောင်း၍ စီမံထိန်းသိမ်းထားမည်ဆိုပါက ကမ္ဘာ့ငြိမ်းချမ်းမှုကို ယူဆောင်နိုင်မည်ဟုမျှော်လင့်ခဲ့ကြသည်။
ကွန်ပျူတာများနှင့် ကွန်ယက်ချိတ်ဆက်အသုံးပြုနိုင်သည့် စနစ်ကို တီထွင်လိုသည်။ သို့မှသာ လူတို့လိုအပ်ချက်နှင့် အကြံပေးချက်များကို စက်မှ အလိုအလျေျာက်အကြံညဏ်ပေးနိုင်ရန်ဖြစ်သည်။ ထိုစနစ်တွင် ၃ ပိုင်းပါဝင်သည်။ အသိညဏ်အစိတ်အပိုင်း၊ မေးခွန်း၊ အဖြေတို့ဖြစ်သည်။ ကြိုတင်သိမြင်တတ်သည့်စနစ် ဟုခေါ်ခဲ့သည်။
အီလက်ထရောနစ်ကဒ်ဖြင့် ကတ်တလောက် လုပ်ဆောင်ခြင်း OPAC (Online Public Access Catalog) ကို တီထွင်ခဲ့သည်။
၁၉၈၀ နောက်ပိုင်းတွင် OPAC အောင်မြင်မှုရလာပြီး အများပြည်သူသုံးစာကြည့်တိုက်နှင့် အထူးစာကြည့်တိုက်များတွင် သမားရိုးကျ ကဒ်စနစ်အစား OPAC ကိုသုံးလာကြသည်။ Tစာကြည့်တိုက်တစ်ခုချင်းတွင် ရှိသည့်အရာများထက် ပိုမိုသည့် စာအုပ်စာတမ်းများနှင့်အချက်အလက်များကို စာကြည့်တိုက်များအချင်းချင်းဖလှယ်လာနိုင်သည့်အတွက် အကျိုးကျေးဇူးများရရှိလာသည်။
ဥပမာအားဖြင့် ဒစ်ဂျစ်တယ်စာကြည့်တိုက်၏အစတွင် ပညာရပ်ဆိုင်ရာအချက်အလက်များစင်တာ (Education Resources Information Center- ERIC) ပါသည်။ ၎င်းကို ၁၉၆၄ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ပညာဆိုင်ရာကိုးကားထားချက်များ၊ နိဒါန်းအကျဉ်းချုပ်များကို သိမ်းဆည်းထားသည့် ဒေတာဘေ့စ်ဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် DIALOG မှတဆင့် အင်တာနက်သို့လွှတ်တင်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် အမေရိကန် ဖက်ဒရယ်အစိုးရမှ တက္ကသိုလ် ၆ခုတွင် ဒေါ်လာ ၂၄.၄ သန်း ကူညီထောက်ပံ့ပေးခဲ့သဖြင့် ဒီဂျစ်တယ်စာကြည့်တိုက်များ ရေပန်းစားလာသည်။<ref>{{Cite book|last=Besser|first=Howard|date=2004|chapter=The Past, Present, and Future of Digital Libraries|url=http://www.digitalhumanities.org/companion/view?docId=blackwell/9781405103213/9781405103213.xml&chunk.id=ss1-5-6|title=A Companion to Digital Humanities|language=English|publisher=Blackwell Publishing Ltd|pages=557-575|doi=10.1002/9780470999875.ch36|isbn=9781405103213|accessdate=30 April 2018}}</ref>
ဒစ်ဂျစ်တယ်စာကြည့်တိုက်ဖြစ်ရန် အစောပိုင်းဖန်တီးမှုများတွင် DELOS Digital Library Reference Model နှင့် 5S Framework တို့ပါဝင်သည်။<ref>{{Cite journal|last=Gonçalves|first=Marcos André|date=2004|title=Streams, structures, spaces, scenarios, societies (5s): A formal model for digital libraries|journal=ACM Transactions on Information Systems (TOIS)|volume=22|issue=2|pages=270-312|doi=10.1145/984321.984325|accessdate=1 May 2018}}</ref><ref>{{Cite journal|last=Isah|first=Abdulmumin|date=2013|title=Digital Libraries: Analysis of Delos Reference Model and 5S Theory|journal=Journal of Information Science Theory and Practice|volume=1|issue=4|pages=38-47|doi=10.1633/JISTaP.2013.1.4.3|accessdate=1 May 2018}}</ref>
== နည်းပညာအသုံးအနှုန်းများ ==
ဒစ်ဂျစ်တယ်စာကြည့်တိုက်ဟူသော နည်းပညာစကားလုံးမှာ ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့သည့် NSF/DARPA/NASA Digital Libraries Initiative မှ ပထမဆုံးရေပန်းစားလာခဲ့သည်။<ref>{{Cite journal|last=Fox|first=Edward A.|date=1999|url=http://www.asis.org/Bulletin/Oct-99/fox.html|title=The Digital Libraries Initiative: Update and Discussion|journal=Bulletin of the American Society for Information Science|volume=26|issue=1|issn=2373-9223|accessdate=30 April 2018}}</ref> Vannevar Bush ၏ ၁၉၄၅ ခုနှစ်ထုတ် As We May Think အက်ဆေးတွင် နည်းပညာသာမက သုံးစွဲမှုပေါ်တွင်လည်း ဦးတည်ကြောင်း ရေးသားထားသည်။Tvirtual စာကြည့်တိုက်ကို ဒစ်ဂျစ်တယ်စာကြည့်တိုက်ဟုလည်း ခေါ်ကြသည်။ ခုနောက်ပိုင်းတွင် အခြားနည်းလမ်းဖြင့် အသုံးပြုသည့်စာကြည့်တိုက်များကို virtual library ဟုပိုခေါ်သည်။ (ဥပမာအားဖြင့် အချက်အလက်များကို ဖြန့်ဖြူးပေးသည့်စာကြည့်တိုက်များ).
ဒစ်ဂျစ်တယ်စာကြည့်တိုက်ခေတ်ဦးတွင် ဒစ်ဂျစ်တယ်၊ virtual နှင့် electronic ဆိုသည့်စာလုံးများ၏ တူညီမှုနှင့် မတူညီမှုများကို ဆွေးနွေးခဲ့ကြသည်။
သိသာထင်ရှားသော ကွဲပြားချက်များတွင် ဒစ်ဂျစ်တယ်ပုံစံသို့ မည်သို့ ဖန်တီးထားသလဲဆိုသည့်ပေါ်မူတည်သည်။ မူလတည်းက ဒစ်ဂျစ်တယ်ပုံစံဖြစ်ပြီးသားနှင့် မူလကစာရွက်ကို ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲခြင်းတို့ကွာခြားပုံမျိုးဖြစ်သည်။
အချို့ အရေးပါသောဒစ်ဂျစ်တယ်စာကြည့်တိုက်များသည် ရေရှည်ထိန်းသိမ်းသည့်အရာများအဖြစ် (ဥပမာ - axXir, Internet Archive) တည်ရှိကြသည်။ အမေရိကဒစ်ဂျစ်တယ်ပြည်သူ့စာကြည့်တိုက်များသည် အင်တာနက်မှတဆင့် အဖွဲ့အစည်းပေါင်းများစွာ၏ ဒစ်ဂျစ်တယ်သတင်းအချက်အလက်များကို ရယူနိုင်သည်။
== ဒစ်ဂျစ်တယ်စာကြည့်တိုက်အမျိုးအစားများ ==
=== တက္ကသိုလ်အဖွဲ့အစည်းများပိုင် စာကြည့်တိုက် ===
တက္ကသိုလ်စာကြည့်တိုက်အများစုသည် တက္ကသိုလ်အဖွဲ့အစည်းရှိ စာအုပ်များ၊ စာတမ်းများ၊ သုတေသနစာတမ်းများနှင့် အခြားအချက်အလက်များကို ဒစ်ဂျစ်တယ်ပုံစံပြုလုပ်ထားပြီး ထားရှိသလို၊ မူလထဲက ဒစ်ဂျစ်တယ်ပုံစံဖြင့်ပြုလုပ်ထားသောအချက်အလက်များကို ထားရှိသည်။ထိုစုဆောင်းထိန်းသိမ်းမှုများကို အများပြည်သူများ လွတ်လပ်စွာရယူနိုင်ရန် အနည်းငယ်သောထိန်းချုပ်မှုများထားရှိပြီး ရယူခွင့်ပေးသည်။ အချို့ ငွေကြေးရယူသော သုတေသနဂျာနယ်များတွင်မူ ဖတ်ရှုနိုင်ခွင့်ကို အနည်းငယ်သာပေးထားသည်။ရေပန်းစားသည့် open source များတွင် ။DSpace, EPrints, Digital Commons, and Fedora Commons-based systems Islandora and Samvera တို့ပါသည်
=== ဒစ်ဂျစ်တယ် စုဆောင်းထိန်းသိမ်းမှုများ ===
|