အရှင်နာဂသေန: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး →‎ရှင်ပြခြင်း
စာကြောင်း ၄၄ -
ထိုသို့ နှလုံးမသာမယာ ဖြစ်နေသည်ကို အသျှင်ရောဟဏသည် စိတ်အကြံဖြင့် သိလေ၏။ ထို့နောက် နာဂသေန၏ အိမ်တံခါးမုဒ်တွင် ရပ်နေ၏။ နာဂသေနသည် မထေရ်ကို မြင်သောအခါ “အသျှင်သည် ဦးပြည်းလျက် ဖန်ရည်ဆိုးအဝတ်၏။ အဘယ်လူမျိုး ဖြစ်သနည်း” ဟု မေး၏။ ထိုအခါ အသျှင်ရောဟဏသည် အကုသိုလ်အညစ်ကြေးတို့ကို နှင့်ထုတ်သောကြောင့် ရဟန်းဖြစ်၏ဟု အစရှိသဖြင့် ပြောလေ၏။ ထို့နောက် နာဂသေနသူငယ်သည် အသျှင်ရောဟဏအား အိမ်ထဲသို့ ပင့်ဆောင်ကာ ဆွမ်းလုပ်ကျွေး၏။ ထို့နောက် အသျှင်ရောဟဏအား မန္တန်တို့ကို သင်ကြားပေးရန် တောင်းဆို၏။ အသျှင်ရောဟဏသည် အမိအဖတို့က ခွင်ပြုကာ ရဟန်းအသွင်ကို ယူသောအခါ၌ သင်ကြားပေးမည်ဟု မိန့်တော်မူ၏။<ref name="မိလိန္ဒပဉှာ"/>
 
===ရှင်သာမဏေပြုခြင်း===
===ရှင်ပြခြင်း===
ထိုအခါ နာဂသေနသူငယ်သည် မိဘတို့အား မန္တန်များကို သင်ကြားရန် ရဟန်းပြုခွင့် တောင်း၏။ မိဘတို့သည် “သင်ယူရန် ခွင့်ပြု၏၊ သင်ယူပြီးပါက တစ်ဖန်ပြန်လာလိမ့်မည်” ဟု ထင်မှတ်ကာ ခွင့်ပြု၏။ ထိုအခါ အသျှင်ရောဟဏသည် နာဂသေနသူငယ်ကို ဝိဇမ္ဘဝတ္ထုကျောင်းတိုက်၊ ဝတ္တနိယကျောင်းသို့ ခေါ်ဆောင်သွား၏။ တစ်ညဉ့်နေပြီးနောက် ရက္ခိတကုန်းပြင်တွင် ရဟန်းများစွာတို့၏ အလယ်၌ နာဂသေနသူငယ်ကို ရှင်ပြုပေး၏။ ထို့နောက် အသျှင်နာဂသေသည် အဘိဓမ္မာ (၇) ကျမ်းကို ခုနစ်လအတွင်း အကျယ်သင်ယူပြီးမြောက်၏။<ref name="မိလိန္ဒပဉှာ"/>