ဆစ်ဒနီမြို့: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၄၅ -
| rainfall = 1214.8
}}
'''ဆစ်ဒနီမြို့'''သည် ဩစတြေးလီးယားတိုက် နယူဆောက်သဝေးပြည်နယ်၏နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်၏ မြို့တော်ဖြစ် သည်။ မြို့ပတ်ဝန်းကျင်တွင် ဥယျာဉ်ပန်းမာလ်များဖြင့် ခြံရံလျက်၊ မြို့တွင်း၌ ခမ်းနားကြီးကျယ်တင့်တယ်သည့် အဆောက်အအုံကြီးများရှိသဖြင့် အလွန်သာယာသော မြို့တစ်မြို့ဖြစ်၏။ ဩစတြေးလျနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးမြို့ ဖြစ်ပြီး ၂၀၀၆ ခုနှစ် စာရင်းဇယားအရ လူဦးရေ ၄.၂၈ သန်းရှိသည်။ ဆစ်ဒနီမြို့သည် ဩစတြေးလျနိုင်ငံ၏ အရှေ့တောင်ဘက် တက်စမန် ပင်လယ်၏ ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဆစ်ဒနီမြို့တွင် နေထိုင်သူများကို ဆစ်ဒနီဆိုက်ဒါ (Sydneysiders) ဟု ခေါ်ကြပြီး ဩစတြေးလျ လူမျိုးများသာ မကဘဲ ကမ္ဘာအရပ်ရပ်မှ လူအများအပြား ပါဝင်ကြသည်။
 
ဆစ်ဒနီသည် ဩစတြေးလျရှိ ပထမဆုံး ဗြိတိသျှ [[ကိုလိုနီ]]ဒေသဖြစ်ပြီး ၁၇၈၈ တွင် ဆစ်ဒနီပင်လယ်အော် တွင် ပထမဆုံး ရောက်ရှိလာသည့် သင်္ဘောအစုအဝေး၏ ခေါင်းဆောင်ဖြစ်သည် အာသာ ဖီးလစ်က တည်ထောင်ခဲ့သည်။ မြို့ကို ပို့တ်ဂျက်ဆန် ပတ်လည်ရှိ တောင်များပေါ်တွင် တည်ဆောက်ကြသည်။ ထိုနေရာကို ဆစ်ဒနီ ဟာဘာ ဟု အများသိကြပြီး ဆစ်ဒနီ အော်ပရာ ဇာတ်ရုံ နှင့် ဟာဘာတံတား တို့သည် ထင်ရှားသော အမှတ်အသားများ ဖြစ်ကြသည်။