အယ်လဗတ် ရွိုက်ဇာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
[[File:Bundesarchiv Bild 183-D0116-0041-019, Albert Schweitzer.jpg|thumb|ဒေါက်တာ အယ်လဗတ် ရွိုက်ဇာ]]
'''အယ်လဗတ် ရွိုက်ဇာ'''(ခရစ် ၁၈၇၅-၁၉၆၅) သည် ပြင်သစ်-ဂျာမန်နွယ်ဖွား စာပေပညာရှင်၊ ဂီတပညာရှင်၊ သမားတော်၊ သာသနာပြု၊ ရုက္ခဗေဒပညာရှင်၊ ဗိသုကာ ဖြစ်သည်။
'''အယ်လဗတ် ရွိုက်ဇာ'''(ခရစ် ၁၈၇၅-၁၉၆၅)ကို ကျမ်းကြီး ကျမ်းခိုင်များအား ပြုစုရေးသားသူအား စာပေပညာရှင်ဟု ခေါ်ကြသည်။ တူရိယာဂီတစ်ဖက်၌ ကျွမ်းကျင်ပြောင်မြောက်သူကို ဂီတပညာရှင်ဟု ခေါ်ကြသည်။ ရောဂါဝေဒနာသည်များအား ဆေးဝါးကုသပေးသူကို သမားဟု ခေါ်ကြသည်။ သာသနာပြန့်ပွားရေး ဆောင်ရွက်သူကို သာသနာပြုဟု ခေါ်ကြသည်။ သစ်ပင်ပန်းပင်အကြောင်း တတ်သိနားလည်သူကို ရုက္ခဗေဒပညာရှင်ဟု ခေါ်ကြသည်။ အဆောက်အအုံများ
ဆောက်လုပ်ရေး၌ ကျွမ်းကျင်နားလည်သူကို ဗိသုကာဟု ခေါ်ကြသည်။သို့သော် အဆိုပါလုပ်ငန်းများကို လူတစ်ဦးတစ်ယောက်တည်းက အစုံ လုပ်ကိုင်ဆောင်ရွက်နေသောအခါ ထိုပုဂ္ဂိုလ်ကို အတတ်ပညာဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ ဂုဏ်ထူး ဝိသေသဖြင့် ခွဲခြားခေါ်ရန် ခဲယဉ်းနေသည့်အပြင် ဖော်ပြပါလုပ်ငန်းများကိုလည်း တီးမိ ခေါက်မိရုံမျှသာမဟုတ်၊ ပေါက်မြောက်ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သူလည်း ဖြစ်ဘိမူကား ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် လူအသိန်းအသန်း၌ပင် တစ်ယောက် ပေါ်ထွန်းနိုင်ခဲလှသည်။ ထို ရှာမှရှား ပုဂ္ဂိုလ်ထူးမျိုးထဲတွင် ဒေါက်တာအယ်လဗတ်ရွှိုက်ဇာသည် တစ်ဦး အပါအဝင် ဖြစ်သည်။
 
ဒေါက်တာ အယ်လဗတ်ရွှိုက်ဇာသည် အထက်ဖော်ပြပါလုပ်ငန်းများအပြင် တိရစ္ဆာန်ဆေးကုပညာ၊ သွားစိုက်ပညာ၊ ပုံဆွဲပညာ စသည်ဖြင့် တတ်မြောက်ကျွမ်းကျင်သည်။ ယင်းသို့ လုပ်ငန်းမျိုးစုံ၌ ကျွမ်းကျင် တတ်မြောက်အောင် လေ့လာဆည်းပူးထားခြင်းမှာ သူ၏ လူမှုအကျိုးပြုလုပ်ငန်းကြီး အကောင်အထည်ဖော်ရာ၌ အသုံးချရန် ဖြစ်လေသည်။ ထိုကြောင့် ဒေါက်တာရွှိုက်ဇာသည် မိမိတတ်မြောက်ကျွမ်းကျင်သော အတတ်ပညာများကို အသုံးချရာ၌ အများနှင့် မတူ၊ တစ်မူကွဲသည်။ ကျမ်းကြီး ကျမ်းခိုင်များကို ရေးသားပြုစု သဖြင့်၎င်း၊ [[ဥရောပ]]နိုင်ငံများသို့ လှည့်၍ အော်ဂန်(ပြွန်စန္ဒရား) တီးပြသဖြင့်၎င်း၊ ဟောပြောပွဲများ ကျင်းပခြင်းဖြင့်၎င်း ငွေကြေး အများအပြား ရရှိသည်။ သို့သော် ထိုငွေများကို ဒေါက်တာ ရွှိုက်ဇာသည် မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် မသုံးချေ။ သူ၏ အတတ်ပညာများဖြင့် ကြိုးပမ်းတကုတ် ရှာ၍ရရှိသော ငွေများ